CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅

ထိုင်းနိုင်ငံတွင် လူကြိုက်များသော ပါတီဖြစ်သည့် Move Forward Party(MFP)မှ ခေါင်းဆောင် ပီတာနှင့်အတူ လွှတ်တော်အမတ်များ၊ ပါတီဝင်များသည် ဆွန်ခရန်ရေကစားပွဲတော်မှာ သင်္ကြန်အကြတ်နေ့က ပါဝင်ဆင်နွှဲနေ သည်ကို ဧပြီ ၁၅ ရက်နေ့တွင် တွေ့ရသည်။

MFP ပါတီသည် ၂၀၂၃ ခုနှစ်၊ မေလက ကျင်းပခဲ့သော ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့စည်းရန် ဦးဆောင်ခွင့်ရရှိခဲ့သည်။

သို့သော် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကိုမရရှိခဲ့ခြင်းကြောင့် အစိုးရဖွဲ့စည်းရေး အထမမြောက်ခဲ့ ဘဲ ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ဖြူးထိုင်းပါတီက အစိုးရဖွဲ့စည်းရန် ဦးဆောင်ခွင့်ရရှိသွားခဲ့သည်။

ထို့နောက် MFP ပါတီသည် အတိုက်အခံ ပါတီဖြစ်သွားပြီး ပါတီဖျက်သိမ်းခံရမည့် အခြေအနေထိ ရင်ဆိုင်နေရသည်။