CNI Article

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၄

အိန္ဒိယသည် ကက်ရှ်မီးယားဒေသနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ အငြင်းပွားနေသည့် ပါကစ္စတန်ကို ဆန့်ကျင် ရန် ဆယ်စုနှစ်နှင့်ချီလျက်  ကြိုးပမ်းခဲ့နေခဲ့သည်။ သာယာလှပသည့် ဟိမဝန္တာ နယ်မြေဖြစ်သည့် ထိုဒေသကို နှစ်နိုင်ငံစလုံးက သူပိုင်ဆိုင်သည်၊ ငါပိုင်သည်ဟူ၍ အပြိုင်ငြင်းနေခဲ့ကြခြင်းအားဖြင့် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံ ရေးမှာ အမြဲလိုလို သဘောထား ကွဲပြားနေခဲ့သည်။

မဆုတ်မနစ်သော ပြိုင်ဆိုင်မှုအဖြစ် ပါကစ္စတန်သည် နယူးဒေလီ၏ နိုင်ငံခြားရေးမူဝါဒကို အမြဲအာရုံစိုက် စေခဲ့ သည်။ သို့သော် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကက်ရှ်မီးယားရှိ လာဒက်ဒေသတွင် အိန္ဒိယနှင့် တရုတ်စစ်သားများ အသေအပျောက်ရှိခဲ့သော နယ်နိမိတ် သတ်မှတ်ရေး တိုက်ခိုက်မှုများကြောင့် နယူးဒေလီရှိ နိုင်ငံခြားရေးမူဝါဒ ရေးဆွဲသူများသည် ၇၅ နှစ်မြောက် အိန္ဒိယစိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဘေဂျင်းကို အာရုံစိုက်သည့် မူဝါဒသို့ ရွေ့လျားပြောင်းလဲလာခဲ့သည်။

ယခုအခါ ပါကစ္စတန်ထက် ပို၍ ကြီးထွားလာနေသည့် အိန္ဒိယ၏ စီးပွားရေးသည် အာရှတလွှား ဘေဂျင်း၏ သြဇာ လွှမ်းမိုးမှုကို ပိုမိုအားကောင်းလာစေရန် တွန်းအားပေးမှုနှင့်အတူ “နယူးဒေလီသည် ဘေဂျင်းကို ဗဟိုပြု၍ ပိုမို ကြီးထွားလာနေပြီဖြစ်သည်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဒီအက်စ်ဟိုးဒါးက ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် (AP)

သူသည် လာဒက် အပါအဝင် ကက်ရှ်မီးယားကို ထိန်းချုပ်ထားသည့် အိန္ဒိယစစ်တပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ စီမံကွပ်ကဲခဲ့သူ ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဗြိတိသျှကိုလိုနီ လက်အောက်မှ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရရှိခဲ့ပြီးကတည်းက သူပုန်ထမှုများ၊ ပိတ်ဆို့ခြင်းများနှင့် နိုင်ငံရေး အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသည်။

အိန္ဒိယသည် ၎င်း၏ အိမ်နီးချင်းများဖြစ်ကြသော ပါကစ္စတန်တို့၊ တရုတ်တို့နှင့် ဆင်နွှဲခဲ့သော စစ်ပွဲလေးခုအနက် နှစ်ခု၏ အချက်အချာ ဖြစ်ခဲ့သည်။ သုံးနိုင်ငံလုံး တင်းမာနေကြသော နယ်နိမိတ်မျဉ်း သတ်မှတ်ချက်သည် နျူက လီးယား ပိုင်ရှင်များ ကမ္ဘာ့တစ်ခုတည်းသော ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ တွင် ဆုံမိကြသည်။

