CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဗာတွန်ဂန်၊ ဒီဘရိုင်း၊ ဟာဇတ်တို့ကိုတွေ့ရစဉ် (Goal)

မော်ရိုကိုကို ရှုံးနိမ့်ခဲ့မှု ဒီဘရိုင်းနဲ့ ဟာဇတ်ကို ဗာတွန်ဂန်ထိုးနှက်

By CNI
CNI
Category: အားကစား
Hits: 1470

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈

ဗာတွန်ဂန်က မော်ရိုကိုကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဘယ်လ်ဂျီယံအသင်းဟာ အိုမင်းလွန်းနေပြီး ခံစစ်ပိုင်းကလည်း အားနည်းတယ်လို့ ပြောခဲ့တဲ့ ဒီဘရိုင်းနဲ့ ဟာဇတ်တို့ကို ပြန်လည် ထိုးနှက်သွားခဲ့ပါတယ်။

ဗာတွန်ဂန်က “ ကျနော်တို့ရဲ့ ရှေ့တန်းက အိုမင်းလွန်းတာကြောင့် တိုက်စစ်ပိုင်းက တော်တော်လေးကို ဆိုးရွား ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ လုံလောက်တဲ့ အခွင့်အရေးကိုလည်း မဖန်တီးနိုင်ခဲ့ပါဘူး။တူညီတဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရပါတယ်”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်လို့ သတ်မှတ်ခံထားရတဲ့ ဒီအစုအဖွဲ့ဟာ မော်ရိုကိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်သာ ရရှိထားပြီး နောက်တဆင့် တက်ဖို့ဆိုရင် ခရိုအေးရှားအသင်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်သွားပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ကစားသမား ဗာတွန်ဂန်ကို ကစားဖော်များနဲ့အတူတွေ့ရစဉ် (Sport)

ဒီပွဲမတိုင်ခင်မှာ ဒီဘရိုင်းက “ ဘယ်လ်ဂျီယံအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေဟာ အိုမင်းနေပြီး၊ တစ်သင်း လုံး ကလည်း အိုမင်းလွန်း နေတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဆုရဖို့ မဖြစ်နိုင်ဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် ဟာဇတ်ကလည်း “ ကျနော်တို့ရဲ့ ခံစစ်ကစားသမားတွေဟာ မလျင်မြန်တော့ပါဘူး။ ဒါကို သူတို့သိပါတယ်”လို့ မော်ရိုကိုနဲ့ ပွဲမတိုင်ခင်မှာ ပြောခဲ့တာပါ။

ဒီလိုပြောဆိုမှုတွေကို ဗာတွန်ဂန်က မော်ရိုကိုနဲ့ ပွဲအပြီးမှာ ပြန်လည် တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ နည်းပြ မာတီးနတ်စ်က သူတို့ဟာ ၆ နှစ်ကြာ အတူလက်တွဲခဲ့ကြတာဖြစ်ပြီး ဒီလိုမှတ်ချက်တွေက အနိုင်ရဖို့ အထောက်အကူ မဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။

မာတီးနတ်စ်က “ ကီဗင်ရဲ့ မှတ်ချက်ကို ကျနော် ပထမဆုံးအကြိမ် ကြားခဲ့ရတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစား သမားတွေက မီဒီယာတွေကို နေ့တိုင်း စကားပြောနေရမှာပါ။ ၉၀ ရာခိုင်နှုန်းက အကောင်းမြင်တက်ပေမယ့် အကြောင်းအရာနဲ့ မကိုက်ညီတဲ့ စာကြောင်း ၁ ကြောင်း၊ ၂ ကြောင်းလောက်ကတော့ အမြဲရှိနေမှာပါ။ ကစားသမား တွေက သူတို့ရဲ့ အမြင်တွေကို ထုတ်ပြခွင့် ရှိပါတယ်”လို့ ပြောပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့် ၁ နေရာကို အကြာကြီး ရယူခဲ့ပြီး ကမ္ဘာ့အဆင့်ရှိ ကစားသမားတွေ အများကြီး ပါဝင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတော့ မရခဲ့ပါဘူး။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 799

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ် (Reuters)

နောင်အနှစ် ၅၀ ကြာလည်း ရော်နယ်ဒိုအကြောင်းကို ပြောနေမှာပါပဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 3869

CNI Sport Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၇

နောင်အနှစ် ၅၀ ကြာလည်း ရော်နယ်ဒိုအကြောင်းကို အားလုံးက ဆက်ပြောနေမှာပါပဲ။

ဒီစကားကို ပြောလိုက်တာကတော့ ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ပဲ ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒို စံချိန်သစ် တင်ပြီးနောက် ဒီစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ နည်းပြ ဆန်းတို့စ်ကိုတွေ့ရစဉ် (CTV News)

ရော်နယ်ဒိုဟာ ဂါနာအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

ဒီလိုမျိုးစံချိန်ကို နာမည်ကြီး ကစားသမား အများအပြား ဘယ်သူကမှ မလုပ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက လုပ်နိုင်ခဲ့ တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ် ကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ရော်နယ်ဒိုဟာ ၂၁ နှစ် သားထဲက ဒီပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ ၅ ကြိမ်ဆက် ဂိုးသွင်းဖို့ ဆိုတာလည်း တကယ်ကို မလွယ်ကူတာပါ။ ဒါကို ရော်နယ်ဒိုက လုပ်ဆောင်နိုင် ခဲ့တာ ဖြစ်ပါတယ်။

အားလုံးလည်း သိနေတဲ့ အတိုင်းပါပဲ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက် သိမ်းထားတာ ဖြစ်ပါတယ်။ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီးမှာ ရော်နယ်ဒိုဟာ ယူနိုက်တက် ကိုရော အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။

ရော်နယ်ဒို အကောင်းဆုံးဆု ရခဲ့(Sports Brief)

ရော်နယ်ဒိုဟာ ဒီလိုတွေ ပြောခဲ့မှုကြောင့် ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်း ခဲ့ရပေမယ့် အာရုံဝေဝါးသွားတာ မရှိဘဲ ပေါ်တူဂီအတွက် အပြည့်အဝ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ စံချိန်မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုက “ကျနော်နဲ့ ယူနိုက်တက်တို့ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားတာ တစ်ပတ်လောက်ရှိပါပြီ။ ဒါကို ပိတ် လိုက်ပါပြီ။ ကျနော် ပေါ်တူဂီကို အနိုင်ရအောင် ကူညီမယ်၊ ကျန်တာဘာမှ အရေးမကြီးပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တာကို ကျနော်အလွန် ဂုဏ်ယူတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ပါဝင်ခွင့် ရခဲ့ပြီး အီရန်အသင်းနဲ့ ပွဲမှာ ဂိုး စတင် သွင်းယူနိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား သွင်းဂိုးက ၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီ အတွက် ၁၉၂ ပွဲ ပါဝင်ကစားထားပြီး ၁၁၈ ဂိုး သွင်းယူကာ နိုင်ငံတကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် လည်း စံချိန်တင် ထားခဲ့တာပါ။

ဂါနာအသင်းဘက်ကို ဂိုးသွင်းနေတဲ့ ရော်နယ်ဒို (New Straits Times)

ဖာနန်ဒိုဆန်းတို့စ်က “ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး၊ ထာဝရ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ရော်နယ်ဒိုဟာ သဘာဝက ဖြစ်လာတဲ့သူ၊ ဂန္တဝင်ပါ။ နောက်ထပ် အနှစ် ၅၀ ကြာရင်လည်း ကျနော်တို့ သူ့အကြောင်းကို ဆက်ပြီး ပြောနေဦးမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂါနာနဲ့ ပွဲမှာ သွင်းယူတဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ အပါအဝင် အဓိကပြိုင်ပွဲ ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖွန်တီက “ ရော်နယ်ဒိုက စံချိန်မှတ်တမ်းတွေနဲ့အတူ ဒီကမ္ဘာ့ ဖလားကို လာရောက်တာပါ။ မှတ်တမ်းတွေက သူ့နောက်ကို လိုက်နေတာပါ။ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်း ယူနိုင်လို့ သူအလွန်ဂုဏ်ယူ နေမယ်ဆိုတာ သေချာပါတယ်။ ဒါက သူ့အတွက်ရော ပေါ်တူဂီအတွက်ပါ ကောင်းမွန် တဲ့ အောင်မြင်မှုတစ်ခုပါ”လို့ BBC 5 Live နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးက မ္ဘာ့ဖလားဖြစ်ဖို့ များနေလို့ အာရုံအပြည့်အဝ စိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုအတွက် နောက်ထပ် စံချိန်မှတ်တမ်း ကောင်းတွေကလည်း စောင့်မျှော်နေတာပါ။

ရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းဖော်များကိုတွေ့ရစဉ် (Reuters)

ဘောလွန်းဒီအောဆု ၅ ကြိမ်၊ ယူရိုချန်ပီယံဆုနဲ့ နေးရှင်းလိဂ် တို့ကို ရယူထားတဲ့ ရော်နယ်ဒို အတွက်တော့ ကမ္ဘာ့ ဖလား ချန်ပီယံဆု ရယူဖို့က သူ့အတွက် အိမ်မက်အဖြစ် ရှိနေပါတယ်။ ဒါကိုသူကလည်း အကောင်အထည် ဖော်ချင်နေတာပါ။

ဒါကြောင့်လည်း သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ချန်ပီယံဖြစ်မယ်ဆိုရင် လက်ရွေးစင် ကစားသမားဘဝကို အဆုံး သတ်တော့မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်းအတွက် ကစားသမားဘဝ ပြီးပြည့်စုံဖို့ဆိုရင် ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ဖို့ပဲ လိုအပ်တော့တာပါ။ အသင်းဖော်တွေကလည်း ရော်နယ်ဒိုအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဝန်ခံထားကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီး စံချိန်သစ်တွေထပ်ပြီး တင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးလ်ရဲ့ အုပ်စု ၂ ပွဲစလုံး နေမာ မပါဝင်နိုင်

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s

ပြင်ပဆူညံသံတွေကို လျစ်လျူရှုဖို့ အင်္ဂလန်ကစားသမားတွေကို ဆောက်ဂိတ်ပြော

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
အင်္ဂလန်အသင်းသားများကိုတွေ့ရစဉ် (Sport)

ပြင်ပဆူညံသံတွေကို လျစ်လျူရှုဖို့ အင်္ဂလန်ကစားသမားတွေကို ဆောက်ဂိတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1358

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆

အင်္ဂလန်အသင်းဟာ အမေရိကန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အပြီးမှာ လှောင်ပြောင်မှုတွေ ခံနေရတာကြောင့် ဒါတွေကို လျစ်လျူရှုဖို့ ကစားသမားတွေကို နည်းပြ ဆောက်ဂိတ်က ပြောလိုက်ပါတယ်။

ဆောက်ဂိတ်က “ ကျနော်တို့ရဲ့ ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်စေချင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒါကို ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ လူတွေကတော့ ဒါကို တုံ့ပြန်ကြမှာပါပဲ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က နောက်တဆင့် တက်ဖို့ပါ။ ဒီလို အခိုက်အတန့်တွေမှာ ကျနော်တို့ ငြိမ်သက် နေရပါမယ်။ ပြင်ပက ဆူညံသံတွေ ကတော့ ထွက်လာနေပါတယ်။ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဆူညံသံတွေ အများကြီး ရှိနေမယ်ဆိုတာ သေချာ ပါတယ်။ ဒါပေမယ့် အုပ်စုတွင်းတွေထဲမှာ ၉ မှတ်ရတဲ့အသင်း အများကြီး မရှိပါဘူး”လို့ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အီရန်အသင်းကို ၆ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အမေရိကန်နဲ့ ပွဲမှာ ဂိုးသွင်း နိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ၂ သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ် မကောင်းတာကြောင့် အခုလို ၁ မှတ်စီ ခွဲဝေခဲ့ရတာပါ။

 အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကိုတွေ့ရစဉ် (Sky News)

အင်္ဂလန်အသင်းဟာ ဒီပွဲ သရေကျခဲ့ပေမယ့် နောက်တဆင့်တက်ဖို့ အခြေအနေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပရိသတ် အများအပြားက အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး ပွဲအပြီးမှာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

အသင်းခေါင်းဆောင် ဟာရီကိန်းက အဖွင့်ပွဲမှာ အီရန်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့သလိုမျိုး အသင်းတိုင်းကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ သရေကျတာက ကမ္ဘာကြီးကို အဆုံးသတ်သွားတာ မဟုတ်သလို ကျနော်တို့ဟာ အုပ်စုတွင်းမှာ ကောင်းမွန်တဲ့ အနေအထား ရှိနေပါတယ်။ နောက်ထပ်တစ်ပွဲကို စောင့်မျှော်နေပြီး ဒီထက် ပိုကောင်းအောင် ကစားနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ဘယ်လိုပွဲမှ မလွယ်ကူပါဘူး။ ပထမပွဲအပြီးမှာ လူတွေက ကျနော်တို့ ကစားတဲ့ အသင်းတိုင်းကို ဂိုးပြတ် နိုင်မယ်လို့ ထင်နေကြပါတယ်။ ဒါက မဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဝေးလ်စ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဝေးလ်စ်အသင်းကတော့ အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာ ဖြစ်ပါတယ်။

Source: Metro/Daily Mail

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (Barca Blaugranes)

မက္ကဆီကိုနဲ့ပွဲမှာ လီဝန်ဒေါစကီး ပင်နယ်တီလွဲခဲ့၊ ပိုလန်အတွက် ပင်နယ်တီဆက်ကန်မယ်

By CNI
CNI
Category: အားကစား
Hits: 1287

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

မက္ကဆီကိုနဲ့ပွဲမှာ ပိုလန်အသင်းရဲ့ အသင်းခေါင်းဆောင် လီဝန်ဒေါစကီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်အသင်း အတွက် ပင်နယ်တီ ကန်သွင်းမှုတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နည်းပြ မီချီနီဝစ်ဇ်က ပြောပါတယ်။

မီချီနီဝစ်ဇ်က “လီဝန်ဒေါစကီး အပါအဝင် မက္ကဆီကိုပွဲနဲ့ ပတ်သက်ပြီး တစ်သင်းလုံးနဲ့ စကားပြောခဲ့ပါတယ်။ ပင်နယ်တီ ကန်သွင်းတာနဲ့ ပတ်သက်ပြီး ဘာမှပြောင်းလဲမှု မရှိပါဘူး။ ရောဘတ်ဟာ ဒါကို စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရဆဲ ဖြစ်ပါတယ်။ အားလုံးက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ဘာမှ ပြောင်းလဲခြင်း မရှိပါဘူး”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

လီဝန်ဒေါစကီးဟာ မက္ကဆီကိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ပိုလန်အသင်းရတဲ့ ပင်နယ်တီ အခွင့်အရေးကို ကန်သွင်းခွင့် ရခဲ့တာပါ။

လီဝန်ဒေါစကီးရဲ့ ပင်နယ်တီကန်သွင်းမှုကို မက္ကဆီကိုအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့စဉ် (Sport)

ဒါပေမယ့် သူ့ရဲ့ ကန်သွင်းမှုကို မက္ကဆီကိုအသင်းရဲ့ ဂိုးသမား အိုချူအာက ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးကပဲ ပိုလန်အတွက် ပင်နယ်တီတွေကို ဆက်ပြီး ကန်သွင်းသွားမှာပါ။

လီဝန်ဒေါစကီးဟာ လက်ရှိအချိန်ထိ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ သွင်းဂိုး မရသေးတာကြောင့် ဒီပြိုင်ပွဲမှာ အရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး အတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလား ပြိုင်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ၁၃၅ ပွဲ ပါဝင်ကစားထားပြီး ၇၆ ဂိုးသွင်းယူကာ နိုင်ငံရဲ့ ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ပိုလန်အသင်းဟာ နိုဝင်ဘာလ ၂၆ ရက်မှာ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်အသင်းကို ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေတဲ့ ဂါရတ်ဘေးလ်ကို တွေ့ရစဉ် (Eurosport)

ဝေးလ်စ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားနိုင်တယ်လို့ ဂါရတ်ဘေးလ်ပြော

By CNI
CNI
Category: အားကစား
Hits: 1287

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

အီရန်အသင်းကို အရေးနိမ့်ပြီးနောက် ဝေးလ်စ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားပြီလို့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ဝန်ခံလိုက်ပါတယ်။

ဂါရတ်ဘေးလ်က “ပြောဖို့ တခြားနည်းလမ်း မရှိပါဘူး။ ကျနော်တို့ နောက်ဆုံးစက္ကန့်ထိ တိုက်ပွဲဝင်ခဲ့ပေမယ့် ခက်ခဲသွားခဲ့ပါတယ်။ ကျနော်တို့ ထပ်ပြီး ကြိုးစားရမှာပါ။ ကျနော်တို့ အားလုံး ကြေကွဲနေကြပါတယ်။ ဒီလို အရှုံးကနေ ချက်ခြင်း ပြန်လာရမှာဖြစ်ပြီး ဒါက ခက်ခဲပေမယ့် အကောင်းမြင်ရမှာပါ။ အနီကတ်က ပွဲကို လုံးဝ ပြောင်းလဲသွားစေခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

ဝေးလ်စ်အသင်းဟာ ဂိုးသမား ဟန်နက်ဆီ တိုက်ရိုက် အနီကတ်နဲ့ မထုတ်ပယ်ခံရချိန်အထိ ဂိုးမရှိ သရေကျနေခဲ့ ပေမယ့် ထုတ်ပယ်ခံရ အပြီးမှာ အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။

အီရန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ ယှဉ်ပြိုင်နေစဉ် (FIFA)

အဲ့ဒါကြောင့် အီရန်အသင်းဟာ နာကျင်အချိန်ပိုမှာ ဝေးလ်စ်အသင်းဘက်ကို ၂ ဂိုးဆက်တိုက် သွင်းပြီး နိုင်ပွဲရယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဝေးလ်စ်အသင်းဟာ ဒီရှုံးပွဲကြောင့် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာပါ။

အဲ့ဒါကြောင့် နောက်တဆင့်တက်ဖို့ ခက်ခဲသွားပြီး အုပ်စုနောက်ဆုံးပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့မယ် ဆိုရင် တောင် အုပ်စုတွင်း တခြားပြိုင်ဘက်တွေရဲ့ အခြေအနေကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်က “ဒါဟာ ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ တခြားပွဲတွေအပေါ်မှာ မူတည်နေပေမယ့် ဒါကို ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်တို့ ကောင်းမွန်အောင် ပြင်ဆင်ပြီး ထပ်သွားရမယ်”လို့ ပြောခဲ့ပါတယ်။

ဝေးလ်စ်အသင်းဟာ ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ရတာ ဖြစ်ပေမယ့် ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်အသင်း အောင်ပွဲခံနေစဉ်

ဆော်ဒီ၊ဂျပန်ပြီးတော့ နောက်ထပ်အနိုင်ရတဲ့ အာရှအသင်းဖြစ်လာတဲ့ အီရန်

By CNI
CNI
Category: အားကစား
Hits: 1424

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ အဖြစ် အီရန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တာမှာ အီရန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယပိုင်း ပွဲပြီးကာနီးမှာ အီရန်ကစားသမားကို တား‌ဆီးပုံကြမ်းလို့ ဝေးလ်စ်အသင်းဂိုးသမား အနီကတ်ပြသခံရတာက ပွဲကို အလှည့်အပြောင်း ဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၉ မိနစ်ပေးခဲ့တာက အီရန်အတွက် အနိုင်ရဖို့ အခွင့်အရေး ရသွားခဲ့ပြီး နာကျင်အချိန်ပို ၈ မိနစ်မှာ ချက်စ်ဟီမီက အီရန်အတွက် အဖွင့်ဂိုး စသွင်းပေးခဲ့ပါတယ်။

ဝေးလ်စ်အသင်းဟာ ချေပဂိုးရဖို့ ပြန်လည်တိုက်စစ် ဆင်ခဲ့ပါတယ်။

ဝေးလ်အသင်းသားများ စိတ်ပျက်နေစဉ်

ဒါပေမယ့် တန်ပြန်တိုက်စစ်နဲ့ အီရန်အသင်း နောက်ထပ် သွင်းဂိုး ရရှိသွားခဲ့ပါတယ်။

ဒီဂိုးကို နာကျင်အချိန်ပို ၁၁ မိနစ်မှာ ရာမင်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အီရန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ ဝေးလ်စ်ကို အနိုင်ရခဲ့တာပါ။

အီရန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်ရရှိခဲ့ပြီး ဝေးလ်စ်ကတော့ ၂ ပွဲကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါဗီက စံချိန်သစ်တင်နိုင်ခဲ့

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

ဂျာမနီကို အနိုင်ရပြီးနောက် သမိုင်းဝင်အောင်ပွဲလို့ ဂျပန်နည်းပြ မိုရီယာဆု ပြော

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်း ပိုင်ရှင်ဖြစ်သူ အေဗရန်ဂလေဇာကိုတွေ့ရစဉ် (Sky News)

ယူနိုက်တက်ကို ရောင်းဖို့ ဆုံးဖြတ်ခဲ့မှုကိုဖြေဖို့ ပိုင်ရှင်ဂလေဇာ ငြင်းဆို

By CNI
CNI
Category: အားကစား
Hits: 1105

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အေဗရန်ဂလေဇာဟာ အသင်းကို ရောင်းချဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ တာလဲဆိုပြီး မေးမြန်းတဲ့အပေါ် ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

အေဗရန်ဂလေဇာက “ဘုတ်အဖွဲ့ဟာ လုပ်ငန်းစဉ် တစ်ခုကို ဖြတ်သန်း လုပ်ဆောင်ခဲ့ပြီး ယူနိုက်တက်အတွက် ခြားနားတဲ့ ဗျူဟာမြောက် ရွေးချယ်မှုတွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ Sky ကို ပြောခဲ့တာပါ။
ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုကို နှစ်ပေါင်းများစွာ ဆန့်ကျင်နေပြီး အသင်းကို ပိုင်ဆိုင်နေတဲ့ အပေါ် ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ဟာ ယူနိုက်တက်ကို ရောင်းချဖို့ စီစဉ်နေတာပါ။

အမေရိကန်မိသားစုဟာ ယူနိုက်တက်ကို ပေါင် ၉ ဘီလီယံနဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ မကြာသေးခင်က ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ရော်နယ်ဒိုက ဂလေဇာ မိသားစုဟာ ကလပ်ကို ဈေးကွက်ရှာဖွေရေး အသင်း အဖြစ် သတ်မှတ်ထားပြီး ပိုက်ဆံရဖို့ပဲသိပြီးတော့ အသင်းအပေါ်မှာ ဂရုစိုက်တဲ့သူတွေ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်း အားကစားကွင်းကိုတွေ့ရစဉ် (AP)

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အေဗရန်ဂလေဇာက “ ခရစ္စတီယာနိုရော်နယ်ဒို အကြောင်း ပြောရမယ်ဆိုရင် သူဟာ ယူနိုက်တက်ရဲ့ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ ကလပ်အတွက် သူလုပ်ပေးခဲ့တဲ့ အရာတွေအားလုံးကို အလွန် ကျေးဇူးတင်ပါတယ်။ ရော်နယ်ဒို အနာဂတ်မှာ ကံကောင်းပါစေလို့ ဆန္ဒပြုကြောင်း” ပြောခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ဒေးဗစ်ဘက်ခမ်းဟာ အသင်းကို ဝယ်ယူဖို့ အလားအလာရှိတဲ့ သူတွေအားလုံးနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ တက်နိုင်မှာ မဟုတ်ပေမယ့် ဝယ်ယူမယ့် သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု မှာ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ပါတယ်။ ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ် ကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးကို ဝယ်ယူဖို့ လုပ်ခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂါဗီကို တွေ့ရစဉ် (Reuters)

ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါဗီက စံချိန်သစ်တင်နိုင်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1546

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

စပိန်ကြယ်ပွင့်ကစားသမား ဂါဗီဟာ ကော်စတာရီကာအသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်း ယူနိုင်ခဲ့တာကြောင့် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူ ဖြစ်လာခဲ့ပါတယ်။

ပီလီဟာ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အဲ့ဒီတုန်းက ပီလီရဲ့ အသက်ဟာ ၁၇ နှစ်သာ ရှိသေးပြီး အဆိုပါ ပြိုင်ပွဲမှာ ၆ ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ဂါဗီဟာ ကော်စတာရီကာနဲ့ ပွဲမှာ ဂိုးသွင်းပြီး အခုလို စံချိန်မှတ်တမ်း ရယူနိုင်ခဲ့သလို ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာပါ။

ဒါ့အပြင် ဂါဗီဟာ စပိန်လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံး ကမ္ဘာ့ဖလား ဂိုးသွင်းတဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

၂၀၀၆ ပြိုင်ပွဲမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်က ယူကရိန်းဘက်ကို ဂိုးသွင်းပြီး စံချိန်တင်ထားတာကို ဂါဗီက ချိုးဖျက်ခဲ့တာပါ။ ဂါဗီဟာ အသက် ၁၇ နှစ်ပြည့်ပြီး ၂ လအကြာမှာ စပိန်လက်ရွေးစင်ရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

စပိန်အသင်းသားများကိုတွေ့ရစဉ် (GETTY IMAGES)

ဂါဗီက “ ဒီလို အောင်မြင်မှုတွေအတွက် ကျနော်ပျော်ရွှင်ပါတယ်။ ဒါပေမယ့် ကျနော် တကယ် ဂရုစိုက်တာက အသင်းနိုင်ပွဲရဖို့နဲ့ ကစားပုံ ကောင်းမွန်ဖို့ပါ။ ကျနော်တို့ ဆက်သွားကြရမှာပါ။ ပီလီရဲ့ နောက် ဒုတိယနေရာမှာ ရှိနေရတာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ။ ဒါက ကျနော့်ကို တကယ်ပျော်ရွှင်စေတဲ့ အရာပါ”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကော်စတာရီကာကို အနိုင်ရတဲ့ပွဲမှာ စပိန်အတွက် ဂိုးတွေကို ဂါဗီအပြင် အိုလ်မို၊ မိုရာတာ၊ အဆန်စီယို၊ ဆိုလာတို့ က ၁ ဂိုးစီသွင်းပြီး ဖာရန်တောရက်စ်က ၂ ဂိုး သွင်းယူခဲ့တာပါ။

စပိန်အသင်းဟာ အခုနှစ် ပြိုင်ပွဲမှာ ဝါရင့်ကစားသမားတွေနဲ့ လူငယ် ကစားသမား အများအပြားကို ပေါင်းစပ်ထား ပြီး အသင်းကို စုဖွဲ့ထားတာ ဖြစ်ပါတယ်။

စပိန်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် အဖွင့်ပွဲမှာ ဂျပန်ကို အရေးနိမ့်ခဲ့တဲ့ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားကို အနိုင်ရလို့ ဗုဒ္ဓဟူးနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် ဆော်ဒီ ကြေညာ

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းပြီး ယူနိုက်တက် ထွက်ခွာခွင့်ပေး

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသနေမှုကိုတွေ့ရစဉ်

ရုပ်သံလွှင့်ခွင့် မဝယ်ယူဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲ မြောက်ကိုရီးယား ပြသ

By CNI
CNI
Category: အားကစား
Hits: 1317

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြသဖို့အတွက် ရုပ်သံလွှင့်ခွင့် မဝယ်ယူထားပေမယ့် မြောက်ကိုရီးယား နိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး အီကွေဒေါအသင်းက အိမ်ရှင်ကာတာ အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ မြောက်ကိုရီးယားက Korea Central TV(KCTV)ဟာ ပြိုင်ပွဲအတွက် ရုပ်သံ ထုတ်လွှင့်ခွင့် မဝယ်ယူထားဘဲ ပြသနေတယ်လို့ ဖီကာဖန်တာဆိုတဲ့ တွစ်တာအကောင့်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်က အီရန်ကို ၆ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် တခြားပွဲတွေရဲ့ ပုံရိပ်တွေကလဲ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။

KCTV ကို ပြုံယမ်းကနေ ထုတ်လွှင့်နေတာဖြစ်ပြီး ဝါဒါဖြန့်ချိရေး အစီအစဉ်တွေနဲ့ လွှမ်းမိုးနေပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး အာဏာရှင် နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ကင်မိသားစုရဲ့ မျိုးဆက် ၃ ဆက်ဟာ နိုင်ငံကို ထိန်းချုပ်ထားတာပါ။ မြောက်ကိုရီးယားရဲ့ လက်ရှိခေါင်းဆောင် ကင်ဂျူံအန်းဟာ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် ဖြစ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ KCTV က ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသနေစဉ်

မြောက်ကိုရီးယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၆၆ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ၁၉၆၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တာပါ။

ဖီဖာအကြီးအကဲ အင်ဖန်တီနိုက မြောက်ကိုရီးယားကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ လမ်းဖွင့်ပေးထားတယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။ ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ဝေဖန်မှုတွေ မြှင့်တက် နေချိန်မှာ အင်ဖန်တီနိုရဲ့ အခုလို ပြောတာက ပိုပြီး ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

အင်ဖန်တီနိုဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး တောင်ကိုရီးယားနဲ့အတူ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ အဆင်သင့် ဖြစ်ပြီလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အမျိုးသားဘောလုံးအသင်းဟာ လက်ရှိ ကမ္ဘာ့အဆင့် ၁၁၂ နေရာမှာ ရပ်တည်နေပြီး အမျိုးသမီး အသင်းကတော့ ကမ္ဘာ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

Page 27 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar