CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တောင်ကိုရီးယားကို နိုင်တဲ့ပွဲက ပီလီအတွက်လို့ ဗီနီစီးယက်စ်ပြော

By CNI
CNI
Category: Watch TV
Hits: 674

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ် အသင်းသားများ ပီလီ ရုပ်ပုံဗီနိုင်းကို ကိုင်ကာ အောင်ပွဲခံနေကြစဉ် (CNN)

တောင်ကိုရီးယားကို နိုင်တဲ့ပွဲက ပီလီအတွက်လို့ ဗီနီစီးယက်စ်ပြော

By CNI
CNI
Category: အားကစား
Hits: 1445

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆

ဘရာဇီးလ်ကြယ်ပွင့် ဗီနီစီးယက်စ်က တောင်ကိုရီးယားအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲဟာ ဂန္တဝင်ကစား သမား ပီလီအတွက် ရည်ညွှန်းတယ်လို့ ပြောလိုက်ပါတယ်။

ဗီနီစီးယက်စ်က “ ပီလီကို ကြီးမားတဲ့ ပွေ့ဖက်မှု ပေးချင်ပါတယ်။ ဒီနိုင်ပွဲက သူ့အတွက်ပါပဲ။ ပီလီအနေနဲ့ အခု အခြေအနေကနေ လွတ်မြောက်ပြီး အားလုံး အဆင်ပြေနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့က သူ့အတွက် ချန်ပီယံဖြစ်အောင် လုပ်မှာပါ”လို့ တောင်ကိုရီးယားနဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ပီလီဟာ ကျန်းမာရေး အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆေးရုံကို ပို့ဆောင်ခံခဲ့ရပြီး နောက်ပိုင်း မှာ အသက်ဆုံးရှုံးနိုင်တဲ့ ပြုစုစောင့်ရှောက်ရေးနေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပီလီနဲ့ သူ့မိသားစုကတော့ ဒီသတင်းတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ပီလီဟာ ဆေးရုံကနေ ဘရာဇီးလ်အသင်းရဲ့ ၁၆ သင်းအဆင့်ပွဲကို ကြည့်နေခဲ့တယ်လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။

 ပီလီရဲ့ ရုပ်ပုံကို ဘရာဇီးလ် ပရိသတ်များ ကိုင်ဆောင်ထားကြစဉ် (Eurosport)

ဘရာဇီးလ် ကစားသမားတွေဟာ ပီလီနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ပွဲအပြီးမှာ ပီလီရဲ့ပုံနဲ့ စာသားပါ စာတန်းကို ကိုင်ဆောင်ခဲ့ကြတာပါ။ ပီလီ ကိုယ်တိုင်ကလည်း ဘရာဇီးလ်အသင်း ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်တာကို ကြည့်ရှုချင်တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းကို အနိုင်ရတဲ့ပွဲမှာ ဘရာဇီးလ်အတွက် ဂိုးတွေကို ဗီနီစီးယက်စ်၊ နေမာ၊ ပါကွေတာနဲ့ ရစ်ချာလီဆန်တို့က သွင်းယူခဲ့တာပါ။

ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် တောင်ကိုရီးယားနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ နေမာဟာ ဒီပွဲမှာ ဂိုးသွင်း ယူနိုင်တာကြောင့် ဘရာဇီးလ်အတွက် သွင်းဂိုး ၇၆ ဂိုးအထိ ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နေမာဟာ ဘရာဇီးလ် ဂိုးသွင်း အများဆုံးကစားသမား ပီလီရဲ့ စံချိန်နဲ့ တူညီဖို့ ၁ ဂိုးသာ လိုအပ်တော့တာပါ။

ပီလီက ၇၇ ဂိုးသွင်းယူပြီး စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကွာတားဖိုင်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက် ကိုင်မြှောက်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဘတ်ပီပြော

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားရချင်ရင် ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ ကစားရမှာပဲလို့ ဟာရီကိန်း ပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s
ပြင်သစ်အသင်း တိုက်စစ်မှူး ဘတ်ပီကိုတွေ့ရစဉ် (Sport)

ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက် ကိုင်မြှောက်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဘတ်ပီပြော

By CNI
CNI
Category: အားကစား
Hits: 1295

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီက သူဟာ ကမ္ဘာ့ဖလားကို အစွဲအလန်းကြီးနေပြီး ၂ ကြိမ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောလိုက်ပါတယ်။

ဘတ်ပီက “ကမ္ဘာ့ဖလားပြိုင်ပွဲကို အစွဲအလန်းကြီးနေပြီး ဒါက ကျနော့် အိမ်မက်တွေထဲက ပြိုင်ဆိုင်မှုပါပဲ။ ကျနော် ကစားရတာ ကံကောင်းပါတယ်။ ဒီပြိုင်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျနော့်ရဲ့ ရာသီကို တည် ဆောက် ခဲ့ပါတယ်။ အခု ကျနော်တို့ ကောင်းမွန်စွာ သွားနေပေမယ့် ကျနော်ချမှတ်ထားတဲ့ ပန်းတိုင်ရောက်ဖို့တော့ ဝေးနေပါသေးတယ်။ ကျနော်လိုချင်တဲ့အရာက ဆုဖလား ရဖို့ပါပဲ”လို့ ပြောခဲ့တာပါ။

၂၀၁၈ ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရထားတဲ့ ဘတ်ပီဟာ ပိုလန်အသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ပြင်သစ်အတွက် ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ဒီပွဲမှာ ပိုလန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဘတ်ပီဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလား ၂ ကြိမ် ကစားအပြီးမှာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ဂီရော့ဒ်ကိုတွေ့ရစဉ် (SI)

အဲ့ဒါကြောင့် ဘတ်ပီဟာ မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုး အရေအတွက်နဲ့ တူညီခဲ့ပြီး ရော်နယ်ဒိုထက် ၁ ဂိုး အသာ ရသွားခဲ့တာပါ။

ဒါ့အပြင် ဘတ်ပီဟာ အသက် ၂၄ နှစ် မတိုင်ခင်မှာ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုး ရယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားစာရင်းကို ဦးဆောင်နေတာပါ။

အသက် ၂၃ နှစ် အရွယ်သာရှိသေးတဲ့ ဘတ်ပီဟာ ပြင်သစ်လက်ရွေးစင်အတွက် ၆၃ ပွဲ ကစားအပြီးမှာ ၃၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်နဲ့ပွဲမှာ ၁ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဂီရော့ဒ်ကလည်း ပြင်သစ်အသင်း ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဂီရော့ဒ်ဟာ ၅၂ ဂိုးနဲ့ အွန်နရီရဲ့ စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းဟာ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘယ်လ်ဂျီယံ အသင်းသားများကို တွေ့ရစဉ် (Sport)

ဆုဖလားလက်မဲ့နဲ့ ရွှေရောင်မျိုးဆက်ကို ဘယ်လ်ဂျီယံ အဆုံးသတ်

By CNI
CNI
Category: ဆောင်းပါး
Hits: 2665

CNI Sport Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄

ဘယ်လ်ဂျီယံ အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး သူတို့ရဲ့ ရွှေရောင်မျိုးဆက်ဟာ ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းဟာ ဥရောပထိပ်တန်းလိဂ်က နာမည်ကြီး ကစားသမားတွေကို ပေါင်းစပ် ထားတာကြောင့် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားရနိုင်တဲ့ အသင်းအဖြစ် ရှိခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းကို ကြည့်ရမယ်ဆိုရင် ဟာဇက်၊ ဒီဘရိုင်း၊ ကော့တွိုက်စ်၊ လူကာကူ၊ ဗာတွန်ဂန်၊ တိုင်လီမန်စ်၊ မူနီယာ၊ဝစ်ဆဲလ်၊ ဘတ်ရူဝါယီတို့ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ လူစာရင်းဖြစ်ပြီး အရင်ကဆို ဖယ်လိုင်နီ၊ ဖာမယ်လန်း တို့တောင် ပါဝင်ခဲ့တာပါ။ သူတို့ လူစာရင်းဟာ တကယ်ကို တောင့်တင်းခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။

လူကာကူကို ခရိုအေရှားနဲ့ပွဲမှာ တွေ့ရစဉ် (Sky Sport)

ဘယ်လ်ဂျီယံ ကစားသမား အများအပြားဟာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ကစပြီး ကာလကြာရှည် တွဲဖက် ကစားခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ ရခဲ့တာကသာ သူတို့အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ခဲ့ရတာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ဘာဆုဖလား အောင်မြင်မှုမှ မရခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၁ နေရာကို ကာလကြာရှည် သိမ်းပိုက်ထားခဲ့ ဖူးပါတယ်။ ဘယ်လ်ဂျီယံအသင်း အနေနဲ့ ဒီလိုနာမည်ကြီး ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် မျိုးဆက်သစ်တွေနဲ့ အစားထိုးပြီး အောင်မြင်မှုရအောင် ပြန်လည် လုပ်ဆောင်ရ တော့မှာပါ။

ခရိုအေးရှား အသင်းနဲ့ပွဲမှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း လူစာရင်းကို ကြည့်မယ်ဆိုရင် ပျှမ်းမျှအသက် ၃၁ နှစ် နဲ့ ၉၅ ရက် ရှိပါတယ်။ ဒါဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း အသင်းတွေ အားလုံးထဲမှာ အသက်အကြီးဆုံး အသင်း ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

နည်းပြ မာတီးနတ်စ်နဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ် (Sport)

ဘယ်လ်ဂျီယံ အသင်းနည်းပြ မာတီးနတ်စ်က “သူတို့မှာ အိုနာနာနဲ့ ဒိုကူတို့လို ကစားသမားတွေ ရှိပါတယ်။ ရွှေရောင်မျိုးဆက်က မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ တခုခု လုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီဘရိုင်းနဲ့ ဟာဇက်တို့က အသက် ၃၁ နှစ်၊ ဗဟိုနောက်ခံ လူတွေဖြစ်တဲ့ ဗာတွန်ဂန်နဲ့ အယ်လ်ဒါဝီရယ်လ်တို့က ၃၅ နှစ်နဲ့ ၃၃ နှစ်အရွယ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီဘရိုင်းက သူတို့အသင်းက ကစားသမားတွေဟာ အသက်အရွယ် ကြီးလွန်းတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်တွေကြောင့် အသင်းထဲမှာ စိတ်ဝမ်းကွဲမှု တွေတောင် ဖြစ်ခဲ့တာပါ။

မော်ရိုကို အသင်းကို အရေးနိမ့်တဲ့ပွဲမှာ နောက်ခံလူ ဗာတွန်ဂန်က ရှေ့တန်း ကစားသမားတွေက အသက်ကြီး လွန်း နေတာကြောင့် ကောင်းမွန်တဲ့ အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ ပါသေးတယ်။

ဒါတွေကလည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း ကျရှုံးတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ခရိုအေရှား ယှဉ်ပြိုင်စဉ် (Football365)

ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အုပ်စုတွင်း ၃ ပွဲစလုံး အနိုင်ရခဲ့ပေမယ့် အခု ၂၀၂၂ ပြိုင်ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး သွင်းဂိုးကလည်း ၁ ဂိုးသာ ရခဲ့တဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့တာ ပါ။ ရွှေရောင်မျိုးဆက် တစ်ခုလို တောက်ပခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း အခုအချိန်ထိ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ နည်းပြ မာတီးနတ်စ်ပါပဲ။

မာတီးနတ်စ် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို ကြည့်ရရင် ဝီဂန်၊ ဆွမ်ဆီး၊ အဲဗာတန် အသင်းတွေသာ ဖြစ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းက သူ့ကို ယုံယုံကြည်ကြည်နဲ့ ၂၀၁၆ ကတည်းက နည်းပြအဖြစ် ခန်အပ်ခဲ့တာ ဖြစ်ပါတယ်။

မာတီးနတ်စ်ဟာ ဝီဂန်အသင်းကို အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့တာကလွဲပြီး နည်းပြဘဝမှာ အောင်မြင်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း မာတီးနတ်စ်ဟာ ထိပ်တန်းအဆင့်ရှိတဲ့ ဘယ်လ်ဂျီယံ ကစား သမားတွေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မာတီးနတ်စ်ဟာ ဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်တာ ၆ နှစ်ကြာခဲ့ပေမယ့် လောက်လောက်လားလား ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ သူ့နေရာမှာ တခြားနည်းပြဆိုရင် ဘယ်လ်ဂျီယံအသင်း ပြိုင်ပွဲတစ်ခုခုမှာ ချန်ပီယံဆု ရယူ နိုင်မှာ ဖြစ်ပါတယ်။

 စိတ်ဓာတ်ကျနေတဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ်(The Japan Times)

အခုတော့ မာတီးနတ်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ဘယ်လ်ဂျီယံနည်းပြ ရာထူးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနတ်စ်က “ဘယ်လ်ဂျီယံအသင်းမှာ စိတ်ပျက်စရာ ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ မှန်ထဲမှာ သူတို့ကိုယ် သူတို့ ကြည့်လိုက်မယ်ဆိုရင် လုံလောက်မှု မရှိဘူးဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ”လို့ BBC 0ne ကို ပြောခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ နည်းပြသစ်နဲ့အတူ ရွှေရောင်မျိုးဆက် ကစားသမားတချို့ကို လူငယ် ကစားသမားတွေနဲ့ သာ အတွဲညီစွာ ပေါင်းစပ် နိုင်ခဲ့မယ်ဆိုရင် လာမယ့် ယူရိုပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင် မယ့် အသင်း ပြန်ဖြစ်လာနိုင်ပါတယ်။

အခုတော့ ဘယ်လ်ဂျီယံအသင်းရဲ့ ရွှေရောင်မျိုးဆက်တို့ရဲ့ အလားအလာနဲ့ အနာဂတ် စောင့်ကြည့်ရပေတော့မည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ရတာ အလွန်နာကျင်ဖို့ကောင်းတယ်လို့ ဆွာရက်စ်ပြော

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s

လူစားလဲချိန် နည်းပြနဲ့ အဆင်မပြေ ဖြစ်တယ်ဆိုတာကို ရော်နယ်ဒိုငြင်း

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s
တောင်ကိုရီးယားရဲ့ လူငယ်ကစားသမား ချိုဂဲလ်ဆောင် ကိုတွေ့ရစဉ် (The Athletic)

လက်ထပ်ဖို့ ကမ်းလှမ်းခံရတာများလာလို့ ဖုန်းပါပိတ်ခဲ့ရတဲ့ ချိုဂဲလ်ဆောင်

By CNI
CNI
Category: အားကစား
Hits: 1232

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယားရဲ့ ဘောလုံးကြယ်ပွင့် ချိုဂဲလ်ဆောင်ဟာ အိမ်ထောင်ပြုဖို့ ကမ်းလှမ်းခံရတာ များလာပြီး အာရုံစူးစိုက်မှု ခံရလွန်းတာကြောင့် ဖုန်းပါပိတ်ခဲ့ရတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ရုပ်ရည်နဲ့ ဂိုးသွင်းစွမ်းရည် ကောင်းမွန်မှုတွေကြောင့် နာမည် ကျော်ကြား လာခဲ့ပါတယ်။

ဂါနာအသင်းနဲ့ ကစားတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ တောင်ကိုရီးယား အသင်းအတွက် ၂ ဂိုး သွင်းယူပြီးနောက် ချိုဂဲလ်ဆောင်ရဲ့ အင်စတာဂရမ် ဖော်လိုဝါဟာ အများအပြား တိုးလာခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် အချိန်အထိ ဖော်လိုဝါ ၂၀,၀၀၀ ရှိတာကနေ ၁.၆ သန်းအထိ တိုးလာခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။

ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ချိုဂဲလ်ဆောင်(Reuters)

အရန်ခုံတန်းပေါ်မှာ ထိုင်နေတဲ့ သူ့ရဲ့ ဗွီဒီယိုကို ကြည့်ရှုသူကလည်း ၇.၃ သန်းကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ချိုဂဲလ်ဆောင်ဟာ အခုအချိန်မှာတော့ အာရုံစူးစိုက်မှု အများအပြားခံရလို့ ဖုန်းပါ ပိတ်ပစ်ခဲ့ရတာပါ။

သတင်းထောက် ဆိုလ်ဂျူဟွမ်က “ သူအနားယူရမှာပါ။ သူ့ဖုန်းက တစ်ညလုံးကို လာနေတာပါ။ အဲ့ဒါက သူ့ကို နိုးစေပါတယ်။ သူက ဘောလုံးကို အာရုံစိုက်ဖို့ ကြိုးစားနေပေမယ့် မက်ဆေ့ချ်တွေက အချိန်တိုင်းကို လာနေ တာ”လို့ တခြားသော သတင်းထောက်တွေကို ပြန်လည် ပြောပြခဲ့ပါတယ်။

ချိုဂဲလ်ဆောင်ကို ၁၉၉၈ က အန်ဆန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ မိဘတွေဟာ အားကစားသမားတွေဖြစ်ကြ တယ်လို့ သိရပေမယ့် နာမည်နဲ့ အချက်အလက်တွေကိုတော့ သိရခြင်း မရှိပါဘူး။

သူဟာ ကွင်းလယ်ခံစစ် ကစားသမားအဖြစ် အန်ယန်း လူငယ်အကယ်ဒမီမှာ စတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ချိုဂဲလ်ဆောင်ဟာ လက်ရှိအချိန်မှာတော့ ဂျောင်ဘွတ်ဟွန်ဒိုင်းအသင်းမှာ ကစားနေပြီး ခြေစွမ်းပြသနေတာပါ။

ဒါကြောင့် ချိုဂဲလ်ဆောင်ဟာ တောင်ကိုရီးယား လက်ရွေးစင်အတွက် ၂၀၂၁ မှာ စတင် ရွေးချယ်ခံခဲ့ရပြီး ၁၉ ပွဲ ပါဝင် ကစားထားကာ ၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ နည်းပြ ဖာနန်ဒိုဆန်းတို့စ်တို့ကိုတွေ့ရစဉ်

လူစားလဲချိန် နည်းပြနဲ့ အဆင်မပြေ ဖြစ်တယ်ဆိုတာကို ရော်နယ်ဒိုငြင်း

By CNI
CNI
Category: အားကစား
Hits: 1533

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃

ပေါ်တူဂီအသင်းရဲ့ ခေါင်းဆောင် ရော်နယ်ဒိုဟာ တောင်ကိုရီးယား အသင်းနဲ့ ပွဲစဉ်မှာ လူစားလဲချိန် နည်းပြနဲ့ အဆင်မပြေ ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းဆန် လိုက်ပါတယ်။

ရော်နယ်ဒိုက “ ကျနော်လူစားမလဲခင် ဘာဖြစ်ခဲ့လဲဆိုတော့ တောင်ကိုရီးယား ကစားသမားက မြန်မြန်ထွက်သွားဖို့ ပြောခဲ့ပါတယ်။ ကျနော်ကတော့ မင်းမှာ ဒီလိုပြောဖို့ အခွင့်အာဏာ မရှိဘူးဆိုပြီး ပါးစပ်ပိတ်ထားဖို့ ပြောလိုက်ပါ တယ်။ နည်းပြနဲ့ သဘောထား ကွဲလွဲမှု ဖြစ်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ပွဲစဉ် ၆၅ မိနစ်မှာ လူစားလဲခံရချိန် တောင်ကိုရီးယား ကစားသမားကို ရည်ရွယ်တဲ့ အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တူဂီ မီဒီယာတွေက ရော်နယ်ဒိုဟာ လူစားလဲ ခံရချိန်မှာ နည်းပြကို ရိုင်းစိုင်းတဲ့ ဘာသာစကား အသုံးပြုခဲ့တယ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်း ခေါင်းဆောင်ကတော့ ဒါကို ငြင်းဆန် သွားခဲ့ တာပါ။

တောင်ကိုရီးယားအသင်း ကစားသမားကို ရော်နယ်ဒို တုန့်ပြန်နေစဉ် 

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က “ ကိုရီးယားကစားသမားနဲ့ အပြန်အလှန် စကားပြောနေတာကို မြင်တွေ့ လိုက်ရပါတယ်။ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သံသယမရှိပါဘူး”လို့ လူစားလဲမှုနဲ့ ပတ်သက်ပြီး သတင်းထောက် ရဲ့ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုး မသွင်းယူနိုင်တာကြောင့် ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့ အူဆီဘီယိုရဲ့ စံချိန်ကို လိုက်မှီဖို့ လာမယ့်ပွဲတွေအထိ စောင့်ဆိုင်းရတော့မှာပါ။

အခုဆိုရင် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအတွက် ၈ ဂိုး သွင်းယူထားပြီး အူဆီဘီယိုက ၉ ဂိုး သွင်းယူ ထားပါတယ်။

ပေါ်တူဂီအသင်းဟာ တောင်ကိုရီးယားအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုပထမနဲ့ နောက်တဆင့်တက်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျာမနီလက်ရွေးစင်ကနေ အနားယူဖွယ်ရှိကြောင်း သော်မတ်စ်မူလာ ပြော

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်သစ်တင်ချင်တယ်လို့ ဂျပန်နည်းပြ ပြော

By CNI
CNI
Category: Watch TV
Hits: 879

Share
Tweet
Share
Share
powered by social2s
ပီလီနဲ့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားမှုကိုတွေ့ရစဉ်

ဆေးရုံတက်တာက ပုံမှန်လစဉ် သွားရောက်တာဖြစ်တယ်လို့ ပီလီပြော

By CNI
CNI
Category: အားကစား
Hits: 1476

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂

ဘရာဇီးလ်ဂန္တဝင် ကစားသမားကြီး ပီလီက ဆေးရုံတက်တာက ပုံမှန်လစဉ် သွားရောက်တာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီနောက် သူ့ကို ကျန်းမာရေးကောင်းဖို့ ဆုတောင်းပေးတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပီလီက ပြောလိုက်ပါတယ်။

ပီလီက “ သူငယ်ချင်းတို့ရေ၊ ငါက ဆေးရုံကို လတိုင်း သွားရောက်နေရတာပါ။ အလွန်ကောင်းမွန်ပြီး အပြုသဘော ဆောင်တဲ့ မက်ဆေ့ချ်တွေကို လက်ခံရရှိတာကို အမြဲတမ်း ဝမ်းသာပါတယ်။ ကျန်းမာရေးကောင်းဖို့ ဆုတောင်းပေး တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

အသက် ၈၂ နှစ်အရွယ်ရှိ ပီလီဟာ အထွေထွေ ရောင်ရမ်းမှုနဲ့အတူ ဆော်ပေါ်လိုရှိ ဆေးရုံကို သွားရောက်ခဲ့ရတယ် လို့ ESPN Brazil က ဖော်ပြခဲ့ပြီးနောက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး ပီလီကိုတွေ့ရစဉ်

ပီလီဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက အူမကြီးမှာရှိတဲ့ အကျိတ်ကို ဖယ်ရှားပြီးကတည်းက ပုံမှန်ကုသမှု ခံယူနေ ရတာပါ။

ပီလီရဲ့ သမီးဖြစ်သူ ကီလီနာစီမန်တိုကလည်း သူ့အဖေဟာ ဆေးရုံတက်နေရပေမယ့် အရေးပေါ် မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်အပြီးမှာ ပြန်လည်ရှင်းပြထားတာ ဖြစ်ပါတယ်။

“အရေးပေါ် အခြေအနေ ဒါမှမဟုတ် ဆိုးရွားတဲ့ ခန့်မှန်းချက် အသစ်တော့ မရှိပါဘူး။ သူက ဆေးရုံမှာ ဆေးဝါးတွေ ကို ထိန်းညှိနေတာ”လို့ ကီလီနာစီမန်တိုက သူမရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ပီလီဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားပြီး ၉၂ ပွဲ ပါဝင်ကစားကာ ၇၇ ဂိုး သွင်းယူထားတာပါ။

