CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈

ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်အတွင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ထိန်းချုပ် ထားသော ဒေသတွင် စစ်သင်တန်းတက်နေသူများကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က မတ်လ ၂၈ ရက်၌ သွားရောက် တွေ့ဆုံခဲ့သည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးယွက်စစ်က NCA ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထား သော 7 EAO Alliance မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ စစ်သင်တန်းတက်နေသူများကို တွေ့ရစဉ်

အဆိုပါ 7 EAO Alliance တွင် RCSS၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုး ပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့ ပါဝင်ကြသည်။