အိန္ဒိယသည် ၁၉၆၀ ပြည့်လွန် နှစ်များမှစ၍ ဘက်မလိုက် လှုပ်ရှားမှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့သည် ထိုခေတ် သီအိုရီအရ စစ်အေးတိုက်ပွဲတွင် ဆိုဗီယက်(ရုရှား)ဖြစ်စေ၊ အမေရိကန် ဖြစ်စေ မည်သည့် အင်အားကြီးနိုင်ငံ၏ ထီးရိပ်ကိုမှ မခိုလှုံလိုသော နိုင်ငံပေါင်း ၁၀၀ ကျော်ကို စုစည်း တည်ထောင် ထားခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်း ပါကစ္စတန်တို့၊ တရုတ်တို့နှင့် အငြင်းပွားနေသော်လည်း အိန္ဒိယသည် ၎င်း၏ ဘက်မလိုက်သော ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲခဲ့ပြီး နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် ယနေ့အထိ ထားရှိသည်။ အိန္ဒိယသံတမန်များသည် ပါကစ္စတန်နှင့်ပတ်သက်၍ ကက်ရှ်မီးယား အရေးကို တွန်းအားပေးရန် အဓိက အာရုံစိုက် ထားကြသည်။

“ကက်ရှ်မီးယားဟာ ကျွန်ုပ်တို့၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိုးရိမ်ပူပန်မှုတွေရဲ့ အချက်အချာတစ်ခု ဖြစ်ပါတယ်” ဟု အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ထိပ်တန်းသံတမန်ရေးရာ ကိုင်တွယ်ခဲ့ရသူ ကန်ဝဲလ်စီဘယ် (Kanwal Sibal) က ပြောကြားခဲ့သည်။

အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်

သို့သော်လည်း အိန္ဒိယနှင့် တရုတ်တို့အကြား အငြင်းပွားနေသော နယ်စပ်ဒေသဖြစ်သည့် လာဒက်တွင် အာရှ အင်အားကြီး နှစ်နိုင်ငံကြား လက်ရှိစစ်ရေးအရ တင်းမာမှုများက ပြင်းထန်လာစေသည်။ သံတမန်ရေးနှင့် စစ်ရေး အရ ဆွေးနွေးပွဲ ၁၇ ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။

တရုတ်သည် စစ်ရေးအရ ခြိမ်းခြောက်မှုကို ကိုယ်စားမပြုဟု အိန္ဒိယက ဆယ်စုနှစ်များစွာ ကြာအောင် ယုံကြည်ခဲ့မိ ကြောင်း စစ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဟိုးဒါးက ပြောကြားခဲ့သည်။

သို့သော် လာဒက်ဒေသ၊ ဂယ်ဝမ် (Galwan) တောင်ကြားရှိ ကရာကိုရမ် (Karakoram) တောင်တန်းများတွင် ထိပ်တိုက် တွေ့ဆုံမှု ပြင်းထန်လာသောအခါ စစ်ရေးတင်းမာမှုများမှ ၂၀၂၀ ပြည့်နှစ် အလယ်ပိုင်းအရောက်၌ အဆိုပါ ကဲကူလပ်သင်္ချာပုံစံ (calculus) သည် ပြောင်းလဲသွားရလေတော့၏။

 “ဂယ်ဝမ်ဟာ မဟာဗျူဟာမြောက် ထိုးဖောက်မှု အနေအထားကို ကိုယ်စားပြုပါတယ်” ဟု နယူးဒေလီ အခြေစိုက် မူဝါဒရေးရာအဖွဲ့ဖြစ်သော လူမှုရေးနှင့် စီးပွားရေး တိုးတက်မှုစင်တာမှ အတွင်းရေးမှူး ကွန်စတန်တီနိုဇာဗီယာက ပြောကြားခဲ့သည်။

