CNI International News

စင်္ကာပူ၊ ဩဂုတ် ၁၇

စင်္ကာပူနိုင်ငံတွင် လုံလောက်သည့် အရန်ငွေကြေးရှိသော်လည်း နိုင်ငံ၏အသုံးစရိတ် လိုအပ်ချက်သည် ဝင်ငွေ ဖွံ့ဖြိုးတိုးတက်မှုထက် ကျော်လွန်နေမှုနှင့်အတူ အခြေအနေအားလုံးအတွက် အရန်ငွေ လုံလောက်မှုရှိသည်ဟု တွေးတောခြင်းသည် အကြီးမားဆုံး အတွေးမှားတစ်ခု ဖြစ်လိမ့်မည်ဟု စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)က ‌ပြောသည်။

အရန်ငွေများကို တတ်နိုင်သမျှ ကြာမြင့်စေရန် ဆက်လက် ထူထောင်နေမှုနှင့်ပတ်သက်ပြီး စိုးရိမ်မိသည်ဟု လီက ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

စင်္ကာပူ၏ စတုတ္ထမျိုးဆက် နိုင်ငံရေး ခေါင်းဆောင်များသည် အသုံးစရိတ် လိုအပ်မှုများ မြင့်တက်နေမှုကို သိရှိနေ ပြီး နိုင်ငံအတွက် အကျိုးရှိစေမည့် နည်းလမ်းတစ်ခုကို ထောက်ပံ့ပေးရန် လိုအပ်သည့် အရာများကိုလည်း သိရှိ နားလည်ထားသည်ဟု လီက ပြောသည်

အရန်ငွေကြေးများသည် နိုင်ငံကို ထောက်ပံ့ပေးနေသည့် အာမခံချက် တစ်ခုဖြစ်ပြီး လူထုကို စိတ်ချလက်ချ ဖြစ်စေ နိုင်သော အကြီးမားဆုံး အရင်းအမြစ်ဖြစ်သည်ဟု ဝန်ကြီးချုပ်လီက အရန်ငွေကြေးနှင့် ပတ်သက်ပြီး CNA သတင်း နှင့်အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိုတွေ့ရစဉ်

စင်္ကာပူဒေါ်လာကို ဈေးကစားမှုများနှင့် အမျိုးသားအကျိုးစီးပွားများအား ကာကွယ်ရန် အရန်ငွေကြေးပမာဏ အပြည့်အဝကို အစိုးရ‌အနေဖြင့် ထုတ်ဖော်ပြောကြားမည် မဟုတ်ဟု လီက ပြောသည်။

စင်္ကာပူ၏ အရန်ငွေကြေး မည်မျှများပြားသနည်းဟု မေးမြန်းခံရချိန်တွင် လီက “ကျနော် ဒီမေးခွန်းကို မဖြေနိုင် ပါဘူး။ အရန်ငွေကြေးဟာ အခြေအနေ အများစုအတွက် လုံလောက်ပါတယ်။ အစိုးရရဲ့ ဝင်ငွေတွေအတွက် ပံ့ပိုး  ပေးနိုင်တဲ့ နှစ်စဉ်အသုံးစရိတ်မှာ ပြည့်စုံလုံလောက်မှုရှိတဲ့ အထောက်အကူကို ရရှိစေပါတယ် " ဟု ပြောသည်။

စင်္ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိုတွေ့ရစဉ်

ထို့ပြင် စင်္ကာပူ၏ အရန်ငွေကြေးပမာဏ အတိအကျကို မည်သူများက သိရှိပါသနည်းဟု မေးမြန်းခံရချိန်တွင် လီက “အစိုးရအဖွဲ့အတွင်း ဘဏ္ဍာရေးကို ကြီးကြပ်လုပ်ဆောင်နေတဲ့ ဝန်ကြီးတွေ သိပါတယ်။ သဘောကတော့ ဘဏ္ဍာရေးဝန်ကြီးနဲ့အတူ သက်ဆိုင်ရာ အရာရှိအနည်းငယ်က သိရှိပါတယ်။ ဝန်ကြီးချုပ်ကလည်း သိပါတယ်”ဟု ဖြေကြားခဲ့သည်။

စင်္ကာပူ၏ အရန်ငွေ စုစုပေါင်းသည် ၂၀၀၉ ခုနှစ်က ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရှိနိုင်သည်ဟု ပထမဆုံးအကြိမ် ခန့်မှန်းသိရှိခဲ့ရသည်။

၂၀၂၃ ခုနှစ်မှာတော့ စင်္ကာပူ၏ အရန်ငွေ စုစုပေါင်းသည် ၂ ဒသမ ၂ ထရီလျံအထိ မြင့်တက်ခဲ့သည်ဟု ကျွမ်းကျင် သူများက ခန့်မှန်းခဲ့သည်။

“ကံကောင်းတာက ကျနော်တို့ဆီမှာ အရင်းအမြစ်တွေ ရှိနေပါပြီး၊ အဲဒါဟာ ကောင်းချီးတစ်ခုပါပဲ။ ဒါပေမယ့် အ‌ခြေအနေအားလုံးအတွက် အရန်ငွေကြေး လုံလောက်နေတယ်လို့ တွေးတာကတော့ အကြီးဆုံး အတွေးမှား ဖြစ်ပါတယ်”ဟု လီက ပြောကြားခဲ့သည်။

Source: CNA