CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်းမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီနေထိုင်ခဲ့တဲ့ ဟိုတယ်အခန်းကို ပြတိုက်ငယ်အဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းဘက်ကို ၂ ဂိုးသွင်းယူပြီး အာဂျင်တီးနားအသင်းကို နှစ်ပေါင်း ၃၆ နှစ်အကြာမှ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ဒီပြိုင်ပွဲမှာ ၇ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ကစားသမားဘဝကို ပြီးပြည့်စုံသွားဖို့အတွက် လိုအပ်နေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူနိုင်ခဲ့ တာပါ။

ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့သော မက်ဆီကိုတွေ့ရစဉ်

အခုဆိုရင် ကာတာကမ္ဘာ့ဖလားအတွင်း မက်ဆီ နေထိုင်ခဲ့တဲ့ ကာတာတက္ကသိုလ်က အခန်းကို ပြတိုက်ငယ်အဖြစ် ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒိုဟာမှာ အခြေကျ ခဲ့တာမှာ အဲဒီတက္ကသိုလ်ကျောင်းဝန်းကို အသုံးပြုခဲ့ရတာပါ။

အာဂျင်တီးနားအသင်း ချန်ပီယံဆုကို ရယူပြီးနောက် ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆီတည်းခိုခဲ့တဲ့ အခန်းကို ပြတိုက် အဖြစ် ပြုလုပ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီပြတိုက်အတွင်းမှာ ဘယ်လိုအရာတွေ ထားရှိသွားမလဲဆိုတာတော့ မသိရသေးပါဘူး။

မက်ဆီကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူပြီးနောက် အာဂျင်တီးနားမှာ အောင်ပွဲခံမှုတွေ ပြုလုပ်နေပြီး နှစ်သစ်ကို မွေးရပ်မြေမှာပဲ ကုန်ဆုံးသွားဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီအသင်းကတော့ မက်ဆီကို ဇန်နဝါရီလ ပထမအပတ်မှာ လာရောက် ပူးပေါင်းမှုတွေ ပြုလုပ်ဖို့ ပြောထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ပြန်လည် စတင်နေပြီဖြစ်တဲ့ လီဂူးဝမ်းပွဲစဉ်တွေကို ယှဉ်ပြိုင်နေပြီး မက်ဆီ တစ်ဦးတည်းကလွဲကာ ကစားသမား အစုံအလင် ပါဝင်နေခဲ့တာပါ။ မက်ဆီအနေနဲ့ ဇန်နဝါရီ ၇ ရက်မှာ ကစားမယ့် ဖလားပွဲစဉ်မှသာ ပီအက်စ်ဂျီအသင်းအတွက် ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

Source: Daily Mail