CNI International News

ဘန်ကောက်၊ ဧပြီ ၁၂

ထိုင်းနိုင်ငံတွင် ဧပြီ ၁၂ ရက်မှ ဧပြီ ၁၆ ရက်အထိ ကျင်းပမည့် ဆွန်ခရန် ရေကစားပွဲတော် မတိုင်မီ တစ်ရက် အလိုတွင် ဘန်ကောက်မြို့တော်မှ နိုင်ငံ‌မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များသို့ သွားရောက်သည့် အဓိကယာဥ်လမ်းကြောင်းများသည် အသွားအလာ များပြားနေသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ဘန်ကောက်တွင် လာရောက် အလုပ်လုပ်နေသူများသည် ဆွန်ခရန်မတိုင်မီ ၎င်းတို့၏ ဇာတိမြေများဖြစ်သည့် ‌မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များသို့ ပြန်လည်သွားရောက် နေကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် အစိုးရအိမ်တော်တွင် ဗြမ္မာကြီး ဂူဗိမ္မာန်ကို ဂါရဝပြု ခြင်းအားဖြင့် ဆွန်ခရန်ပွဲတော်မတိုင်မီ ကုသိုလ်ပြု အခမ်းအနားကို ကြီးမှူးကျင်းပခဲ့သည်။

ထို့နောက် ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့ပြီး ထေကြီးဝါကြီး ဘုန်းတော်ကြီးများ၏ ကောင်းချီးပေးမှု အား ခံယူခဲ့သည်။

ထိုင်းဆွန်ခရန်ပွဲတော် ကျင်းပရန် ပြင်ဆင်ထားစဉ်

ထို့နောက် ဆရီသာက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိများကို ဆုမွန်ကောင်း တောင်းပေးခဲ့ပြီး ၎င်း၏ လက်ဝါး များပေါ်သို့ ရေလောင်းခံခြင်းဖြင့် ဝန်ကြီးများ၊ အရာရှိများနှင့် သတင်းထောက်များအား ရေလောင်းသည့် ထုံးတမ်း ဓလေ့ကို ပြုလုပ်ခွင့်ပေးခဲ့သည်။

ထို့နောက် ဆရီသာသည် အရာရှိများနှင့် သတင်းထောက်များကို ဗုဒ္ဓ၏ အဆောင်များကို လက်ဆောင်ပေးအပ်ခဲ့ သည်။

ဆွန်ခရန် အားလပ်ရက် ကာလအတွင်း ဘန်ကောက်မြို့တော်မှ ‌ဒေသအားလုံးသို့ သွားရောက်သည့် အဓိက အ‌ဝေးပြေး လမ်းမများနှင့် အခြားလမ်းကြောင်းများပေါ်မှ သတင်းအချက်အလက်များကို အ‌ဝေးပြေးလမ်းမများ ဆိုင်ရာ ဦးစီးဌာနက ထုတ်ပြန်ပေးခဲ့သည်။

မော်တော်ယာဥ် အသုံးပြုသူများ အနေဖြင့် ထိုဌာန၏ အရေးပေါ် ဖုန်းနံပါတ်ဖြစ်သည့် ၁၅၈၆ နှင့် အ‌ဝေးပြေးလမ်း ရဲတပ်ဖွဲ့၏ ဖုန်းနံပါတ် ၁၁၉၃ ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး ယာဥ်လမ်းကြော အခြေအနေများကို မေးမြန်း နိုင်ကြောင်းနှင့် မတော်တဆမှုများကို သတင်းပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

Source: Thai PBS World