CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈

သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့နှင့် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေး လျက်ရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၉ ရက်နေ့တွင် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

NCA-S EAO (၇)ဖွဲ့က “ အစည်းအဝေး၌ NCA-S EAO (၇)ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အနေဖြင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဖက်ဒရယ်အခြေခံမူများ စသည့်အကြောင်းအရာများကို ပထမနေ့တွင် ဆွေးနွေးခဲ့ကြသည်”ဟု ထုတ်ပြန်ခဲ့သည်။

  ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က NSPNC နဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက်လာတဲ့  NCA-S EAO(၇)ဖွဲ့

NSPNC နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ NCA-S EAO (၇)ဖွဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း(RCSS)၊ ဒုအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် စောမြရာဇာလင်း(ALP)နှင့် နိုင်အောင်မငေး (NMSP)၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးစောကျော်သန်းဋ္ဌေး(DKBA)၊ ဗိုလ်မှူးကြီးစောကျော်ညွန့်(KNU/K NLA-PC)၊ ကျာဖူး(LDU)၊ ဗိုလ်မှူးခွန်မင်းသိန်း(PNLO)နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅)ဦး တက် ရောက်ခဲ့ကြသည်။

အလားတူ NSPNC ဘက်ကတော့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ် ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် အထောက်အကူပြု အဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။