CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရန်ကုန်၊ မန္တလေး၊ ရွှေဒင်္ဂါးနဲ့ ရွှေဆိုင်တို့ကိုတွေ့ရစဉ်

ရန်ကုန်နှင့်မန္တလေးတွင် ရွှေဒင်္ဂါးများကို ရောင်းပေးလျှင် ရွှေဈေးနှုန်း ပိုကျနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 2374

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံတွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ အထက် ပေါက်ဈေးရှိခဲ့ရာ ရွှေဒင်္ဂါးများ ထုတ်လုပ်ကာ ရောင်းချ ပေးခြင်းကြောင့် ပြန်လည် ကျလာသော်လည်း ရန်ကုန်နှင့် မန္တလေးတို့တွင်ပါ ရွှေဒင်္ဂါးပြားများ ရောင်းချပေးလျှင် ပိုမိုဈေးကျလာနိုင်သည်ဟု ရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် အပတ်က ပြည်တွင်း ရွှေဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ အထက်တွင် ရှိနေခဲ့သော်လည်း လက်ရှိတွင် ၂၈ သိန်းဝန်းကျင်သို့ ဈေးနှုန်းပြန်လည်ကျဆင်းလာသည်။

သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ရွှေဒင်္ဂါးပြားများကို ရောင်းချပေးခြင်းကြောင့် ရွှေဈေးကျဆင်းလာခြင်းဖြစ်ကြောင်း၊ ရွှေအရောင်းအဝယ် လုပ်ကိုင်သူနှင့် ရွှေဆိုင်အများအပြား တည်ရှိသည့် ရန်ကုန်နှင့် မန္တလေးတို့တွင် ယင်းကဲ့သို့ ရောင်းချပေးမည်ဆိုပါက ရွှေဈေးနှုန်းသည် ပို၍ ကျဆင်းသွားမည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်လို့ ရွှေပြားတွေ ဘာတွေ ရန်ကုန်၊ မန္တလေးမှာ ရောင်းချပေးမယ်ဆိုရင်တော့ နည်းနည်း ပိုကျနိုင် တာပေါ့လေ။ အခုက သူတို့က ရွှေပြားတွေကို ၂၇ သိန်းနဲ့ ရောင်းချပေးမယ်လို့ ပြောပေမယ့် တကယ်တမ်း နေပြည်တော် ကျောက်မျက်ရတနာက ထွက်လာတာ ၂၈ လောက်နဲ့ ထွက်လာတာဆိုတော့လေ။ တကယ်လို့ ရန်ကုန်၊ မန္တလေးမှာသာ ရောင်းပေးမယ်ဆိုရင် ပိုပြီးတော့ ဈေးက ကျသွားနိုင်သေးတယ်။ ကျနော်တို့က ၂၇ လောက်အထိ လက်ရှိအနေအထားမှာ မြင်ထားတယ်။ ထပ်ကျဖို့လည်း မှန်းထားတယ်။ အရမ်းကြီး ၂၀ နား လောက်အထိ ပြန်ကပ်ဖို့တော့ ဝေးသွားပြီ။ လောလောဆယ်တော့ ပြန်မရောက်နိုင်သေးဘူးလို့ သုံးသပ်မိတယ်” ဟု ပြောသည်။

ရန်ကုန်မြို့အ၀င်ကိုတွေ့ရစဉ် (GETTY IMAGES)

‌ရွှေဈေးနှုန်းသည် ကျပ် ၃၅ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ကျပ်သိန်း ၃၀ မှ တဆင့် လက်ရှိတွင် ကျပ် ၂၈ သိန်း ၇ သောင်းခန့် ဈေးနှုန်းကို ရောက်ရှိနေသည်ဟု သိရသည်။

ပြည်တွင်း ဒေါ်လာဈေးနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းလာမှုနှင့် ရွှေရောင်းချသူ များပြားလာမှုတို့ကြောင့် ရွှေဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က ပြောသည်။

၎င်းက “အခုက ဒေါ်လာငွေကြေးလည်းပဲ ပြန်အေးသွားတယ်လေ။ ပြန်အေးသွားတော့ ရွှေဈေးလည်းပဲ ဒါနဲ့ ပတ်သက်ပြီး ကျသွားတယ်။ နောက်တစ်ခုက ကမ္ဘာ့ရွှေဈေးက ကျသွားတယ်။ နောက် ပြည်တွင်းမှာလည်းပဲ ပဲ၊ နှမ်း ဘာညာ အကုန်လုံးလည်း ပေါ်နေပြီလေ။ သီးနှံတွေ ပေါ်တဲ့အခါကျတော့ ရွှေတွေ ပြန်ထုတ်ရောင်းပြီးတော့ သီးနှံဘက်ကို ပြန်ကိုင်တဲ့သူ ရှိတယ်လေ။ အဲတော့ အဲဒါမျိုးတွေဆိုတဲ့ အခါကျတော့ ဈေးကွက်မှာ ဝယ်လိုအား နည်းသွားပြီးတော့ ပြန်ပြီးတော့ အရောင်းက များသွားတဲ့အခါမှာ ရွှေဈေးက ပြန်ငြိမ်သွားတာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် ပြီးခဲ့သည့် အပတ်က ပြင်ပငွေကြေးစျေးကွက်တွင် တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ဝန်းကျင်ဖြင့် အရောင်း အဝယ် လုပ်ခဲ့ကြပြီး လက်ရှိတွင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ကနေ ၃၃၀၀ ဝန်းကျင် ရောက်လာသော်လည်း စျေးနှုန်း တည်ငြိမ်မှု မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ရွှေဈေးနှုန်း ကျဆင်းလာခြင်းသည် ပြန်လည်မြင့်တက်ရန် အရှိန်ယူသည့်သဘော ဖြစ်နိုင်သည့် အတွက် ရွှေဝယ်ယူမည့် သူများအနေဖြင့် ဝယ်ယူရန် မသင့်သေးကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးမြို့အ၀င်ကိုတွေ့ရစဉ် (Khant)

