CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရီးရယ်လ်အသင်းမှာ ရော်နယ်ဒို လေ့ကျင့်ခန်း ဆင်းနေစဉ် (MARCA)

အသင်းဟောင်း ရီးရယ်လ်မက်ဒရစ်မှာ ရော်နယ်ဒို လေ့ကျင့်မှုတွေ ပြုလုပ်

By CNI
CNI
Category: အားကစား
Hits: 1380

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ရော်နယ်ဒိုဟာ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို ထိန်းသိမ်း နိုင်ဖို့အတွက် အသင်းဟောင်း ရီးရယ်လ်မက်ဒရစ် ရဲ့ လေ့ကျင့်ရေးစခန်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်မှာ နောက်ထပ် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လို့ရမှာပါ။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ငွေကြေး အများအပြားနဲ့ ကြီးမားတဲ့ ကမ်းလှမ်း မှု ပြုလုပ်ထားပေမယ့် ကစားသမားအနေနဲ့ နောက်ထပ် ရွေးချယ်စရာတွေ ရှိနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းရဲ့ ဗယ်လ်ဒီဘီဘာစ် လေ့ကျင့်ရေးစခန်းမှာ တစ်ဦးတည်း လေ့ကျင့်မှု တွေ ပြုလုပ်နေတာဖြစ်ပြီး စပိန်ကလပ်ကို ပြန်ဖို့ ရွေးချယ်ခွင့် မရှိဘူးလို့ သိရပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Football365)

အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက် အသင်းကို ဝေဖန်ခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ကို လေးစားမှုမရှိဘူးလို့ ပြောခဲ့တာကြောင့် အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

ရော်နယ်ဒိုဟာဆိုရင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲ ၃ ပွဲစလုံးမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာပါ။

ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ သူ့အိပ်မက်တွေ အဆုံးသတ် သွားခဲ့ပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ် (Football Today)

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ အနားယူခြင်းမရှိဘဲ ရီးရယ်လ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို အသုံးပြုနေပြီး ကလပ်အသင်းသစ်အတွက် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်နေပါတယ်။

ရီးရယ်လ်အသင်းကတော့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမှာ မဟုတ်ဘဲ လေ့ကျင့်မှု အဆင်ပြေစေဖို့ အတွက် လုပ်ဆောင်ပေး ထားတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာဆိုရင် ရီးရယ်လ်အသင်းမှာ ၄၃၈ ပွဲ ကစားခဲ့ပြီး ၄၅၀ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာပါ။ ပေါ်တူဂီကစားသမားဟာ ၂၀၁၈ မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ ပါတယ်။

အဲဒီနောက် ၂၀၂၁ မှာတော့ အသင်းဟောင်း ယူနိုက်တက်ကို ပြန်ရောက်လာခဲ့ပြီး ၅၄ ပွဲကစားကာ ၂၇ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားဗိုလ်လုပွဲက မိမိရဲ့နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ်လို့ မက်ဆီ ပြော

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s

ဆီမီးဖိုင်နယ်ထက်ကျော်လွန်တဲ့ အောင်မြင်မှုမျိုး ဆာလောင်တယ်လို့ မော်ရိုကိုနည်းပြ ပြော

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 1030

Share
Tweet
Share
Share
powered by social2s
ခရိုအေးရှားကစားသမားများကိုတွေ့ရစဉ် (Goal)

ခရိုအေးရှားအသင်းရဲ့ လက်ရှိမျိုးဆက်က ယူရို ၂၀၂၄ အတွက် တိုက်ပွဲဝင်မယ်

By CNI
CNI
Category: အားကစား
Hits: 1135


CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄

ခရိုအေးရှားအသင်းဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပေမယ့် ဒီမျိုးဆက်က ယူရို ၂၀၂၄ အတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာလို့ နည်းပြဖြစ်သူ ဒါလစ်က ပြောလိုက်ပါတယ်။

ဒါလစ်က “ ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲ မျိုးဆက်ရဲ့ အဆုံးသတ်လည်း ဖြစ်သွားနိုင်ပါတယ်။ သူတို့တွေဟာ အသက် အရွယ် ရလာပြီဖြစ်တာကြောင့် ၂၀၂၆ မှာ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျနော်တို့မှာ ကောင်းမွန်တဲ့ အသင်း တသင်းရှိပါတယ်။ ဒီမျိုးဆက်ဟာ ယူရို ၂၀၂၄ မှာ သူတို့ကစားသမားဘဝကို ပြီးဆုံးမှာပါ။ ကျနော်တို့မှာ နေးရှင်းလိဂ်နဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် တက်နိုင်တဲ့ ကောင်းမွန်တဲ့ မျိုးဆက်ရှိပါတယ်”လို့ ပြောခဲ့တာပါ။

ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ကြောင့် ၂ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်နိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ခရိုအေးရှားနည်းပြ ဒါလစ်ကိုတွေ့ရစဉ် (Goal)

ခရိုအေးရှားနည်းပြ ဒါလစ်က သူတို့အသင်းကို အနိုင်ယူသွားခဲ့တဲ့ မက်ဆီရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။

ဒါလစ်က “ မက်ဆီနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြောနေစရာမလိုပါဘူး။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး အလွန်ကောင်းမွန်သလို ဒီပွဲမှာလည်း အလွန်အန္တရာယ် ရှိကြောင်းကို ပြသသွားခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ မျှော်လင့်ထားတဲ့ မက်ဆီ အစစ်အမှန်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ခရိုအေးရှားအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လူကာမိုဒရစ်၊ ပါရီဆစ်နဲ့ လောဗရန်တို့ အပါအဝင် ကစား သမားအချို့ဟာ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေကြတာပါ။

ဒါပေမယ့် သူတို့တွေဟာ မတ်လမှာ စတင်မယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာတော့ ခရိုအေးရှားအတွက် ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။ ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလား တတိယနေရာ လုပွဲအဖြစ် ပြင်သစ်နဲ့ မော်ရိုကို တို့ပွဲစဉ်က အရေးနိမ့်တဲ့ အသင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆီမီးဖိုင်နယ်ထက်ကျော်လွန်တဲ့ အောင်မြင်မှုမျိုး ဆာလောင်တယ်လို့ မော်ရိုကိုနည်းပြ ပြော

By CNI
CNI
Category: အားကစား
Hits: 1200

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄

မော်ရိုကိုအသင်းနည်းပြ ဝါလစ်ရီဂရာဂွီက သူတို့ဟာ ဆီမီးဖိုင်နယ်နဲ့ ကျေနပ်နေမှာမဟုတ်ဘဲ ဒီထက်ကျော်လွန်တဲ့ အောင်မြင်မှုမျိုးကို ဆာလောင်တယ်လို့ ပြင်သစ်အသင်းနဲ့ ပွဲမတိုင်ခင် ပြောလိုက်ပါတယ်။

ဝါလစ်ရီဂရာဂွီက “ကျနော်တို့ ဆီမီးဖိုင်နယ်တက်လို့ ပျော်ရွှင်နေပြီး တချို့က ဒါကို လုံလောက်တယ်လို့ မြင်နေရင် တော့ ဒါကို ကျနော်သဘောမတူပါဘူး။ ဆီမီးဖိုင်နယ်ကို ရောက်လာပြီး ဆာလောင်မှုမရှိဘူးလို့ပြောရင် ပြဿနာ ရှိမှာပါ။ဒီ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းဖြစ်တဲ့ ဘရာဇီးလ်ကလည်း မရှိတော့ပါဘူး။ ကျနော်တို့က ရည်မှန်းချက် ကြီးမားတဲ့အသင်းပါ။ဒီထက်ပိုပြီး အောင်မြင်မှုရဖို့ ဆာလောင်နေပါတယ်” လို့ ပြောခဲ့တာပါ။

မော်ရိုကိုအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး အာဖရိက အသင်းတွေထဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိတဲ့ ပထမဆုံးအသင်းလည်းဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဘယ်လ်ဂျီယံ၊ ၁၆ သင်းအဆင့်မှာ စပိန်နဲ့ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။လက်ရှိအချိန်ထိ ပေးဂိုး ၁ ဂိုးသာခွင့်ပြုထားရပြီး ဒီဂိုးကလည်း ကိုယ်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးဖြစ်ပါတယ်။

ဝါလစ်ရီဂရာဂွီက “ကျနော်တို့ဟာ အာဖရိကကို ကမ္ဘာပေါ်မှာ ထိပ်ဆုံးနေရာကို ရောက်ရှိစေချင်ပေမယ့် တိုးတက်မှု တွေတော့ လိုအပ်ပါတယ်။ကျနော်တို့ဟာ ရေပန်းအစားဆုံးမဟုတ်ပေမယ့် ယုံကြည်မှုရှိပါတယ်။လူတွေက ကျနော်တို့ ပင်ပန်းနေတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် မပင်ပန်းပါဘူး။ ဆာလောင်နေတုန်းပါပဲ။ ကျနော် တို့ဟာ ဆီမီးဖိုင်နယ်ကို ရောက်ဖို့အတွက် အခက်ခဲဆုံးလမ်းကြောင်းကို ရောက်ခဲ့ပေမယ့် ဒီမှာရှိနေဆဲဖြစ်သလို အဆုံးထိတိုက်ပွဲဝင်သွားမှာ” လို့ ပြောခဲ့တာပါ။

မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Besoccer

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ မိုဒရစ် ပြော

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားကို မက်ဆီကိုင်မြှောက်နိုင်မှာလို့ အီဘရာဟီမိုဗစ် ပြော

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s
ပြင်သစ်ကစားသမား ဗာရန်းကိုတွေ့ရစဉ်

ယုံကြည်မှုလွန်ကဲတာကို ရှောင်ဖို့ အတွေ့အကြုံရှိတယ်လို့ ဗာရန်းပြော

By CNI
CNI
Category: အားကစား
Hits: 1376

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ပြင်သစ်လက်ရွေးစင်အသင်း ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ဗာရန်းက သူတို့ဟာ ယုံကြည်မှု လွန်ကဲတာကို ရှောင်ရှားနိုင်ဖို့အတွက် လုံလောက်တဲ့ အတွေ့အကြုံရှိတယ်လို့ မော်ရိုကိုနဲ့ ပွဲမတိုင်ခင် ပြောလိုက်ပါတယ်။

ဗာရန်းက “ ကျနော်တို့ဟာ ယုံကြည်မှု လွန်ကဲခြင်းဆိုတဲ့ ထောင်ချောက်ကို ရှောင်ရှားနိုင်ဖို့အတွက် လုံလောက်တဲ့ အတွေ့အကြုံ ရှိပါတယ်။ သူတို့ကတော့ အကြောင်းပြချက်တွေနဲ့ ဒီအဆင့်ကို ရောက်လာပါပြီ။ မော်ရိုကိုရဲ့ ခံစစ်က အလွန်ကောင်းမွန်ပါတယ်။ ဒါကြောင့် အလွန်ခက်ခဲပါလိမ့်မယ်။ ကျနော်တို့ဟာ လာမယ့်တိုက်ပွဲအတွက် ကစားသမားတွေ အားလုံး ပြင်ဆင်ထားရမှာပါ။ ဒါဟာ ဆီမီးဖိုင်နယ်ဖြစ်ပြီး ဗိုလ်လုပွဲရောက်ဖို့ ထိုက်တန်ချင်တယ်ဆိုရင် တော့ အရာအားလုံး ပေးဆပ်ရမှာပဲ”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မော်ရိုကိုအသင်းဟာ အုပ်စုတွင်းမှာဆိုရင် ဘယ်လ်ဂျီယံ၊ ၁၆ သင်းအဆင့်မှာ စပိန်နဲ့ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီ တို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ အခုအချိန်ထိ ပေးဂိုး ၁ ဂိုးသာ ရှိသေးပြီး ပြိုင်ပွဲရဲ့ ခံစစ်အကောင်းဆုံး အသင်းအဖြစ် ရှိနေတာပါ။

ပြင်သစ်နဲ့ မော်ရိုကို အသင်းကိုတွေ့ရစဉ်

ဗာရန်းက “ သူတို့က မော်ရိုကိုရဲ့ ဘောလုံးသမိုင်းကို ရေးသားနေတာပါ။ သူတို့မှာ ယုံကြည်မှုတွေ အများကြီး ပေးနိုင်တဲ့ စွမ်းဆောင်ရည်နဲ့အတူ စုပေါင်းအင်အားတွေလည်း ရှိပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း အလွန်ကောင်းမွန်ပြီး၊ တန်ပြန်တိုက်စစ်တွေ၊ တည်ကန်ဘောတွေမှာ အန္တာရယ်တွေ ပေးနိုင်တဲ့သူတွေပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကတော့ ဒီပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်ပြီး ပိုလန်နဲ့ အင်္ဂလန်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ကို ရောက်ရှိလာခဲ့တာပါ။ ပြင်သစ်အသင်းဟာ ၁၉၃၄ နဲ့ ၁၉၃၈ မှာ အီတလီ၊ ၁၉၅၈ နဲ့ ၁၉၆၂ မှာ ဘရာဇီးလ်တို့ ကမ္ဘာ့ ဖလားချန်ပီယံကို ၂ ကြိမ်ဆက် ရယူပြီးနောက်ပိုင်း ပထမဆုံး ဒီလို ရယူနိုင်တဲ့ အသင်းဖြစ်လာဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေးဗစ်ရူဒီရှာ စီးလာတဲ့ လေယာဉ်ပျက်ကျစဉ်

လေယာဉ်ပျက်ကျမှုကနေ အိုလံပစ်နှစ်ထပ်ကွမ်းချန်ပီယံ အသက်ရှင်ကျန်ရစ်

By CNI
CNI
Category: အားကစား
Hits: 1648

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

အိုလံပစ် ၈၀၀ မီတာ နှစ်ထပ်ကွမ်း ချန်ပီယံ ကင်ညာနိုင်ငံသား ဒေးဗစ်ရူဒီရှာဟာ အားကစားပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ပြီး ပြန်လာချိန်မှာ လေယာဉ်ပျက်ကျခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

စနေနေ့က ကီမာနာ တောရိုင်းတိရစ္ထာန် ဘေးမဲ့တောမှာ ပြုလုပ်တဲ့ မာဆိုင်းအိုလံပစ်ပြိုင်ပွဲကို တက်ရောက် ပြီးနောက် အိုလံပစ်ချန်ပီယံနဲ့ အခြားခရီးသည် ၅ ဦး တင်ဆောင်လာတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ အရှေ့ တောင်ပိုင်း ကာဂျီအာဒိုခရိုင်မှာ ပျက်ကျခဲ့ပါတယ်။

ရူဒီရှာက “လေယာဉ်အင်ဂျင် ရုတ်တရက် ငြိမ်သက်သွားပြီးနောက် လေယာဉ်မှူးက လေယာဉ်ဆင်းသက်ဖို့ ကြိုးစားတဲ့နေရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပါတယ်။ ဒါပေမယ့် လေယာဉ်က ကျောက်ဆောင် မြေမြင်ပေါ် မဆင်းခင်မှာ သူ့ရဲ့ အတောင်ပံတစ်ခုက သစ်ပင်နဲ့ သွားပြီး ထိမှန်ခဲ့ပါတယ်။ လေယာဉ်မှူးဟာ လေယာဉ်ကို အကြာကြီးပျံဝဲပြီး တည်ငြိမ်အောင် ထိန်းနိုင်ဖို့ မယုံနိုင်လောက်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင် နိုင်ခဲ့ပါတယ်”လို့ Daily Nations ကို ပြောခဲ့တာပါ။

ဒေးဗစ်ရူဒီရှာကို တွေ့ရစဉ်

ရူဒီရှာဟာ ၂၀၁၂ လန်ဒန်အိုလံပစ်နဲ့ ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီလေယာဉ် ပျက်ကျမှုမှာ သူဟာ အန္တာရယ်ကင်းခဲ့ပါတယ်။

သူနဲ့အတူ လေယာဉ်ပေါ်မှာ ပါခဲ့တဲ့ စတီဖန်အိုလီမာရိုင်းက နံရိုးဒဏ်ရာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပြီး နောက်တစ်ဦးကလည်း ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည် သက်သာ လာခဲ့တယ်လို့ သိရပါတယ်။

ရူဒီရှာဟာ အခုအချိန်မှာ ထိပ်တန်းပြေးခုန်ပစ် အားကစားသမား ဘဝကနေ နည်းပြလောကကို ဝင်ရောက်ဖို့ စဉ်းစားနေတယ်လို့ ပြောထားပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ရူဒီရှာဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လကလည်း အဝေးပြေးလမ်းမပေါ်မှာ ကားမတော်တဆမှုကနေ လွတ်မြောက်ခဲ့သေးတယ်လို့ သတင်းဖော်ပြထားတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

အိပ်မက်တွေပြီးဆုံးသွားပြီလို့ ကမ္ဘာ့ဖလားက ထွက်ရပြီးနောက် ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

၁၀ ရက်အတွင်း မြန်မာအသင်းကို အကောင်းဆုံးပြင်ဆင်မယ်လို့ အန်တွမ်နီဟေး ပြော

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ ကမ္ဘာကျော် အားကစားသမားများ၏ မှတ်ချက်များကိုတွေ့ရစဉ်

ရော်နယ်ဒိုကို အားပေးနှစ်သိမ့်ခဲ့တဲ့ ကမ္ဘာကျော် အားကစားသမားများ

By CNI
CNI
Category: အားကစား
Hits: 1428

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ပီလီ၊ ဘတ်ပီနဲ့ လီဘရွန်ဂျိမ်းစ်တို့ အပါအဝင် အားကစားလောကရဲ့ နာမည်ကြီး ကစားသမား အများအပြားက ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုမှတ်ချက်တွေ ရေးသားပြီး နှစ်သိမ့်ပေးခဲ့ ကြပါတယ်။

နာမည်ကြီး NBA ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်က “ ဂန္တဝင်”ဆိုတဲ့ စာသားနဲ့အတူ ကျေးဇူးတင် ကြောင်းနဲ့ သရဖူပါဝင်တဲ့ အီမိုဂျီကိုပါ ထည့်သွင်းပြီး ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ မှတ်ချက်ပေးခဲ့တာပါ။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူထားတဲ့ ပီလီကလည်း “ငါတို့ကို ပြုံးပျော်အောင် လုပ်ပေးလို့ ကျေးဇူးပါ ငါ့သူငယ်ချင်းရေ”ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကိုတွေ့ရစဉ်

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီကတော့ သူ့ရဲ့ အိုင်ဒေါလ်ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ အဓိပ္ပါယ်ရတဲ့ GOAT အီမိုဂျီ၊ လက်အုပ်ချီတဲ့ပုံ၊ သရဖူတို့ကို ထည့်သွင်းပြီ မှတ်ချက် ရေးသားခဲ့တာပါ။
ဘရာဇီးလ်တိုက်စစ်မှူး ပါတိုက “ ခင်ဗျားက စံနမူနာပါပဲ။ ခင်ဗျားက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူတွေနဲ့ ကလေးတွေ ကို လှုံ့ဆော်မှုပေးပါတယ်။ ခင်ဗျားကို ဝေဖန်ချင်တဲ့ သူတွေက ခင်ဗျားလို အောင်မြင်ချင်တဲ့ သူတွေပါ။ ခင်ဗျားက ကြီးမားတဲ့သူပါ ဂုဏ်ပြုပါတယ်”လို့ မှတ်ချက်ပေးခဲ့တာပါ။

ယူနိုက်တက် အသင်းဖော်ဟောင်း လင်ဂတ်ကတော့ “GAOT”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကလည်း ရော်နယ်ဒိုကို ဂုဏ်ပြုကြောင်း ရေးသား ခဲ့ပါ။

