CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၇

မြန်မာအသင်းဟာ ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတတိယပွဲစဉ်အဖြစ် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တက်နိုင်ဖို့ အခြေအနေ ကောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ပွဲမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီပွဲမှာတော့ ‌အကောင်းဆုံး ခြေစွမ်းတွေကို ပြသခဲ့ပြီး အိမ်ရှင်အသင်းကို သူတို့ ပရိသတ်ရှေ့မှောက်မှာ အနိုင် ၃ မှတ် ယူပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၁၂ မိနစ်မှာ ဟိန်းထက်အောင်နဲ့ ပွဲချိန် ၃၈ မိနစ်မှာ သက်ဟိန်းစိုးတို့က သွင်းယူခဲ့တာပါ။

မြန်မာအသင်းဟာ ဒီနိုင်ပွဲကြောင့် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘောဒီးယား အသင်းကလည်း ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၀ ရက်မှာ မြန်မာက ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားက အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။