CNI International News

ဆိုးလ်၊ ဇူလိုင် ၁၈

တောင်ကိုရီးယားတွင် ရက်ပေါင်းများစွာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း အယ်ဂျာဇီးလ်ယားမှ ရေးသားဖော်ပြခဲ့သည်။

ထို့နောက် ကယ်ဆယ်ရေး လုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်ကြရန် သမ္မတ ယွန်းဆော့ရွဲ(Yoon Suk-yeol)က အမိန့်ထုတ်ခဲ့သည်။ 

သမ္မတယွန်းသည် ယူကရိန်းခရီးစဉ်မှ ပြန်ရောက်စဉ်မှာပဲ သဘာဝဘေးတုံ့ပြန်ရေး အရေးပေါ် အစည်းအဝေးခေါ်၍ ကပ်ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးလုပ်ရန် အားထုတ်ကြဖို့ အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။  

“ကျနော် မခံရပ်နိုင်လောက်အောင် ဝမ်းနည်းမိပါတယ်။ မိုးထဲရေထဲ သေဆုံးခဲ့သူတွေရဲ့ ဝိဉာဉ်တွေအတွက် ဆုတောင်းပေးပါတယ်။ ဆုံးပါးကြရတဲ့ မိသားစုတွေကိုလည်း နှစ်သိမ့်ပါတယ်”ဟု သမ္မတက ပြောသည်။ 

သမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်

ကပ်ဘေးဒဏ်ခံရသည့် နေရာများကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သတ်မှတ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်နိုင်ရေး ထောက်ပံ့သွားမည်ဟု သမ္မတယွန်းက ကတိပြုခဲ့သည်။ 

နွေမုတ်သုံရာသီ အထွတ်အထိပ်ကို ရောက်လာသည့် တောင်ကိုရီးယားမှာ ဇူလိုင် ၉ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ် ခံနေရသည်။

နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရေကြီးမှုများ အပြင် မြေပြိုမှုများပါ ဖြစ်ပွားနေသည်။

တောင်ကိုရီးယားမှာ ရေကြီးမှု ကယ်ဆယ်ရေးလုပ်နေကြစဉ်

ချောင်းဂျူမြို့တွင်မူ ကယ်ဆယ်ရေးလုပ်သားများက ညအချိန်တွင် လှိုင်လမ်းထဲမှ နောက်ထပ် ရုပ်အလောင်း ၄ လောင်းကို ဆွဲထုတ်နေကြသည်။ 

အနီးအနားရှိ မြစ်မှ တာရိုးကျိုး၍ ရေကြီးရေလျှံလာရာ ဘတ်စ်ကားများ ၁၆ စင်းလောက် မျောပါသွားခဲ့သည်။ 

မီးသတ်ဌာနမှ အကြီးအကဲကမူ လှိုင်လမ်းထဲမှ အသက်ရှင် ကျန်ရစ်သူ ၉ ယောက်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကားများထဲတွင် ခရီးသည် မည်မျှ ပိတ်မိနေကြောင်း မသိနိုင်ဟု ပြောသည်။

Source: အယ်ဂျာဇီးလ်ယား