အသက် ၈၂ နှစ်အရွယ်ရှိ ပီလီဟာ ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်မှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမား ၄ ဦးထဲက ၁ ဦး အပါအဝင် ဖြစ်ပါတယ်။

ပီလီဟာ ကာတာမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ချန်ပီယံ ဆုကို ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောထားတာ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းကတော့ လက်ရှိအချိန်မှာ ၁၆ သင်းအဆင့်ကို တက်ရောက် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
နေမာ ဒဏ်ရာရရှိသွားခဲ့စဉ်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေမာ မပါဝင်နိုင်တော့မှာကို ဘရာဇီးလ်အသင်း စိုးရိမ်

By CNI
CNI
Category: အားကစား
Hits: 1520

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂

နေမာဟာ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာဖို့ ရုန်းကန်နေရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ မပါဝင်နိုင်တော့မှာကို ဘရာဇီးလ်အသင်းက စိုးရိမ်နေပါတယ်။

နေမာဟာ ဆားဘီးယားကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်မှာ ဘရာဇီးလ်အတွက် ပါဝင်ခဲ့ပေမယ့် ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ခံခဲ့ရတာကြောင့် ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့တာပါ။

အဲ့ဒီ အချိန်ကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေမာ မပါဝင်နိုင်တော့မှာကို စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် စကန်ဖတ် စစ်ဆေးမှုတွေအပြီးမှာ အုပ်စုအဆင့်ပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဘရာဇီးလ်ဆေးအဖွဲ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နေမာ အနေနဲ့ ဘရာဇီးလ်အသင်း အုပ်စုအဆင့်က တက်နိုင်မယ်ဆိုရင် ပြန်လည် ပါဝင်နိုင်ဖွယ် ရှိတယ်လို့ ပြောခဲ့တာပါ။

နေမာကို ဒိုင်လူကြီးက မေးမြန်းနေစဉ်

ဒါပေမယ့် တောင်အမေရိကလာတဲ့ သတင်းတွေအရ နေမာရဲ့ ဒဏ်ရာဟာ အရင်က မျှော်လင့်ထားတာထက် ပိုပြီး ဆိုးလာမှာကို ဘရာဇီးလ်က စိုးရိမ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဘရာဇီးလ်အသင်းဟာ ၁၆ သင်း အဆင့် ပွဲစဉ် တွေကို တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့မှာ ကစားရမှာဖြစ်ပြီး ဒီပွဲကို နေမာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။

ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ရေပန်းစားနေပြီး ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့မယ်ဆိုရင် နေမာ အနေနဲ့ ပြန်လည်ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်တယ်လို့လည်း သိရပါတယ်။

နေမာဟာ တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေတာဖြစ်ပြီး နောက်ဆုံး ၂ ကြိမ် တုန်းက လည်း ကြံ့ခိုင်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၄ တုန်းက ၅ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပါဘူး။

၂၀၁၈ ပြိုင်ပွဲတုန်းကလည်း နေမာဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရလို့ အသင်းဟာ ကွာတားဖိုင်နယ်ကနေ ထွက်ခွာ ခဲ့ရတာပါ။ နေမာဟာ ဘရာဇီးလ်အတွက် ၁၂၂ ပွဲ ကစားထားပြီး ၇၅ ဂိုးသွင်းယူကာ ပီလီရဲ့ နောက် လက်ရွေးစင် အသင်းရဲ့ ဒုတိယဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပီလီဆေးရုံတက်နေရပေမယ့် အရေးပေါ်မဟုတ်ဘူးလို့ သမီးဖြစ်သူပြော

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

ပိုလန်နဲ့ပွဲမှာ ပင်နယ်တီမဝင်ခဲ့လို့ ဒေါသထွက်မိကြောင်း မက်ဆီ ပြော

By CNI
CNI
Category: Watch TV
Hits: 695

Share
Tweet
Share
Share
powered by social2s
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29

Page 25 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar