CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၆

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြလုပ်ခဲ့သူ နာဂျယ်စမန်းနဲ့ နည်းပြသစ် ရာထူးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စပါးအသင်းနဲ့ နာဂျယ်စမန်းတို့ဟာ ဧပြီလတုန်းက ပဏာမ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် နောက်ထပ် ဆွေးနွေးခဲ့ ကြတာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ နာဂျယ်စမန်းဟာ ပြီးခဲ့တဲ့လကမှ ဘိုင်ယန်မြူးနစ်အသင်း နည်းပြရာထူးကနေ ထုတ်ပယ် ခံထားရတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ လက်ရှိအချိန်မှာ နည်းပြ ကွန်တီကို ထုတ်ပယ်ပြီးနောက် စတယ်လီနီကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေ ဆိုးခဲ့လို့ ကစားသမားဟောင်း ရိုင်ယန်မေဆင်ကို ရာသီအကုန်ထိ အသင်းကို ကိုင်တွယ်ဖို့ တာဝန်ပေးထားပါတယ်။

Sky Germany က နာဂျယ်စမန်းဟာ လာမယ့် နွေရာသီမှာ စပါးအသင်းကို ကိုင်တွယ်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

နာဂျယ်စမန်းဟာ ချယ်လ်ဆီးအသင်း နည်းပြသစ် ဖြစ်လာဖို့ အတွက်လည်း ရေပန်းစားခဲ့ပေမယ့် သူကတော့ အဲဒီ ဆန်ကာတင် စာရင်းကနေ နှုတ်ထွက်ခဲ့တာကြောင့် စပါးအသင်း နည်းပြသစ် ဖြစ်လာဖို့ ထင်ကြေး ပေးခံနေရပါ တယ်။

နာဂျယ်စမန်းဟာ စပါးအသင်းရဲ့ နည်းပြရာထူးကို အလွန်ကြီးမားတဲ့ အခွင့်အလမ်းအဖြစ် ရှုမြင်ထားပြီး အသင်း ဟာ ဆုဖလားတွေရဖို့ အလားအလာ ရှိတယ်လို့ ယုံကြည်မှုတွေ ရှိနေပါတယ်။

စပါးအသင်းကို တွေ့ရစဉ်

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းကတော့ နာဂျယ်စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

စပါးအသင်းဟာ အခုနောက်ပိုင်း ပရီးမီးယားလိဂ် ပွဲတွေမှာ ရလဒ်တွေ ဆိုးနေတာကြောင့် သူ့အပေါ်မှာ တာဝန်ရှိ တယ်လို့ လီဗိုင်းက ပြောထားတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် စပို့တင်းလစ္စဘွန်းနည်းပြ အေမိုရင်၊ ဘန်လေနည်းပြ ကွန်ပနီတို့ အပါအဝင် နည်းပြတချို့နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာပါ။

ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ရက်ဂ်နစ်ကတော့ နာဂျယ်စမန်းကို စပါးအသင်း ကိုင်တွယ်ဖို့ အကြံပြု ထားပါတယ်။

နာဂျယ်စမန်းဟာ နည်းပြဘဝကို ဟော်ဖန်ဟိမ်းအသင်းမှာ စတင်ခဲ့ပြီး အဲဒီနောက်မှာ လိုက်ပ်ဇစ်အသင်းကို ကိုင်တွယ်ကာ ၂၀၂၀ က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

၂၀၂၁ မှာတော့ နာဂျယ်စမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းခဲ့ပေမယ့် အခုရာသီ ရလဒ် မတည်မငြိမ် မှုတွေကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Source: Daily Mail