၎င်းက “အခု လောလောဆယ် ဈေးကွက်ထဲမှာ ကြားတာတော့ ဒီ ၂၈ / ၂၉ နဲ့ အဝယ်တွေကတော့ ရှိသေးတယ်။ ဒါကတော့ ဈေးကျရင် ဝယ်မယ့်သူက စောင့်နေတာဆိုတော့ ဝယ်ကြမှာပဲ။ ၃၀ အောက်ဆိုတော့ အဝယ်ကြိုက် ကြမှာပဲလေ။ ကျနော်တို့ အနေနဲ့ကတော့ အဝယ်တွေကို အားမပေးသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဈေးတန်း တစ်ခုမှာ ဆိုပါစို့ ခေါင်းစီးပြောင်းသွားတဲ့ အနေအထားမျိုးမှာ ဈေးကတော့ ခဏတော့ နောက်ပြန်ဆုတ်တဲ့ သဘောပဲ။ ပြောချင်တာတော့ဗျာ ရှေ့ ၂ လှမ်းတိုးဖို့ နောက် ၁ လှမ်း ပြန်ဆုတ်တဲ့ သဘောပါပဲ” ဟု ပြောသည်။

လက်ရှိ ရွှေဈေးနှုန်း ကျဆင်းလာခြင်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် သိန်း ၃၀ ရှိရာမှ ၂၈ သိန်း သို့ ကျဆင်းလာခြင်း ဖြစ်သည့်အတွက် ရွှေဈေးကွက်၏ အနေအထားအရ ထပ်မံမြင့်တက်နိုင်ပြီးမှသာ ပြန်လည် ကျဆင်းနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

နစကသည် ရွှေဈေးနှုန်းကို တစ်ကျပ်သား ၂၅ သိန်းဝန်းကျင် ရောက်ရှိရန်နှင့် အမေရိကန် တစ် ဒေါ်လာလျှင် ၂၇၀၀ ကျပ်သို့ ရောက်ရှိစေရန်အတွက် ရည်ရွယ်ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ခရီးသွားလုပ်ငန်း ဈေးနှုန်းများကို ရူဘယ်ဖြင့်ပါ သတ်မှတ်သင့်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s

ရုရှားမှ စက်သုံးဆီကို သက်သာနှုန်းထားဖြင့် ရလျှင် ကုန်ဈေးနှုန်းလည်း ကျလာနိုင်

By CNI
CNI
Category: Watch TV
Hits: 728

Share
Tweet
Share
Share
powered by social2s
စပါးစိုက်ပျိုးနိုင်ရန် ကျွဲတစ်ကောင်ဖြင့် ထွန်ယက်နေသော တောင်သူတစ်ဦးကိုတွေ့ရစဉ် (စိုက်ပျိုးရေးဦးစီးဌာန)

ချေးငွေမဆပ်နိုင်သည့် တောင်သူများကို အရေးယူမှုများမလုပ်ရန် မေတ္တာရပ်ခံထား

By CNI
CNI
Category: စီးပွားရေး
Hits: 2779

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

အစိုးရဘဏ်များမှ ချေးငွေယူထားပြီး ပြန်မဆပ်နိုင်ဘဲ ဖြစ်နေသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူ တချို့ကို အရေးယူမှုများ မပြုလုပ်ရန် မေတ္တာရပ်ခံထားကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရာသီဥတု မမှန်မှု၊ ပိုးမွှား အန္တရာယ်များနှင့် ဓာတ်မြေဩဇာဈေးများ တက်နေခြင်း စသည့် အထွေထွေ အကျပ် အတည်းများကြောင့် တောင်သူလယ်သမား အချို့သည် အခက်အခဲများ ဖြစ်နေသလို ချေးငွေပြန်မဆပ်နိုင်ပဲ ဖြစ်နေကြောင်း သိရသည်။

လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က “အကြွေးပြန်ဆပ်တဲ့ တောင်သူတွေကိုလည်းပဲ ချေးငွေထပ်ပြီး အမြန်ဆုံး ထပ်ချေးပေးဖို့ မကျသေးတဲ့ တောင်သူတွေကိုလည်းပဲ အရေးယူခြင်းတွေ မလုပ်ဖို့ အဲ့ဒါ အန်ကယ်တို့ အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနမှာ သွားပြီးတော့ စာလည်းတင်တယ်၊ လူချင်းလည်း တွေ့ဆုံပြီး တော့ ဆွေးနွေးတင်ပြထားတယ်၊ အဲ့ဒါကြောင့်မို့လည်း အခုနှစ်တွေလည်း မနည်းတော့ပါဘူး။ တချို့လည်းပဲ အခုထိ မဆပ်နိုင်ပေမယ့် အရေးယူခြင်းတော့ မခံရပါဘူး။ သို့သော် တစ်ခုတော့ရှိတယ်၊ ပထမကြွေး မကျေတဲ့ အတွက် နောက်ကြွေးတော့ ထပ်ချေးပိုင်ခွင့် မရဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

နေ့လယ်ခင်း တွင် စပါးပျိုးကြဲနေသော အမျိုးသမီးနှစ်ဦး(စိုက်ပျိုးရေးဦးစီးဌာန)

ယခုလို မေတ္တာရပ်ခံမှုကြောင့် အကြွေးကျေအောင် ဆပ်နိုင်ခဲ့သော တောင်သူတချို့သည် တစ်လအတွင်းတွင် နောက်ထပ် ချေးငွေယူခွင့် ရရှိခဲ့ကြောင်း သိရသည်။

လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းရွေ့လာသည်နှင့် တပြိုင် နက် သွင်းအားစုများစရိတ်များလည်း ဈေးကြီးမှုများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

