CNI International News

အင်ဖာလ်၊ ဧပြီ - ၂၆

အိန္ဒိယ အစိုးရကို တော်လှန်နေသည့် မတရားအသင်းဟု သတ်မှတ်ခံထားရသော ကသည်းသူပုန်(Kanglei Yaol Kan-na Lup/KYKL) အဖွဲ့သည် အဖွဲ့အစည်း တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားကို အင်္ဂါနေ့တွင် ကျင်းပ ခဲ့သည်ဟု NORTHEAST NOW သတင်းက ဖော်ပြသည်။

နှစ်စဉ် ကျင်းပနေကျအတိုင်း အခမ်းအနားကို အဖွဲ့၏ ဗဟိုဌာနချုပ် (CHQ) တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနား သို့ Kangleipak (Manipur) နှင့် အတွင်းအပြင်တို့မှ တပ်ရင်းများ၊ ယူနစ်များနှင့် ဌာနစိတ်များ ပါဝင် တက်ရောက် ခဲ့သည်ဟု အဖွဲ့၏ ပြည်သူ့ဆက်ဆံရေးနှင့် သုတေသနဝန်ကြီးက ကြေညာချက် တစ်စောင် ထုတ်ပြန်ပြောကြား ခဲ့သည်။

ထိုအခမ်းအနားသို့ အရေးပါသော ခေါင်းဆောင်များစွာလည်း တက်ရောက်ခဲ့သည်။

 မဏိပူရ်ပြည်နယ် တက္ကသိုလ်ကိုတွေ့ရစဉ်

အခမ်းအနားတွင် ပါတီအလံအား လွှင့်ထူခြင်း၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း အသက်ပေးခဲ့ရသည့် တော်လှန်ရေး ရဲဘော်များကို ဂါရဝပြုခြင်းတို့အပြင် ပါတီဥက္ကဋ္ဌထံမှ သတင်းစကားကို ဖတ်ကြားခြင်းတို့ လုပ် ဆောင်ခဲ့သည်။
ခေါင်းဆောင်အများစုက လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိဘဲ နေထိုင်ရသူ တစ်ဦးထက်စာလျှင် ပြုလုပ်သူ တစ်ဦးအဖြစ် ရှင်သန်ရခြင်း၏ အရေးကြီးမှုကို အလေးအနက်အထား ပြောဆိုခဲ့သည်။

ထိုစကားသည် တစ်စုံတစ်ဦး၏ စရိုက်လက္ခဏာကို ကာကွယ်ပေးသည့် စစ်မှန်သော ဖြစ်တည်မှုရှိရန် လိုအပ်ကြောင်း ဥက္ကဋ္ဌ၏ ပြောစကားနှင့်လည်း တူညီနေသည်။

ဥက္ကဋ္ဌ၏ ပြောဆိုမှုသည် စီးပွားရေးအရ တွက်ခြေကိုက်မှုနှင့် နိုင်ငံတစ်ခု၏ ကျဆုံးခြင်းတို့အကြား ဆက်စပ်မှုကို ရှင်းလင်းပြသမှု ဖြစ်သည်ဟုလည်း ခေါင်းဆောင်အများစုက အလေးထား ဖော်ပြခဲ့သည်။

ဥက္ကဋ္ဌ၏ ထုတ်ပြချက်ကို ဖတ်ရှုပြီးနောက် ခိုင်မာသော စရိုက်လက္ခဏာရှိသည့် လူ့အဖွဲ့အစည်း တစ်ခုသည် ယင်း၏ စုပေါင်း သတိရှိမှုကို မြှင့်တင်နိုင်သည်ဟု အဖွဲ့၏ အရေးပါသော ခေါင်းဆောင်များက စူးစမ်းမိကြသည်။

KYKL တပ်ဖွဲ့ကိုတွေ့ရစဉ်

လူသားတစ်ဦးအဖြစ် ဆက်လက် ရှင်သန်ရန် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်ခြင်းကြောင့် အိန္ဒိယ၏ ကိုလိုနီဝါဒကို ဆက်လက် တော်လှန်ရန်လည်း ဥက္ကဋ္ဌက သတိပေးသည်။

KYKL အဖွဲ့ တည်ထောင်ခြင်း ၂၉ နှစ်ပြည့် နေ့၏ အဓိကအချက်များမှာ တော်လှန်လေး မီးတောက်အား ဆက်လက် အဓွန့်ရှည်စေရန်၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကို မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားရန် နှင့် အမျိုးသား စရိုက်လက္ခဏာကို ဆက်လက် ကာကွယ်သွားရန် ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူများ အပါအဝင် အရှေ့မြောက်အိန္ဒိယ၊ ဘူတန်၊ မြောက်ဘင်္ဂလား၊ မြန်မာ အပါအဝင် WESEA ဒေသရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ အရပ်ဘက် ခေါင်းဆောင်များ၊ ပညာတတ်များနှင့် မီဒီယာများဖြင့် တော်လှန်ရေး တွေ့ဆုံမှုကို တိုးချဲ့ခြင်းဖြင့် KYKL ခေါင်းဆောင် N Oken က WESEA ဒေသရှိ တော်လှန်ရေးလှုပ်ရှားမှုသည် ဖြစ်တည်မှု ဝါဒဆိုင်ရာ ပြသာနာတစ်ခုဖြစ်လာပြီး လက်ရှိတွင် ပို၍ နက်ရှိုင်းလာ သည်ဟု ပြောသည်။

KYKL သည် အချုပ်အခြာအာဏာပိုင် မဏိပူရဒေသကို ရရှိရေး တောင်းဆိုထားသည်။ လွတ်လပ်သော မဏိပူရပြည်နယ်သည် ၁၉၄၉ ခုနှစ်တွင် အိန္ဒိယယူနီယံနှင့် ပေါင်းစည်းခဲ့သည်။

Source: NORTHEAST NOW