CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၃

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ထိုင်းနဲ့ မြန်မာ အသင်းတို့ပွဲမှာ ထိုင်းအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ထိုင်းအသင်းကပဲ အသာစီးနဲ့ ကစားပြီး မြန်မာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအသင်းအတွက် ဂိုးကို ပထမဂိုးကို ပွဲချိန် ၄၇ မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းကပဲ ဘောလုံးအသာစီးနဲ့ မြန်မာအသင်းဘက်ကို ထိုးဖောက်ခဲ့တာပါ။

မြန်မာအသင်းက ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိတဲ့အထိ ထိုင်းအသင်းရဲ့ ဖိကစားခြင်းကို ခံခဲ့ရပြီး ပွဲချိန် ၈၅ မိနစ် မှာ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။

မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၇ မိနစ်မှာ ထိုင်းအသင်းက တတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

အဲဒါကြောင့် ထိုင်းအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ မြန်မာအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ တတိယနေရာ လုပွဲအဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။