 ရော်နယ်ဒိုကိုတွေ့ရစဉ် 

ဗီရတ်ခိုလီက “ ဘယ်လိုဆုဖလား ဒါမှမဟုတ် ဘယ်လိုဆုတံဆိပ်တွေကနေ အားကစားကွင်းမှာ ခင်ဗျား လုပ် ဆောင်ခဲ့တဲ့ အရာတွေနဲ့ ကမ္ဘာတဝှမ်းရှိ အားကစား ပရိသတ်တွေအတွက် ဘယ်လိုအရာတွေကမှ ဝေးကွာသွားမှာ မဟုတ်ပါဘူး။ ခင်ဗျား ကစားတာကို ကြည့်တဲ့အချိန်မှာ ကျနော်နဲ့ လူအများအပြား ခံစားရတဲ့ လူတွေအပေါ် အကျိုးသက်ရောက်မှုကို ရှင်းပြနိုင်တဲ့ ခေါင်းစဉ်မျိုး မရှိပါဘူး။ ဒါက ဘုရားပေးတဲ့ လက်ဆောင်ပါ။ ကြိုးစားအား ထုတ်မှုနဲ့ စိတ်အား ထက်သန်မှုတွေကလည်း အားကစားသမားတိုင်းအတွက် စစ်မှန်တဲ့ လှုံ့ဆော်မှု ပါပဲ။ ခင်ဗျားက ကျနော့်အတွက်တော့ အချိန်တိုင်းရဲ့ အကောင်းဆုံးက စားသမားပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူပြီး ကလပ်အသင်းသစ်ကို ရှာဖွေမှုတွေ ပြုလုပ်သွား ဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Stadiumastro/Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ် (Goal)

ဘရာဇီးလ်နည်းပြရာထူးကို ဂွာဒီယိုလာငြင်းဆန်ခဲ့ကြောင်း ရော်နယ်ဒိုပြော

By CNI
CNI
Category: အားကစား
Hits: 1559

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုက ဘရာဇီးလ်အသင်းနည်းပြ ရာထူးအတွက် ဂွာဒီယိုလာကို ခန့်အပ် ချင်ပေမယ့် သူက မန်စီးတီးမှာ ဆက်ပြီးနေဖို့ကို ရွေးချယ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ ဂွာဒီယိုလာကို ကျနော်တို့ စိတ်ဝင်စားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပေမယ့် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုပဲ လိုလားခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံး အဖွဲ့ချုပ် က သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ သူက ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြပါ”လို့ ကတ်တလန် မီဒီယာကို ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ဖြစ်သူ တိုင်ထီကလည်း ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုတွေ့ရစဉ် (Goal)

အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေပြီး ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ဖို့ အရင်ကတည်းက စဉ်းစားခဲ့တာပါ။

ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ မန်စီးတီးအသင်းမှာ ၂၀၂၅ အထိ ရှိမယ့် ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြရာထူး လစ်လပ်နေခဲ့ပေမယ့် ဂွာဒီယိုလာကို ခန့်အပ်ဖို့ မလွယ်ကူတော့ပါဘူး။

တိုင်ထီဟာ ဘရာဇီးလ်အသင်းကို ၂၀၁၆ ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၈၁ ပွဲ ကိုင်တွယ် ထားခဲ့တာမှာ ပွဲ ၆၀ အနိုင်ရပြီး ၁၅ ပွဲသရေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

တိုင်ထီဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲမှာတော့ အာဂျင်တီးနားကို အရေးနိမ့်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုရဲ့လက်တွဲဖော် ဂျော်ဂျီနာ

ဖာနန်ဒိုဆန်းတို့စ်ကို ရော်နယ်ဒိုရဲ့လက်တွဲဖော် ဂျော်ဂျီနာပြစ်တင်

By CNI News
CNI News
Category: အားကစား
Hits: 1608
 
 
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
 
ဂျော်ဂျီနာက ‌မော်ရိုကိုနဲ့ ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်ခဲ့တာနဲ့ ပတ်သက်ပြီး ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။
 
ဂျော်ဂျီနာက "ဒီနေ့ ရှင့်ရဲ့သူငယ်ချင်းနဲ့ နည်းပြက အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။အဲ့ဒီလူက ရှင်ပွဲထဲဝင်လိုက်တာနဲ့ အရာအားလုံးပြောင်းလဲသွားတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ဒါပေမယ့် အလွန်နောက်ကျသွားခဲ့ပါပြီ။ကမ္ဘာ့အကောင်းဆုံးကစားသမား၊သူ့ရဲ့အစွမ်းထက်ဆုံးလက်နက်ကို လျှော့တွက်လို့မရပါဘူး။မထိုက်တန်တဲ့သူတယောက်အတွက် ရှင်ရပ်တည်လို့မရပါဘူး။ဘဝက ကျမတို့ကိုသင်ခန်းစာတွေပေးပါတယ်။ဒီနေ့မရှုံးခဲ့ပါဘူး၊သင်ယူခဲ့ရတာပါ"လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
 
ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ရော်နယ်ဒိုကို ၂ ပွဲဆက် တိုက်ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
မော်ရိုကိုနဲ့ ပွဲမှာ ရော်နယ်ဒိုကို ဒုတိယပိုင်းမှ လူစား လဲခဲ့ပေမယ့် ပေါ်တူဂီအသင်းဟာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
 
ဖာနန်ဒိုဆန်းတို့စ်ကတော့ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်ခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ပြောပါတယ်။
 
ရော်နယ်ဒိုဟာ ဒီကမ္ဘာ့ဖလားမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး စိတ်ပျက်ဖွယ်နဲ့ အဆုံးသတ်ခဲ့ရတာပါ။
 
ရော်နယ်ဒိုကတော့ ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် အများကြီးမျှော်လင့်ထားတာဖြစ်ပေမယ့် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
 
 
Share
Tweet
Share
Share
powered by social2s
ဂျပန်အသင်းသားများကိုတွေ့ရစဉ်

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အာရှရဲ့ အမြင့်ဆုံးအောင်မြင်မှု ဘယ်အဆင့်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 3649

CNI Sport Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားလုံးသိတဲ့ အတိုင်းပဲ အာရှအသင်းတွေဟာ ၁၆ သင်းအဆင့်ကို မကျော်လွန်နိုင်ခဲ့ပါဘူး။

အခုပြိုင်ပွဲကို အာရှနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ ကျင်းပတာကြောင့် အာရှတစ်သင်းသင်းက အောင်မြင်မှု တစ်ခု ရယူသွားနိုင်ဖို့ မျှော်လင့်ခဲ့တာတော့ အမှန်ပါပဲ။

ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အာရှအသင်းတွေဟာ ဥရောပနဲ့ တောင်အမေရိက အသင်းတွေကို နောက်ဆုံး အချိန်ထိ အကောင်းဆုံး ကစားခဲ့ပေမယ့် မကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ကျနော်တို့ ၂၀၀၂ က အာရှမြေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတုန်းက အိမ်ရှင်အသင်း တောင်ကိုရီးယားအသင်းဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

၁၉၆၆ ခုနှစ်တုန်းကတော့ မြောက်ကိုရီးယားက ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါတွေကသာ အာရှရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ကာတာကလွဲပြီး ကျန်တဲ့ အသင်းအားလုံးက အကောင်းဆုံး လုပ်ပြသွားနိုင်ခဲ့ကြပါတယ်။ 

 တောင်ကိုရီးယားအသင်းသားများကိုတွေ့ရစဉ်

ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာက ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံး အကြိမ် အာရှအသင်း ၃ သင်း ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ဆော်ဒီအသင်းဟာ အာဂျင်တီးနားအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီး အာဂျင်တီးနားရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်နိုင်ခဲ့တာပါ။

အဲ့လိုပဲ ဂျပန်အသင်းဆိုရင် ဥရောပ ထိပ်သီးတွေဖြစ်တဲ့ ဂျာမနီနဲ့ စပိန်တို့ကို အနိုင်ယူခဲ့ပါတယ်။
သြစတြေးလျကလည်း ဒိန်းမတ်နဲ့ တူနီးရှားတို့ကို အနိုင်ယူခဲ့ပြီး တောင်ကိုရီးယားက ပေါ်တူဂီအသင်းကို အနိုင် ရခဲ့တာ ဖြစ်ပါတယ်။ အီရန်အသင်းလည်း ဝေးလ်စ်အသင်းကို အနိုင်ရရှိခဲ့တာပါ။

အိမ်ရှင် ကာတာအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အတွေ့အကြုံ နည်းပါးလွန်းတာကြောင့်သာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အသင်း ၃ သင်းထဲမှာ ဂျပန်အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓါတ်၊ ပရိသတ်တွေရဲ့ အပြုအမူတွေကို အားလုံးက အသိအမှတ် ပြုခဲ့ကြရပါတယ်။ 

 ကာတာအသင်းသားများကိုတွေ့ရစဉ်

ဂျာမနီ၊ စပိန်နဲ့ ခရိုအေးရှားတို့ပွဲမှာ ကစားသွားတဲ့ ဂျပန်အသင်း ခြေစွမ်းဆိုရင် တကယ့် ကမ္ဘာ့ထိပ်သီးအသင်းတွေ ကို သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစား သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ ၁၆ သင်း အဆင့်ပွဲမှာ ဦးဆောင်ဂိုးစပြီး သွင်းယူနိုင်ခဲ့သလို တပွဲလုံး တိုက်စစ်ဆင် နိုင်ခဲ့ပေမယ့် ခရိုအေးရှားရဲ့ ပါးနပ်တဲ့ ကစားပုံတွေကြောင့် အချိန်ပို၊ ပင်နယ်တီအထိ သွားခဲ့ရတာပါ။

ဒါပေမယ့် ဂျပန်အသင်းဟာ ပင်နယ်တီကို အလုံအလောက် လေ့ကျင့်ထားတဲ့ပုံစံ မရှိတာကြောင့် ကန်သွင်းတာမှာ အားနည်းခဲ့ပြီး ကမ္ဘာ့ဖလားကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျပန်အသင်းအနေနဲ့ ဒီလိုပုံစံမျိုးကိုသာ ဆက် ထိန်းထားနိုင်မယ်ဆိုရင် နောက်လာမယ့်ပြိုင်ပွဲမှာ ဒီထက်မြင့်မားတဲ့ အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။

ဂျပန်လိုပါပဲ တောင်ကိုရီးယား၊ ဆော်ဒီ၊ အီရန်နဲ့ သြစတြေးလျတို့လည်း သေချာ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်တွေ ပြည့်ဝနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ အာရှအသင်းတွေကို တချက်ပြန်ကြည့်မယ်ဆိုရင် အုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ခဲ့ တဲ့ အသင်းတွေက ၅ သင်းပဲ ရှိခဲ့တာပါ။

 အာဂျင်တီးနားနဲ့ ဆော်ဒီအသင်းသားများကို တွေ့ရစဉ် 

ဒီနောက် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းဆိုလို့ ဂျပန်အသင်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တိုးတက်မှုတွေ ရှိလာခဲ့တယ် ဆိုပေမယ့် လည်း ၁၆ သင်းအဆင့်ကို ကျော်လွန်ဖို့က တော်တော်လေးကို ခက်ခဲနေတဲ့ အနေအထား ဖြစ်နေတာပါ။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဆိုရင် ပုံမှန်ကျင်းပနေတဲ့ ၃၂ သင်းထက် ၄၈ သင်းနဲ့ ကျင်းပတော့မှာ ဖြစ်တာကြောင့် အာရှအသင်းတွေ ဝင်ခွင့် ပိုပြီးရလာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ပုံမှန်ဝင်ခွင့် ရနေတဲ့ ၅ သင်းထက် ၈ သင်း ကျော်အထိ ဝင်ခွင့်ရမယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဒါဆိုရင် လာမယ့် ၄ နှစ်အတွင်းမှာ အောင်မြင်မှုရဖို့အတွက် အာရှအသင်းတွေ အနေနဲ့ အခုကတည်းက ပြင်ဆင် တာတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်သီး အသင်းတွေလို နာမည်ကြီး ကစားသမား အများကြီး မရှိတာကြောင့် အာရှအသင်းတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားနိုင်မှ မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာနိုင်မှာပါ။ ဒီလိုတွေသာ ပြင်ဆင်မှုကို ရာနှုန်းပြည့် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေ အောင်မြင်မှုရဖို့ မျှော်လင့်မိတာတော့ အမှန်ပါပဲ။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27

Page 23 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar