CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၄

မကြာသေးခင်က ပွဲစဉ်တွေမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာကို ပွဲထွက် လူစာရင်းကနေ ချန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ဒီဂီယာက သေချာပေါက် ကစားမှာ၊ သူ့ကို ပွဲထွက် လူစာရင်းကနေ ချန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးပါဘူး။ စာချုပ်နဲ့ ပတ်သက်ပြီး ဒါတွေက အကြောင်းပြချက်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီဂီယာက အတွေ့အကြုံရှိတဲ့ သူမို့ပါ။ ထိပ်တန်း ကစားသမားတစ်ဦး အနေနဲ့ ခင်ဗျားမှာ ဒီလို အခြေအနေတွေ ရှိနေတယ်ဆိုရင် ခင်ဗျား လက်ခံရမှာပါပဲ။ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ တောင်းဆိုချက်တွေကို ခင်ဗျားလုပ်ဆောင် ရမယ်”လို့ ပြောခဲ့တာပါ။

ဒီဂီယာဟာ ဒီရာသီမှာ သူ့ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းဟာ အရေးပါတဲ့ အမှတ်တွေ ဆုံးရှုံးနေ ရတဲ့အတွက် ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ကစားသမားရဲ့ အတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကို ယုံကြည်မှုရှိနေပြီး ပွဲထွက်လူစာရင်းကနေ ချန်ဖို့ မစဉ်းစားခဲ့တာပါ။

ဒီဂီယာနဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ဒီဂီယာဟာ ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ သူ့ရဲ့ အမှားအယွင်းကြောင့် အသင်းဟာ အရေးနိမ့်သွားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လီဗာပူးလ်အသင်းရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။

စပိန်ဂိုးသမားနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရခြင်း မရှိသေးပါဘူး။

ယူနိုက်တက်အသင်းဟာ ဒီဂီယာကို စာချုပ်သစ်အတွက် ကမ်းလှမ်းထားပေမယ့် ပုံမှန်ကစားခွင့် ရဖို့အတွက်တော့ အာမခံချက်ပေးထားခြင်း မရှိတာ ဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ကတော့ ဒီဂီယာကို အသင်းနဲ့ ဆက်ရှိစေချင်ပြီး စာချုပ်သစ် ချုပ်ဆိုစေချင်တယ်လို့ ပြောထားတာပါ။

၂၀၁၁ က အသလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၅၄၀ ပါဝင် ကစားထားပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal