CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁ 

ထိုင်းနိုင်ငံတွင် လာမည့် ဧပြီလအတွင်း ကျရောက်မည့် မဟာဆွန်ကရန်(သင်္ကြန်ပွဲတော်) ကမ္ဘာ့ရေကစားပွဲတော် ကို မြှင့်တင်ရန်အတွက် ဖေဖော်ဝါရီ ၂၀ ရက်၌ ထိုင်းအစိုးရအဖွဲ့က ဗဟိုရန်ပုံငွေထဲမှ ဘတ် ၁၀၄ သန်းကို ဘတ်ဂျက်အဖြစ် အသုံးပြုခွင့်ပေးခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ခရီးသွားလာရေးနှင့် အားကစားရေးရာဝန်ကြီးဌာနက ဦးစီးကျင်းပမည့် ရေကစားပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၅ ရက်အထိ ဘန်ကောက်မြို့တော်၏ Sanam Luang ဥယျာဉ်မှ Tatchadamnoen လမ်းအထိနှင့် အခြားပြည်နယ် ၁၆ ခုတွင် ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် ထိုင်းနိုင်ငံ၏ အစားအစာ၊ အားကစား ၊ခရီးသွားကဏ္ဍ၊ ဂီတ၊ စာပေ၊ ကစားပွဲများ၊ အနုပညာ၊ ဖက်ရှင်နှင့် ဒီဇိုင်းများကို ပြသသွားမည်ဖြစ်သည်။

ထိုင်း၏ မဟာဆွန်ကရန်(သင်္ကြန်ပွဲတော်)ပွဲတော်ကို တွေ့ရစဉ်

အစိုးရအဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ကေနက်ကာ အွန်ချစ် (Kaenaka Oonchit) က ထိုရေကစားပွဲတော် အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွား ၂၀၀,၀၀၀ ကျော် လာရောက်လိမ့်မည်ဟု မျှော်လင့်ထားပြီး ဝင်ငွေအနေဖြင့် ဘတ် ၃ ဒသမ ၁ ဘီလျံအထိ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အကောင်းဆုံး ပွဲတော်များရှိသည့် နိုင်ငံများစာရင်းတွင် ထိုင်းနိုင်ငံကို ထည့်သွင်းသတ်မှတ်လာစေရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၆ ရက်က UNESCO သည် ထိုင်းနိုင်ငံ၏ ဆွန်ကရန် ရေကစားပွဲတော်ကို လူသားမျိုးနွယ်၏ ဒြပ်မဲ့ ယဉ်ကျေးမှုနှင့် အမွေအနှစ်စာရင်းတွင် ထည့်သွင်းကြောင်း ကြေညာခဲ့သည်။

Source: Thai PBS World