တောင်သူများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တစ်ခုထဲမဟုတ်ဘဲ တခြားသော လုပ်ငန်းများပါ လုပ်နိုင်မှသာ ချေးငွေများ ပြန်ဆပ်နိုင်မည်ဟု တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်ကျော်မြက “အခုကတော့ ကျနော်ထင်တာကတော့ တောင်သူ ၂၀ ရာခိုင်နှုန်းလောက်ပဲ ဆပ်နိုင်ကြတာ ၈၀ ရာခိုင်နှုန်းလောက်က မဆပ်နိုင်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ အခက်အခဲတွေ အများကြီး ရှိနေကြတယ်လေ။ အဲ့ဒါကြောင့် ၂၀ ရာခိုင်နှုန်းလောက်ပဲ ဆပ်လိမ့်မယ်လို့ ကျနော်တို့ထင်တယ်။ ၈၀ ရာခိုင်နှုန်းလောက်က မဆပ်နိုင် ဘူး။ ၂၀ ရာခိုင်နှုန်းလောက် ဆိုတာက တောင်သူလယ်သမားတွေမှာ လယ်တစ်ခုထဲ မဟုတ်ဘဲနဲ့ အခြား တွဲဖက်လို့ လုပ်တဲ့ ငါးကန်တွေရှိတယ်။ တခြားလုပ်ငန်းတွေ ရှိတဲ့လူက ဆပ်နိုင်တယ်။ လယ်တစ်ခုထဲကို လုပ်နေတဲ့သူက တော့ အခက်အခဲရှိလို့ မဆပ်နိုင်တာရှိတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သွင်းအားစု(ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဈေး၊ မျိုးစပါး)စရိတ်များ ဈေးနှုန်း မြင့် တက်နေခြင်းနှင့် စိုက်ပျိုးရေ မရရှိခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ စိုက်ဧက လျှော့စိုက်ပျိုး ခြင်း၊ အထွက်နှုန်း လျော့နည်းခြင်း စသည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ့ထောပတ်သီးနဲ့ ဒူဘိုင်းမြို့

စင်္ကာပူနှင့် ဒူဘိုင်းတို့မှ ထောပတ်သီးအမှာစာများ ရောက်ရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 1548

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ထောပတ်သီးကို ဝယ်ယူလိုကြောင်း စင်္ကာပူနိုင်ငံနှင့် ဒူဘိုင်းတို့မှ အမှာစာများ ရောက်ရှိနေပြီး တင်ပို့ရန် အတွက် ဆွေးနွေးနေသည်ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

စင်ကာပူနိုင်ငံက တန်ချိန် ၂၀ စမ်းသပ်တင်ပို့ရန်နှင့် ဒူဘိုင်းက တပတ်လျှင် ၁၅ တန် တင်ပို့ရန် အမှာစာများ ရရှိထားပြီး လက်ရှိ ဒေါ်လာလဲလှယ်နှုန်းနှင့် ပို့ဆောင်ရေး ကဏ္ဍအပိုင်းတွင် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ကိုကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အမှာစာကတော့ စင်္ကာပူက တန် ၂၀ စမ်းသပ်ပို့ဖို့ လှမ်းအော်ဒါပေးတယ်။ ဒူဘိုင်းကတော့ တစ်ပတ်ကို ၁၅ တန်လောက် လိုချင်တယ်ဆိုပြီးတော့ အော်ဒါပေးတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဘက်က ဆွေးနွေးတဲ့အပိုင်းနဲ့ ကျနော်တို့ Logistic အပိုင်းနဲ့ ငွေလဲလှယ်တဲ့အပိုင်းတွေက ကျနော်တို့အတွက် အဆင်မပြေဘူး။ အဲဒါလေးတွေက အတားအဆီး ဖြစ်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် အင်္ဂလန်နိုင်ငံသို့ မြန်မာ့ထောပတ်သီးကို စမ်းသပ်တင်ပို့ခဲ့ပြီး အောင်မြင်မှု ရလဒ်ကောင်း ထွက်ရှိ ခဲ့ခြင်းကြောင့် ဒူဘိုင်းသည် မြန်မာ့ထောပတ်သီးအား ဝယ်ယူရန် ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြန်မာ့ထောပတ်သီးများကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန် မူဝါဒသည် ပြည်ပမှ ဝင်ရောက်လာ သည့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်ရမည်ဆိုခြင်းကြောင့် ပြင်ပ ပေါက်ဈေးနှင့် ကွာဟနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ထောပတ်သီး တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေများကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် လဲလှယ်ရမည် ဖြစ်သည့်အတွက် တောင်သူများ ရသင့်ရထိုက်သည့် ဈေးနှုန်း မရနိုင် ဖြစ်သွားမည်ဟု ဦးကျော်စိုးမင်းက ဆက် ပြောသည်။

၎င်းက “ဟိုကနေ ငွေတွေ ဘဏ်ထဲ ဝင်သွားပြီဆိုရင်တော့ ကျနော်တို့ ဒေါ်လာနဲ့ ပြန်ဖြတ်တော့မှာလေ။ ဒါဆို တောင်သူတွေက ကျနော်တို့ ပေးထားတဲ့ဈေး မရတော့ဘူးပေါ့။ ဒါဆိုရင် ကျနော်တို့က အလုပ်ဆက်လုပ်လို့ မရ တော့ဘူးလေ။ အဲဒါကြောင့် ကျနော်တို့က အခြေအနေတွေကို ပြောလို့မရဘူး ပြောတာ။ ဒါပေမယ့် အမှာစာ ကတော့ လက်ခံရရှိထားတယ်။ ငွေလဲလှယ်တဲ့ rate က ပြန်ဝင်လာရင် ဘယ်လိုနဲ့ ကျနော်တို့ ၂၁၀၀ နဲ့ပဲ ဆိုရင် တော့ ကျနော်တို့ အဆင်မပြေပြန်ဘူး။ အဲလိုမျိုးတွေပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထောပတ်သီး စိုက်ခင်းကိုတွေ့ရစဉ်

မြန်မာ့ထောပတ်သီးကို ထိုင်းနိုင်ငံသို့ နှစ်စဉ်ထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်း တင်ပို့လျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံကို တော့ ဒေသရင်း အသီးများကို တင်ပို့လျှက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် စိုက်ပျိုးကြပြီး စိုက်ဧက ၁ သောင်းကျော်နှင့် နှစ်စဉ် တန်ချိန် ၂၀၀၀ ထွက်ရှိကြောင်း၊ ဧကအများအပြား ထပ်တိုး၍ ထောပတ်သီးကို စိုက် ပျိုးလာကြကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့ရာတွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးများကို တင်ပို့ကြပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအထိ တင်ပို့ကြခြင်း ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

CCTV တပ်ဆင်ရပါက နယ်ဘက်ရှိ Wave Money ဆိုင်များ အခက်တွေ့နိုင်

By CNI
CNI
Category: Watch TV
Hits: 798

Share
Tweet
Share
Share
powered by social2s

မလေးရှားက UNHCR ရုံးပိတ်လျှင် မြန်မာဒုက္ခသည်များ အခက်အခဲ ပိုရှိလာနိုင်

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s
Wave Money ဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ် (GETTY IMAGES)

CCTV တပ်ဆင်ရပါက နယ်ဘက်ရှိ Wave Money ဆိုင်များ အခက်တွေ့နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1469

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းမဟုတ်သော တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသများတွင် လျှပ်စစ်မီး မရှိခြင်း အပြင် လျှပ်စစ်မီး ပုံမှန် မရရှိခြင်းတို့ကြောင့် CCTV တပ်ဆင်ရန် အဆင်မပြေမှုများရှိကြောင်း ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ Wave Money အေးဂျင့်ဆိုင်မှ ကိုအောင်ဖြိုးပိုင်က CNI သတင်းဌာနသို့ ပြောသည်။

Wave Money မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို ငွေလွှဲ၊ ငွေထုတ်သူများ၏ မှတ်တမ်းကို တင်ထားနိုင်ရန် အေးဂျင့်ဆိုင်များမှာ CCTV တပ်ဆင်ခြင်း (သို့မဟုတ်) ငွေလွှဲ၊ ငွေထုတ်သူများအား လျှို့ဝှက် ဓာတ်ပုံ ရိုက်ယူထားကြရန် ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်တွင် အသိပေး ကြေညာခဲ့သည်။

ထို့ကြောင့် လျှပ်စစ်မီး မရရှိသည့် ဒေသများမှ Wave Money နှင့် ချိတ်ဆက်ထားသော အေးဂျင့်ဆိုင်များ ရပ်နား ရမည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

Wave Money အေးဂျင့်ဆိုင်မှ ကိုအောင်ဖြိုးပိုင်က "မှတ်ပုံတင်တွေနဲ့ သူတို့က အဆင်မပြေဘူး၊ CCTV တပ်မယ်ဆို ရင် မီးမှ မရတာ၊ သူတို့က လာထုတ်တယ်ဆိုရင် သိတဲ့လူတွေကချည်းများနေတာကို တစ်ယောက်အကြောင်း တစ် ယောက်သိနေတာ တခြား တစိမ်းတွေတော့ မရှိဘူး။ အရမ်းကြီး အဆင်ပြေတာလည်း မဟုတ်ဘူး မပြေတာလည်း မဟုတ်ဘူး။ ကျနော်တို့ဆီက တောဆိုတော့ လာထုတ်တဲ့ သူမှန်သမျှကို သူတို့မပြေဘူးဆိုတောင် ကိုယ့်ဘက်က ပြေအောင်ပဲ လုပ်ပေးရတယ်။ သူတို့လွှဲမယ့် မှတ်ပုံတင် အဆင်မပြေဘူးဆိုလည်း ကိုယ့် မှတ်ပုံတင်နဲ့ အသိထဲက ဆိုရင်တော့ အဲ့လိုလွှဲပေးတယ်။ တခြားတစိမ်းဆိုရင်တော့ လွှဲမပေးဘူးပေါ့" ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗဟိုဘဏ်၏ Wave Money ဆိုင်များ သတ်မှတ်ချက် (GETTY IMAGES)

Wave Money နှင့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များသည် အသေးစား ငွေလွှဲငွေထုတ်သူများ၊ ရပ်ကွက်အတွင်း အိမ်ဆိုင်ဖွင့်၍ Wave Money ငွေလွဲလုပ်ကိုင်သူများအတွက် အခက်အခဲရှိသည့်အတွက် ရန်ကုန်မြို့အတွင်းက Wave Money အေးဂျင့်ဆိုင်အချို့လည်း ရပ်နားသွားကြောင်း သိရသည်။

Wave Money Call Center က "ညီမတို့ဘက်က ဒီဗားရှင်းလေးကို သုံးရတဲ့ အကြောင်းကလေ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လမ်းညွှန်ချက်ပေါ့နော် အဲ့ဒီမှာ လိုအပ်တဲ့ သုံးစွဲသူ အချက်အလက်တွေကို ရယူနိုင်ဖို့အတွက် ဒီဗားရှင်း လေးကို သုံးစွဲရခြင်း ဖြစ်တယ်။ ငွေ အေးဂျင့်ဆိုင်တွေအတွက် ပိုပြီးလုံခြုံမှု ရှိစေရန်ပေါ့နော်။ အခု wave ဗားရှင်းကို သုံးစွဲဖို့အတွက် အသားမကျသေးဘူးဆိုပေမယ့် တစ်နေ့နေ့ အသားကျပြီးတော့ အဆင်ပြေနိုင်အောင် ညီမတို့ဘက် က လုပ်ဆောင်ပေးနေပါတယ်" ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ ငွေလွှဲ၊ငွေထုတ် လုပ်ငန်းစဥ်များ ပိုမို လုံခြုံ စိတ်ချရစေရန် Wave Money မှ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း wave Money က စက်တင်ဘာ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှား UNHCR ရုံးအတွင်း လုပ်ငန်းဆောင်ရွက်နေမှု

