CNI Article News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
အထူးစစ်ဆင်ရေးဟု ရုရှားက သူ့ဘာသာသူ ခေါင်းစဉ်တပ်၍ ဒွန်ဘတ်စ်ဒေသကို နယ်ချဲ့ဖို့ ယူကရိန်းနိုင်ငံထဲသို့ ကျူးကျော် စစ်ဖြင့် ဝင်ရောက်လိုက်ခြင်းသည် ကမ္ဘာ့လူသား သန်းပေါင်းများစွာကို အံ့အားသင့်စေခဲ့ပြီး ရုရှား၏ အိမ်နီးချင်းအားလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။
စစ်ဖြစ်နေသော ဥရောပဒေသတွင်းနှင့် ဝေးကွာစွာ တည်ရှိနေသော တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အနောက်ဘက်သို့ လူအများ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူ၍ ကျူးကျော်လာမည့်အရေးကို ကမ္ဘာ့အရှေ့ဖျားမှ ထိုင်ဝမ်ပြည်သူများ စိုးရိမ်မကင်း ဖြစ်နေကြသည်။
သို့သော် တရုတ်က ထိုင်ဝမ်ကို တိုက်မည့် အရိပ်အယောင် မပြသသော်လည်း ယူကရိန်းစစ်ပွဲက ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းစုအတွက် အရေးကြီးသော ခံစားချက်အသစ်ကို ဖန်တီးပေးခဲ့သည်ကား အမှန်ပင် ဖြစ်လေ၏။