“နယ်နိမိတ်ပြဿနာကို ဖြေရှင်းရုံတင်မကဘဲ တရုတ်နဲ့ ဆက်ဆံရေး တစ်ခုလုံးကို ပြန်ပြီး သတ်မှတ်ဖို့ လိုအပ်ဆို တာ အိန္ဒိယရဲ့အသစ်ကို ဖန်တီးရန်အလို့ငှာ အထောက်အကူ ပြုခဲ့ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နှစ်ဘက်တပ်များမှ စစ်သားများသည် ကျောက်တုံးများ၊ လက်သီးများနှင့် အခြားလက်သုံး ကိရိယာများဖြင့် အလယ်ခေတ်ပုံစံ ခင်းကျင်း၍ တိုက်ပွဲဝင်ခဲ့ကြရာ အနည်းဆုံး အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဦးဆောင်သော အစိုးရသည် ကက်ရှ်မီးယား ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တပိုင်းတစကို ဖျက်သိမ်းခဲ့ပြီး ထိုဒေသထဲရှိ နိုင်ငံရေးသမားများ၊ သတင်းသမားများနှင့် ဆက်သွယ်ရေးများကို ချုပ်ကိုင်ခဲ့သည်။

ထို့နောက် တစ်နှစ်အကြာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်။

တရုတ်နဲ့ အိန္ဒိယ စစ်သားများ တိုက်ခိုက်မှုဖြစ်ပွား(GETTY IMAGES)

ဗဟိုအစိုးရသည် မွတ်ဆလင် အများစု နေထိုင်ရာဒေသကို ပြည်ထောင်စု အုပ်ချုပ်ခွင့်ရနယ်မြေ နှစ်ခုဖြစ်သည့် လာဒက်နှင့် ဂျမူး-ကက်ရှ်မီးယားဟူ၍ ခွဲထုတ်ပြီး မြေယာနှင့် အလုပ်အကိုင်များတွင် အမွေဆက်ခံသော အကာ အကွယ် ပေးမှုများကို တစ်ခန်းရပ်စေခဲ့သည်။

အစိုးရသည် အဆိုပါ လှုပ်ရှားမှုများတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲများသာ ပါဝင်ကြောင်း အခိုင်အမာ ပြောကြားထားပြီး ကာလကြာရှည် ဆုပ်ကိုင်ထားသည့် ဟိန္ဒူ အမျိုးသားရေးဝါဒီ ကတိကဝတ်များ ရှိခဲ့သည့်  ကက်ရှ်မီးယား ဒေသအတွင်းသို့ တခဲနက် မွတ်ဆလင်များ ပေါင်းစည်းသွားမည့် အရေးကို ချင့်ချိန်ခဲ့သည်။

ကက်ရှ်မီးယားသည် နိုင်ငံတကာ အငြင်းပွားမှုဖြစ်ပြီး ၎င်း၏ အဆင့်အတန်းတွင် တစ်ဖက်သတ် ပြောင်းလဲမှုသည် နိုင်ငံတကာဥပဒေနှင့် ဒေသတွင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပါကစ္စတန်က တုံ့ပြန်ခဲ့သည်။

သို့သော် ကက်ရှ်မီးယားတွင် နယူးဒေလီ၏ လှုပ်ရှားဆောင်ရွက်မှုအတွက် အဓိက သံတမန်ရေး စိန်ခေါ်မှုမှာ မမျှော်လင့်ထားသော ပြိုင်ဘက်ဖြစ်သည့် တရုတ်ထံမှ လာလေတော့၏။

ဘေဂျင်းသည် နယူးဒေလီကို မှိုချိုးမျှစ်ချိုးဝေဖန်ခဲ့သည်။

ကက်ရှ်မီးယား အငြင်းပွားမှုကို ဆယ်စုနှစ် ၅ ခုနီးပါး တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပထမဆုံး အကြိမ် အခြေအတင် ဆွေးနွေးခဲ့ပြီး ထိုကိစ္စ ဇာတ်ထုပ်အပြည့်အစုံကို ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်အလံကို တွေ့ရစဉ် (AP)

အိန္ဒိယကတော့ အငြင်းအခုံရှိသည့် နယ်နိမိတ်မျဉ်းအတိုင်း တသမတ်တည်း ရပ်တည်ခဲ့သည်။  နိုင်ငံတကာ အသိုက်အဝန်းက ကက်ရှ်မီးယားသည် ပါကစ္စတန်နှင့် အိန္ဒိယ နှစ်နိုင်ငံ ပြဿနာသာ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုပေးခဲ့ကြသည်။

ပါကစ္စတန်အတွက် ကက်ရှ်မီးယားသည် အိန္ဒိယပြည်တွင်းရေး ကိစ္စဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ကြ သည်။

မြေပြင်ပေါ်ရှိ ဝေဖန်သူများကိုလည်း ကက်ရှ်မီးယားသည် အကြမ်းဖက်ဝါဒနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ခေါင်းမာမာဖြင့် အခိုင်အမာ ပြောဆိုခဲ့ကြသည်။

အစပိုင်းတွင် နယူးဒေလီသည် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုကို အကြီးအကျယ် ဖြစ်ခဲ့ သော်လည်း ငြိမ်းချမ်းစွာ ရင်ဆိုင်ခဲ့သည်။

သို့သော်လည်း သဘောထား ကွဲလွဲမှုများကို ဖြိုခွဲလိုက်ခြင်းကြောင့် ၁၉၈၉ ခုနှစ်တွင် အိန္ဒိယထိန်းချုပ်မှုအပေါ် လက်နက်ကိုင် ပုန်ကန်မှု အပြည့်အဝ ဖြစ်လာခဲ့ရာ ကြာရှည်သော ပဋိပက္ခကြောင့် ဒေသတွင်း၌ လူထောင် ပေါင်းများစွာ သေဆုံးခဲ့ရသည်။

၁၉၉၉ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားလက်နက် ကိုယ်စီပိုင်ဆိုင်သော နိုင်ငံများ ဖြစ်လာ သောကြောင့် ကက်ရှ်မီးယားသည် အလားအလာရှိသော နျူကလီးယား အားပြိုင်စရာ ဆုံချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အိန္ဒိယနဲ့ တရုတ် နယ်နိမိတ်မျဉ်းသတ်မှတ်ချက်အနီးက -အိန္ဒိယစစ်သားတစ်ဦး

၎င်းတို့၏ ထိပ်တိုက်တွေ့မှုသည် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ခံခဲ့ရပြီး ထိုအချိန်က အမေရိကန်သမ္မတ ဘီလ်ကလင်တန်က ကက်ရှ်မီးယားကို “ကမ္ဘာ့အန္တရာယ် အရှိဆုံးနေရာ” ဟုပင် ပြောကြားခဲ့သည်။

ကက်ရှ်မီးယား ဒေသအတွင်း အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်သည့် နက်ရှိုင်းသော စိတ်ဓာတ်များ ရှိနေသော်လည်း နိုင်ငံခြားရေး ဖိအားများကို ပိတ်ဆို့တားဆီးရာတွင် နယူးဒေလီသည် ဆယ်စုနှစ်များအတွင်း အောင်မြင်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူအများစုက ယုံကြည်ကြသည်။

ယခုအခါ နယူးဒေလီ မူဝါဒ ချမှတ်သူများသည် အာရှတွင် ပိုမိုအားကောင်းလာပြီး ကက်ရှ်မီးယားအပေါ် ပါကစ္စတန်၏ ရပ်တည်ချက်ကို ထောက်ခံသည့် တရုတ်၏ အခြေခံ စိန်ခေါ်မှုကို ထပ်မံ ရင်ဆိုင်နေရသည်။

ပါကစ္စတန်သည် ယခုအခါ တရုတ်ဩဇာ လွှမ်မိုးမှုကြောင့် ဘေဂျင်းအစိုးရ၏ မိတ်ဖက်အဖြစ် ပိုမိုရှုပ်ထွေးသော နိုင်ငံရေး အခန်းကဏ္ဍတွင် လုပ်ဆောင်နေပြီဟု ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Paul Staniland က ပြောကြားခဲ့သည်။

“ဒါက သူတို့အပေါ် သြဇာလွှမ်းမိုးမှု တစ်ခုခု ပေးတာပဲဖြစ်တယ်” ဟု ၎င်းက ကောက်ချက်ချသည်။

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့(AP)

တိုးချဲ့ဒေသတွင် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အိန္ဒိယသည် သဘောထား ကွဲလွဲ မှုပုံစံကို လုံးဝသည်းမခံကြောင်း ပြသထားသောကြောင့် ကက်ရှ်မီးယား ဒေသခံများသည် ၎င်းတို့၏ အရပ်ဘက် လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ် ခံရသည့်ကြားက အများစုမှာ နှုတ်ဆိတ်လို့ နေပေးခဲ့ရသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကောင်းလာမှုသည် အိန္ဒိယကို အမေရိကန်နှင့် ပိုမိုနီးကပ်စေခဲ့ပြီး အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်တို့ကြားရှိ အင်ဒို-ပစိဖိတ် မဟာဗျူဟာမြောက် မဟာမိတ်အသစ်ဖြစ်သော Quad ထံသို့လည်း အိန္ဒိယရောက်ရှိစေရန် တွန်းအားပေးခဲ့သည်။

စစ်အေးခေတ်တွင် အမြစ်တွယ်နေသည့် အိန္ဒိယ၏ ဘက်မလိုက်သော ရပ်တည်ချက်ဟောင်းသည် ၎င်း၏ နယ်နိမိတ်မှ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာရှိ ဘေဂျင်းပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရပြီးနောက်  နိဋ္ဌိတံ သွားခဲ့သည်။

ကက်ရှ်မီးယား ဒေသတစ်ခုလုံးသည် အိန္ဒိယနိုင်ငံ၏ နယ်နိမိတ်အနေဖြင့် ပထဝီဝင်ဆိုင်ရာ ပြိုင်ဆိုင်မှုနှင့် အင်အား ပြိုင်ဆိုင်မှု၏ အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။

Quad ဟုခေါ်သည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်မဟာမိတ် (AP)

“Quad ၏ အဓိက အချက်ဖြစ်သည့် တရုတ် ရန်လိုမှု မှန်သမျှကို ဆန့်ကျင် တည်ဆောက်နေသည့် လုံခြုံရေးစည်း အသစ် ရှိနေကြောင်း သိရှိစေခြင်းဖြင့် ၎င်း၏ ရည်မှန်းချက်များကို တားဆီးရန် တရုတ်နိုင်ငံအား ခုခံကာကွယ်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်” ဟု ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကန်ဝဲလ်စီဘယ်က ပြော ကြားခဲ့သည်။

ယခုအခါ Quad သည် အိန္ဒိယ၏ မဟာဗျူဟာမြောက် တွေးခေါ်ရှင်များအကြား ဆွေးနွေးမှုများတွင် အဓိက ဗဟိုချက်အဖြစ် မှတ်ယူ၍ နယူးဒေလီအစိုးရသည် နယ်နိမိတ် ထိစပ်မှု ရှည်လျားလှပြီး အိမ်နီးချင်း ဖြစ်သော်လည်း သစ္စာမဲ့လှသည့် တရုတ်နှင့် အကန့်အသတ်မရှိ နယ်နိမိတ်တလျှောက်ဟု ယူဆလျက် အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခဲ့သည်။

ဘေဂျင်းသည် Quad အား ၎င်း၏စီးပွားရေး တိုးတက်မှုနှင့် သြဇာလွှမ်းမိုးမှုကို ချုပ်ကိုင်ရန် ကြိုးပမ်းမှုအဖြစ် အတိ အလင်း ရှုမြင်သည်။

“ဒါက ခင်ဗျားကို တားဆီးဖို့ တခြားသူတွေနဲ့ ပူးပေါင်းရေး အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အချက်ကို တရုတ်နိုင်ငံကို ပြလိုက်တာပါပဲ" ဟု ကန်ဝဲလ်စီဘယ်က ပြောကြားခဲ့သည်။

Source: The Diplomat

 (The Diplomat ဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Aijaz HussainAt 75, India’s Kashmir Challenge Shifts Foreign Policy Focus ခေါင်းစဉ်ဖြင့် ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)