CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ-နည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ရက်ပေါင်း ၆၀ အတွင်း ပါတီများ ပြန်လည်၍ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများသည် ပျက်ပြယ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယနေ့ (မတ်လ ၂၈ ရက်)တွင် သတ်မှတ်ကာလ ပြည့်သွားပြီးဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရှု်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း UEC က ထုတ်ပြန်ကြေညာခဲ့သည်။