မလေးရှားက UNHCR ရုံးပိတ်လျှင် မြန်မာဒုက္ခသည်များ အခက်အခဲ ပိုရှိလာနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 5005

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

မလေးရှားနိုင်ငံရှိ UNHCR ရုံးအား ပိတ်ရန်အတွက် မလေးရှားအာဏာပိုင်များက အဆိုပြုထားခြင်းကြောင့် UNHCR ရုံး ပိတ်လိုက်ပါက ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာများ အခက်အခဲ ပိုရှိလာနိုင်သည်ဟု မလေးရှားတွင် ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များသည် UNHCR အပါအဝင် ၎င်းနှင့်ချိတ်ဆက်ထားသည့် အဖွဲ့ အစည်းများကိုသာ အားကိုးနေရခြင်းဖြစ်ကြောင်း Arakanese Community Malaysia (ARRC) မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်း ဌာနသို့ ပြောသည်။

ကိုအောင်မင်းသူက “တုန်လှုပ်စရာကိစ္စ တစ်ခုဖြစ်တယ်။ အဲဒီလိုမျိုး UN ရုံးကို ပိတ်သွားတယ်ဆိုရင်တော့ ကျနော် တို့ အတွက်တော့ တော်တော်လေ ဆိုးဆိုးရွားရွား ကြုံရနိုင်တာပေါ့။ အဖမ်းအဆီးတွေ ဘာတွေဆိုရင် အခုက UN ရဲ့ အကာအကွယ် ပေးမှုအောက်မှာ နေတယ်ဆိုတော့ ရဲအဖမ်းခံရတာတို့၊ သူ့ရဲ့ မိခင်နိုင်ငံကို ပြန်ပို့ခံရတာတို့ ဆိုတာ မရှိသလောက် နည်းတယ်လေ၊ UN ကိုင်ထားတဲ့ လူတွေ အတွက်ကြတော့။ အဲဒီလိုမျိုး UN က အကာ အကွယ် မရှိဘူးဆိုတဲ့ အခါမှာတော့ သူတို့တွေ လုံးဝ တရားမဝင် အဆင့်ကို ရောက်သွားပြီးတော့ အဖမ်းခံ ရရင် လည်း သူ့ရဲ့ မိခင်နိုင်ငံ လာတဲ့နိုင်ငံကို ဘယ်လိုပဲ လာတဲ့နိုင်ငံမှာ ဒုက္ခတွေ ကြုံနေနေ အဲဒီနိုင်ငံကိုပဲ ပြန်ရောက် သွားနိုင်တဲ့ အခြေအနေ ရှိတာပေါ့။ အမျိုးမျိုးတော့ ဖြစ်သွားနိုင်တာပေါ့။ ဥပမာ UN ကို ပိတ်တယ်ဆိုရင်လည်း လုံးလုံးပိတ်တာလား။ မဟုတ်ဘဲ ဒုက္ခသည်တွေကို နေရာတစ်ခုခုမှာ နေခိုင်းတာလားပေါ့။ Camp တွေ ဘာတွေ ဆောက်ပြီးတော့ အဲဒီလိုပဲ ထားမလားပေါ့” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံရှိ UN ရုံးအား ပိတ်သိမ်းရန် အဆိုပြုခြင်းသည် တခြားနိုင်ငံများ၏ ကြားဝင်ရှုပ်ခြင်းကြောင့် မဟုတ်ဘဲ မလေးရှားအစိုးရမှ ကိုင်တွယ်လိုခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၁၅-၁၆ ခုနှစ် ဝန်းကျင်လောက် တုန်းကလည်း UNHCR ရုံးအား ပိတ်သိမ်းရန် လုပ်ဆောင်ဖူးသေးကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ UNHCR ရုံး

မလေးရှားအစိုးရသည် အထောက်အထားမဲ့ ဒုက္ခသည်များအား အလုပ်အကိုင် အခွင့်အရေး ပေးရန်အတွက် စီစဉ်နေပြီး ၎င်းတို့အတွက် သင်တန်းများပေးရန် လုပ်ဆောင်နေကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို(CAR) မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်ကြားသည်။

ဆရာတော် ဦးဥတ္တရက “အကယ်၍ UNHCR လုံးလုံး မထားနိုင်ဘူးဆိုရင်လည်း မလေးရှား အစိုးရအနေနဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဒုက္ခသည်များကို work permit ထုတ်ပေးထားရင်တော့ ပိုပြီးတော့ ကောင်းမယ်ပေါ့နော်။ အဲဒါဆိုရင် ဘာပဲပြောပြော အစိုးရနဲ့ ဒီဘက်က မြန်မာဒုက္ခသည်တွေရဲ့ community တွေ ပူးပေါင်းပြီးတော့ အလုပ်လုပ် လိုက် ရင် သူ့ဟာနဲ့သူ အဆင်ပြေသွားတာပဲ။ မလေးရှားအစိုးရလည်းပဲ တစ်ဖက်က work permit ထုတ်ရင် သူတို့နိုင်ငံရဲ့ အလုပ်ရုံတွေ၊ စက်ရုံတွေမှာ အလုပ်သမားအားဖြင့် မရှိဘူးပေါ့။ အဲဒီတော့ အဲဒီလူတွေကို work permit ထုတ်ပေး သောအားဖြင့် အလုပ်ရုံတွေ၊ စက်ရုံတွေ၊ ရော်ဘာခြံတွေ၊ စားသောက်ဆိုင်တွေမှာ သူတို့ကို ထည့်ပေးလိုက်ရင် မလေးရှား အစိုးရအတွက်လည်း အကျိုးရှိသွားမယ်၊ ဒုက္ခသည်တွေအတွက်လည်း အကျိုးရှိသွားမယ်” ဟု မိန့်ကြား သည်။

ထို့နောက် မလေးရှားအစိုးရနှင့် UNHCR တို့အကြား မည်သို့သော ကိစ္စရပ်များ၊ ပြဿနာများရှိသည်ကို မသိရှိ သော်လည်း မလေးရှားအစိုးရ၊ UNHCR နှင့် မလေးရှားရှိ အဖွဲ့အစည်းများ ပူးပေါင်းကာ ဆွေးနွေး အဖြေရှာသင့် ကြောင်း ၎င်းက ဆက်လက် မိန့်ကြားပြောသည်။

၂၀၁၈ ခုနှစ်က မလေးရှား UNHCR ရုံးကို မြန်မာများ ဆန္ဒပြနေစဉ်

မလေးရှားအစိုးရအနေဖြင့် နိုင်ငံ၏ အမျိုးသားလုံခြုံရေးအရ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ဒုက္ခသည် အရေးကိုလည်း ပြန်ကြည့်သင့်ကြောင်း၊ UNHCR ရုံးအား ပိတ်သိမ်းရန်မှာ မလွယ်ကူလှကြောင်း ရခိုင်ဒုက္ခသည် များ ဗဟို(CAR) မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။

၎င်းက “ကိုဗစ်ကာလတုန်းက အလွန့်အလွန် အခက်အခဲကြတယ်။ တစ်နိုင်ငံလုံး lockdown ချလိုက်တယ်။ ချ လိုက်တော့ သူတို့နိုင်ငံသားတွေကိုတော့ အစိုးရက ထောက်ပံ့ကြေး ပေးထားတယ်။ ဦးဇင်းတို့ ဒုက္ခသည်တွေ ရှိ တယ်။ သူတို့ကို ဘယ်သူမှ မသိကြဘူး။ အလုပ်လည်း မရှိကြတော့ ဒုက္ခအရမ်းကျရောက်တယ်။ တိုင်းရင်းသား community အဖွဲ့တွေရှိတဲ့ အခါကျတော့ သူတို့ အဖွဲ့အစည်းတွေနဲ့ သူတို့လူတွေကို သူတို့ဟာ သူတို့ ထောက်ပံ့ပြီး တော့ စားနပ်ရိက္ခာတွေချပေး၊ ဆေးဝါးတွေချပေး။ နောက်တစ်ခုက ကိုဗစ်ကာလတုန်းက ဒုက္ခသည်သမားတွေ “O” သမားတွေကို ဆေးမထိုးပေးဘူးဆိုပြီး ပြောပါတယ်။ ပြောတဲ့အခါကျတော့ UNHCR ကတ် ကိုင်ထားတဲ့ သူရယ်၊ ပတ်စပို့စ် ရှိတဲ့သူ၊ သူတို့နိုင်ငံသားပဲ ဆေးထိုးပေးမယ်ဆိုတော့ ဦးဇင်းတို့နဲ့ တစ်ခေါက် အငြင်းပွားကြပါ တယ်။ ၃ ရက် ၄ ရက် လောက်ကြာတော့ ဦးဇင်းတို့ ဆွေးနွေးပြီးတော့ အဲဒါထွက်လာတယ်။ တစ်နိုင်ငံလုံးရှိသမျှ လူတွေအားလုံး နိုင်ငံခြားသား “O” သမားများ အကုန်လုံးဆေးထိုးဆိုပြီးတော့”ဟု မိန့်သည်။

မလေးရှားနိုင်ငံတွင် UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာ ၂ သိန်းနီးပါး ရှိကြောင်း၊ ဒုက္ခသည် ကတ် မရှိသည့် မြန်မာ အများအပြား ရှိကြောင်း၊ UNHCR ရုံး အမှန်တကယ် ပိတ်လိုက်ပါက ထို ၂ သိန်း နီးပါးသည် ဒုက္ခရောက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

Wave Money အသုံးပြုမှု မှတ်ပုံတင်ယူခိုင်းခြင်းက လုံခြုံမှုအတွက်ကောင်းဟုပြော

By CNI
CNI
Category: Watch TV
Hits: 795

Share
Tweet
Share
Share
powered by social2s

စစ်တွေမှတဆင့် ကုန်သွယ်နေရ၍ ရေထွက်ကုန်များ ဈေးကောင်းမရ

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

ကြံတစ်တန်ကို ကျပ် ၉၀၀၀၀ အထိ ပေးဝယ်လာ

By CNI
CNI
Category: Watch TV
Hits: 820

Share
Tweet
Share
Share
powered by social2s

စာချုပ်ပါ အလုပ်မဟုတ်၍ ထွက်မည်ဆိုသဖြင့် အလုပ်ရှင်မှ ဘတ် ၄ ထောင်တောင်း

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

စစ်တွေမှတဆင့် ကုန်သွယ်နေရ၍ ရေထွက်ကုန်များ ဈေးကောင်းမရ

By CNI
CNI
Category: စီးပွားရေး
Hits: 1925

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉

မောင်တောနယ်စပ် ကုန်သွယ်ရေးသို့ သွားရာလမ်းကြောင်းကို ကန့်သတ် ပိတ်ပင်ထားသည့်အတွက် မောင်တော ကုန်သည်များသည် စစ်တွေနယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်ပို့နေရခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေ သည်ဟု ကုန်သည်များထံမှ သိရသည်။

မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရာတွင် အချိန် ၁ နာရီခန့်သာ ကြာမြင့်သော်လည်း စစ်တွေမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရာ၌ ၁၀ နာရီခန့် ကြာမြင့်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများသည် ပျက်စီးမှု၊ အရည်အသွေး ကျဆင်းမှုများနှင့် ကြုံတွေ့နေရပြီး ဈေးကောင်းမရဘဲ ဖြစ်နေသည်ဟု မောင်တောကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တွေကနေသွားရင် ၁၀ နာရီလောက် ကြာတာပေါ့၊ စစ်တွေကနေ ဘင်္ဂလားကို။ မောင်တောနဲ့ကျတော့ ၁ နာရီ ပတ်ချာလည်ပေါ့။ အချိန်အများကြီး ပေးလိုက်ရတဲ့အတွက် ကြားထဲမှာ ရေခဲရိုက်ထားတဲ့ ငါးတွေ ဖြစ်တဲ့ အတွက် ရေခဲပျော်တာတို့၊ ငါးကွာလတီ ကျသွားတာပေါ့ အဓိကကလေ။ ကုန်တွေ ကွာလတီကျပြီးတော့ ဟိုဘက် မှာ ဈေးမရတာတို့ ဖြစ်တာပေါ့။ အဲဒါလေးတွေ ဖြစ်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ရေချိုငါး တစ်မျိုးဖြစ်သည့် ငါးမြစ်ချင်းသည် အဓိကကုန်စည် ဖြစ်ပြီး အများဆုံး တင်ပို့မှုရှိနေကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးမှတဆင့် ငါးမြစ်ချင်း တန်ချိန် ၉၀၀ ကျော် တင်ပို့ ထားနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်၍ မရခြင်းကြောင့် စစ်တွေမှတဆင့် ငါးမြစ်ချင်းများ ကို တင်ပို့နေရပြီး အရည်အသွေး ကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း ကုန်သည်များသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သည်နှင့် စာချုပ်ချုပ်ဆိုထားပြီ ဖြစ်သည့်အတွက် မဖြစ်မနေ တင်ပို့နေရခြင်း ဖြစ်သည်ဟု ကုန်သည်ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သက်ရောက်မှုကတော့ အရှုံးပေါ်ကြတာပေါ့နော်။ မဖြစ်မနေနဲ့ ဟိုဘက်က ကုန်အမှာစာ ရောက်တာနဲ့ မပို့မဖြစ် ပို့နေရတာပေါ့။ ပို့နေရတော့ အကျိုးအမြတ် မရှိဘူးပေါ့။ ဒီလမှာ ကုန်သည်တစ်ယောက် တန်ချိန် ၅၀၀ စာချုပ် ချုပ်ထားတယ်။ ဟိုဘက်မှာ ၅၀၀ ပြည့်အောင်တော့ ပို့ပေးရတာပဲလေ။ မကိုက်ရင်လည်းပို့၊ ကိုက်ရင်လည်း ပို့။ ကွာလတီကျပြီး ဟိုဘက်ရောက်ရင် ဈေးနှိမ်တာတို့၊ အရင်တုန်းက ဘယ်ဈေးနဲ့ ပြောထားတယ်၊ ဒါပေမယ့် ဘယ်လောက်ကြာသွားလို့ ငါးနာသွားလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ ဒီပုံစံတွေနဲ့ ဈေးချတာတို့ ကြုံရတာပေါ့” ဟု ပြောသည်။

မောင်တောကုန်သည်များ အနေဖြင့် စစ်တွေမှတဆင့် ကုန်သွယ်ရာတွင် အကျိုးအမြတ် နည်းပါးနေခြင်းကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းကြောင်းကို ယခုအတိုင်း ဆက်လက် ကန့်သတ်ထားမည် ဆိုပါက ကုန်သွယ်မှု ရပ်တန့်ထားရတော့မည်ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ထိုသို့ ကုန်သွယ်ရာတွင် မောင်တောကုန်သွယ်ရေး၌ စက်လှေငယ်များဖြင့် ကုန်သွယ်နေကြသော်လည်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးမှာတော့ စက်လှေကြီးများနှင့် သင်္ဘောကြီးများကို အသုံးပြု၍ လုပ်ဆောင်နေခြင်းကြောင့် အဆိုပါ စက်လှေနှင့် သင်္ဘောအတွင်း ကုန်စည်မပြည့်မချင်း စောင့်ဆိုင်းနေရသည်။

ထို့အပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍လည်း ကုန်သွယ်နေရခြင်းကြောင့် ရာသီဥတု ဆိုးရွားသည့် ရက်များ တွင် ၁ ရက်၊ ၂ ရက်ခန့် စောင့်ဆိုင်းပြီးမှသာ ကုန်သွယ်ကြရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်း ချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ဘက်က အခက်အခဲကတော့ သင်္ဘောနဲ့ သွားရတယ်။ စက်လှေတွေနဲ့ သွားရတယ်ဆိုတော့ စက်လှေက သေးသေးနဲ့ မရဘူး။ အနည်းဆုံး တန် ၅၀၊ ၁၀၀။ စက်လှေအကြီးကြီးတွေ လိုတာပေါ့နော်။ စက်လှေ သေးတယ်ဆိုရင် ပင်လယ်ပြင်မှာ ဖြတ်လို့မရဘူးလေ။ မောင်တော နယ်စပ်ဘက်ကျတော့ စက်လှေအသေးနဲ့ တန် ၅၀ ပါပါ ဘယ်လောက်ပါပါ ပို့လိုက်လို့ ရတယ်လေ။ ကျနော်တို့ ဘက်ကျတော့ သင်္ဘော တန် ၁၀၀ လောက်မှ မပါ ဘူးဆိုရင် သွားလို့မရဘူး စက်လှေတွေကလေ။ ဆိုတော့ ကျနော်တို့ဘက်က အခက်အခဲက ဒီနေ့ဆိုရင် ရာသီဥတု က မကောင်းဘူး။ ရာသီဥတု မကောင်းတော့ ပင်လယ်ပြင်မှာ လှိုင်းတွေ၊ လေတွေ ကြီးတယ်။ လှိုင်းတွေကြီးတော့ ကျနော်တို့ဘက်က သွားလို့မရဘူး။ တစ်ရက်၊ နှစ်ရက်လောက် စောင့်ရဦးမယ်။ လှိုင်းလေတွေ ငြိမ်သက်တဲ့အခါမှ ဖြတ်ရမယ် ကျနော်တို့အနေနဲ့။ အဲလိုအခက်အခဲတွေတော့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ ခြင်းကြောင့် မောင်တောနယ်စပ်သို့ ကုန်တင်ပို့ရာ လမ်းကြောင်းကို စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး အကန့် အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ ကုန်စည်များ ဝင်ရောက်မှု ရပ်တန့်နေပြီး ရောက်နှင့်ပြီးသား ကုန်စည်များကိုသာ တင်ပို့နေရကြောင်း၊ စစ်တွေနယ်စပ် ကုန်သွယ်ရေးတွင် ငါးမြစ်ချင်း၊ ကွမ်းသီး၊ ငါးခြောက်၊ ဇီးယို စသည်တို့ကို တင်ပို့လျက်ရှိပြီး ငွေလွှဲရာတွင် အခက်အခဲရှိနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်တင်သွင်းသည့်ကုန်သည် မရှိသလောက် ဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်ကိုင်းနှင့် မကွေးတို့တွင် နယ်မြေမတည်ငြိမ်၍ မြန်မာ့သနပ်ခါးအတုံး ဈေးကွက်ပျက်

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s
မြစ်ဆုံဒေသက ရွှေတူးဖော်နေမှုကို မြင်တွေ့ရစဉ်

ကချင်ပြည်နယ်တွင် တရားမဝင် ရွှေတူးနေသူများကို အရေးယူဆောင်ရွက်မည်ဟုပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1229

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈

ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရားမဝင် ရွှေတူးဖော်နေသူများကို တရားဥပဒေအရ ဖမ်းဆီးအရေးယူ သွားမည်ဟု ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ လုပ်ကွက်များကို တရားဝင် တူးဖော်ခွင့် မပေးထားကြောင်း၊ ၎င်းကိစ္စများကို အစိုးရမူဝါဒအတိုင်း သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက “ကျနော်တို့ဘက်ကတော့ မပေးပါဘူးဗျ၊ အစိုးရအနေနဲ့ကတော့ တရားဝင် လုပ်ကွက်ကလွဲရင် ကျနော်တို့မပေးဘူး။ အဲ့ကိစ္စတွေကလေ နိုင်ငံတော်ရဲ့မူဝါဒ အတိုင်းပဲ သွားပါတယ်။ ခိုးပြီး တူးနေတဲ့ ခိုးပြီးကျင်နေတဲ့ ကိစ္စတွေတော့ရှိတာပေါ့၊ အဲဒါမျိုးကြတော့ ဒီတရားဥပဒေအရ အရေးယူဖို့ ဖမ်းဖို့ လုပ်ပါတယ်” ဟုပြောသည်။

လက်ရှိ မြစ်ဆုံဒေသတွင် တနိုင်တပိုင်ဖြင့် ရွှေတူးဖော်နေခြင်းမျိုးမဟုတ်တော့ဘဲ စက်ယန္တရားများဖြင့် ရွှေတူးဖော် နေကြောင်း တန်ဖဲမြစ်ဆုံဒေသခံကန့်ကွက်သူများအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြစ်ဆုံဒေသက ရွှေတူးဖော်နေမှုကို မြင်တွေ့ရစဉ်

၎င်းက “အခုနောက်ပိုင်းကျတော့ သူတို့ အဲ့မှာ တစ်ခါတည်း လုံခြုံရေးတွေထားပြီးတော့ ခြံခတ်ထားတာပေါ့နော်၊ အကာအရံတွေ လုပ်ထားတယ်ဆိုတော့ အဲ့မှာဘယ်သူမှ မေးလို့လည်းမရဘူး၊ ဝင်လို့လည်း မရဘူးဆိုတော့ အဲ့ဒီ အထဲမှာက ဘယ်လောက် အခြေအနေ ဆိုးသွားပြီလဲ၊ ဘယ်လောက်ထိ ရောက်သွားပြီလဲ ဆိုတာကြတော့ ဘယ်သူ မှ မသိနိုင်ဘူး။ သူတို့က ဘတ်ဖိုးတွေ အများကြီးနဲ့ တူးနေတယ်ဆိုတာတော့ ဒါတော့ သေချာတယ်” ဟု ပြောသည်။

ယခင်က ရွှေတူးဖော်မှုကို ရှေးနည်းအတိုင်း လက်ဖြင့်သာ တပိုင်တနိုင် ရွှေကျင်ကြသော်လည်း ယခုနောက်ပိုင်း မှာတော့ လောပန်း (လုပ်ငန်းရှင်သူဌေး) အချို့သည် မြေနေရာများကို အခကြွေးငွေပေး ငှားရမ်းကာ စက်ယန္တရား များအသုံးပြု၍ စီးပွားဖြစ် ရွှေတူးဖော်နေကြောင်း သိရသည်။

ထို့ကြောင့် ကန့်ကွက်စာများ တင်သော်လည်း ထိရောက်မှု သိပ်မရှိကြောင်း၊ ရေရှည်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလို စားဝတ်နေရေးအတွက်ပါ စိုးရိမ်စရာများ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ် ၊ဆွမ်ဘရာဘွမ်မြို့နယ်၊ ရှင်ဗွေယန်မြို့နယ်၊ မိုးမောက်မြို့ နယ်၊ ရွှေကူမြို့နယ် စသည့် မြို့နယ် ၆ ခုတွင်းမှာ ကုမ္ပဏီ ၁၈ ခုကို အသေးစားလုပ်ကွက် ၅၈ ကွက်နှင့် လက်လုပ် လက်စား လုပ်ကွက် ၂ ကွက်အား ရွှေတူးဖော်နိုင်ရေး ၂၀၁၉ ခုနစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လုပ်ကွက် မည်မျှ ချပေးထားကြောင်းနှင့် မည်သည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့် ရရှိနေသည်ကိုတော့ မသိရဘဲ ဖြစ်နေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28

Page 24 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar