CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း၍ ရခိုင်တစ်ပြည်နယ်လုံး အပါအဝင် မြန်မာနိုင်ငံအတွင်း မေလ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်သွားခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ကြောင့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအ ညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို ကရုဏာမစ်ရှင် အစီအစဉ်ဖြင့် အိန္ဒိယအစိုး ရသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vinay Kumar မှတဆင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းထံ မေလ ၁၈ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများဖြစ်သော အရေးပေါ် အစားအစာ၊ မိုးကာတဲများ၊ ရွှေ့ပြောင်းရလယ် သော မီးစက်များ၊ အဝတ်အထည်များ၊ ရေစုပ်စက်များ၊ ဆေးဝါးများ၊ တာပေါ်လင်စများ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်းများ၊ ဘီးတပ် ထိုင်ခုံများနှင့် နှာခေါင်းစီး အပါအဝင် စုစုပေါင်း တန်ချိန် ၄၀ ကို အိန္ဒိယရေတပ် သင်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့ တင်ဆောင်လာခဲ့ပြီး မေလ ၁၈ ရက် တွင် ရန်ကုန်မြို့မှာ ဆိုက်ကပ်ခဲ့သည်။

ထို့နောက် အရေးပေါ် ဆေးဝါးများနှင့် ဆေးသေတ္တာများကို အိန္ဒိယရေတပ်သင်္ဘောဖြစ်သည့် INS Gharial က မေလ ၁၉ ရက်နေ့တွင် တင်ဆောင်လာမည်ဖြစ်သည်။

ထိုပစ္စည်းများအားလုံးကို ရခိုင်ပြည်နယ်သို့ ချက်ခြင်းပေးပို့မည်ဖြစ်ပြီး မုန်တိုင်းဒဏ် ထိခိုက်ခံစားရသည့် လူမှု အသိုင်းအဝန်းများကို ဖြန့်ဖြူးပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ် အပါအဝင် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်၊ ဟားခါးမြို့နယ်။ မတူပီမြို့နယ်၊ တီးတိန်မြို့နယ်တို့ကို သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် နစက-က သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် မုန်တိုင်းဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပြည်တွင်း အလှူရှင်များက ကျပ်သိန်းပေါင်း ၁ သိန်းကျော် လှူဒါန်းခဲ့ရာ ရခိုင်ပြည်နယ်သို့ ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ပေးခဲ့သည်။