CNI International News

မော်စကို၊ မတ်လ ၃၁

ရုရှားနိုင်ငံသည် မြန်မာ၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ တောင်အာဖရိကနှင့် အယ်လ်ဂျီးရီးယား အပါအဝင် တခြားနိုင်ငံပေါင်းများစွာနှင့် လေကြောင်းဝန်ဆောင်မှုများကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဟု လေကြောင်း ပို့ဆောင်ရေး ဖက်ဒရယ်အေဂျင်စီ၏ အကြီးအကဲဖြစ်သူ အလက်ဇန္ဒား နာရတ်ကို (Alexander Neradko) က အထက်လွှတ်တော်တွင် ကြာသပတေးနေ့က ပြောခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း မြန်မာနှင့် လေကြောင်း ဝန်ဆောင်မှု စတင်ခြင်း၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ ဆော်ဒီအာရေးဗီး ယား၊ တောင်ကိုရီးယားတို့နှင့် လေယာဉ် ခရီးစဉ်များ ပြန်လည် စတင်ရန် လုပ်ဆောင်နေပါသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှား သမ္မတ ပူတင်ကိုတွေ့ရစဉ်

ရုရှားလေကြောင်းလိုင်းများသည် အီသီယိုပီးယား၊ တောင်အာဖရိက၊ အယ်လ်ဂျီးရီးယား၊ တူနီးရှားနှင့် တခြားနိုင်ငံ များသို့ ခရီးစဉ်များ ပြေးဆွဲရန်လည်း စဉ်းစားနေသည်ဟု နာရတ်ကိုက ပြောသည်။

လက်ရှိ အချိန်တွင် ရုရှားလေကြောင်း လိုင်းများသည် နိုင်ငံပေါင်း ၃၄ နိုင်ငံသို့ ခရီးစဉ် ပြေးဆွဲလျက် ရှိသည်ဟု လည်း နာရတ်ကိုက ပြောသည်။

မြန်မာ-ရုရှား တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးအတွက် နစကသည် ရုရှားအာဏာပိုင်များဖြင့် ဆွေးနွေး ၍ ပြင်ဆင်လျက်ရှိနေသည်။

Source: တာ့စ်