CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁ 

အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွှတ်တော်တွင် အစိုးရ၏ မူဝါဒကို ထုတ်ပြန်သွားမည်ဟု ထိုင်း ဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

"မူဝါဒ ကြေညာချက်ကို တစ်ပတ်အတွင်း ထုတ်ပြန်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ မူဝါဒတွေ ရေးဆွဲနေတာဟာလည်း ၁၀၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပါပြီ။ ဖြူးထိုင်းပါတီရဲ့ မူဝါဒရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ပရွမ်မင် လတ်ဆူရီ ဒက် (Prommin Lertsuridej) ဟာ ညွန့်ပေါင်းအဖွဲ့ထဲမှာ ပါဝင်တဲ့ ပါတီတွေအားလုံးဆီက မူဝါဒတွေကို စုဆောင်း နေပါတယ်" ဟု ဆရီသာက ပြောသည်။

ထို့ပြင် မူဝါဒ ကြေညာချက်နှင့် ပတ်သက်ပြီး United Thai Nation (UTN) ပါတီခေါင်းဆောင် ပီရာပန် ဆာလီရာ ဗီဟာဂါ (Pirapan Salirathavibhaga)နှင့် ဆွေးနွေးမည်ဟုလည်း ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်က ပြောသည်။

ပထမဆုံးအကြိမ် ပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် စွမ်းအင်ဈေးနှုန်းများ လျှော့ချရေးကို ဦးစားပေး အကြောင်းအရာအဖြစ် ဆွေးနွေးသွားမည်ဖြစ်ပြီး လျှပ်စစ်ရထားစီးနင်းခများကို လျှော့ချရေး၊ ဗီဇာ အာမခံနှင့် လယ်သမားများ၏ ကြွေးမြီများကို တရားဝင်ဆိုင်းငံ့ရေးတို့ကိုလည်း ဆွေးနွေးမည်ဟု ဆရီသာက ပြောသည်။

စွမ်းအင်ဝန်ကြီး သုပတ္တနာပွန် ပွန်မီချောကိုတွေ့ရစဉ် 

ထို့ပြင် ဆရီသာသည် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဘဏ် (BAAC) ၏ မန်နေဂျာချုပ်နှင့် ရာထူးမှ ထွက်ခွာတော့မည့် လက်ထောက်ဘဏ္ဍာရေးဝန်ကြီးတို့ကိုလည်း ဖိတ်ကြားခဲ့ပြီး လယ်သမားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ကြွေးမြီများ ဆိုင်းငံ့ရေးတို့ကို ဆွေးနွေးခဲ့သည်။

"သြဂုတ် ၃၀ ရက်က စွမ်းအင်ဝန်ကြီး သုပတ္တနာပွန် ပွန်မီချော (Supattanapong Punmeechaow) က သတင်း အချက်အလက်တွေ လာပေးခဲ့ပါတယ်။ စွမ်းအင်ဈေးနှုန်းတွေ လျှော့ချရေးအတွက် ကျနော်တို့မှာ ရှင်းလင်းပြတ် သားတဲ့ နည်းလမ်းတစ်ခု ရှိပြီးသားပါ။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ နယ်ပယ်ကဏ္ဍ အများကြီးကို ထည့််သွင်း စဉ်းစားဖို့လိုပါတယ်။ ဒါ့အပြင် ကျနော်တို့ဟာ ဘတ်ဂျက်ကိစ္စအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့လည်း တိုင်ပင်ရ မှာ ဖြစ်ပါတယ်။ ကျနော်တို့ ဆွေးနွေးခဲ့တာတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ပြဿနာမရှိဘူးလို့ ကျနော် ထင် ပါတယ်" ဟု ဆရီသာက ပြောကြားခဲ့သည်။

လေကြောင်းလိုင်းများမှု အမှုဆောင်များနှင့် ပြုလုပ်သည့် ဆွေးနွေးမှုများတွင်လည်း လေကြောင်းလိုင်း အများစု သည် ထိုင်း၏ ခရီးသွားကဏ္ဍနှင့် စီးပွားရေးကို လှုံ့ဆော်ရန် အစိုးရ၏ အစီအစဉ်များကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတို့၏ လေကြောင်းလိုင်း ဝန်ဆောင်မှုများကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်ဟု ဆရီသာက ပြောကြား ခဲ့သည်။

Source: ဘန်ကောက်ပို့စ်