CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(ဓါတ်ပုံ-Getty Images)

OPEC ဖြတ်တောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အရန်ရေနံစိမ်းထုတ်သုံးရန် ဘိုင်ဒန်ခွင့်ပြု

By CNI
CNI
Category: စီးပွားရေး
Hits: 1843


CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၉

OPEC+ အဖွဲ့က မကြာသေးမီက ကြေညာခဲ့သော ထုတ်လုပ်မှုလျှော့ချရေးကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် အောက်တိုဘာ ၁၉ ရက် (ယနေ့)တွင် အမေရိကန်၏မဟာဗျူဟာအရ ဖယ်ချန်ထားသည့် အရန်ရေနံစည်ပေါင်း ၁၅ သန်းကို ထုတ်ပြန်ကြေညာရန်ရှိသည်ဟု South China Morning သတင်းစာက ရေးသားဖော်ပြသည်။

ထို့ပြင် လာမည့်လ ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ ၎င်းအစိုးရအဖွဲ့၏ ရပ်နားထားသမျှကို ပြန်လည် စတင် South China Morning က ဆက်လက်ရေးသားသည်။

ဘိုင်ဒန်သည် မဟာဗျူဟာမြောက် အရန်ရေနံစိမ်းများကို ထုတ်သုံးရန် ကြေညာချက်အတွက် အောက်တိုဘာ ၁၉ ရက်တွင် သဘောထားမှတ်ချက်များ ပေးပို့လိမ့်မည်ဟု အမည်မဖော်လိုသူ အမေရိကန်အဆင့်မြင့်အရာရှိများက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် တက္ကဆက်စီးတီးရှိ ရေနံစိမ်းသိုလှောင်ကန်များကို တွေ့ရစဉ်(ဓါတ်ပုံ-The Newyork Times)

ပြီးခဲ့သည့်မတ်လတွင်လည်း ဘိုင်ဒန်၏ခွင့်ပြုချက်ဖြင့် ၆ လတွင်း ရေနံစည် သန်း ၁၈၀ ကို ဖြန့်ဝေပေးခဲ့သည်။ ထို ပမာဏသည် ၁၉၈၄ ခုနှစ်မှ သမ္မတဟောင်းထရမ့်လက်ထက်အထိ ပေါင်းကူးတံတားဟုခေါ်သည့် မဟာဗျူဟာ မြောက်အရန်ရေနံစိမ်းကို ပြည်တွင်းထုတ်လုပ်မှုအနေဖြင့် လျှော့ချခဲ့သည်။

ယခုအခါ အမေရိကန်တွင် အရန်ရေနံစိမ်းစည် သန်း ၄၀၀ ခန့်ရှိသည်။

ဘိုင်ဒန်သည် ယခုနှစ်ဆောင်းရာသီတွင် လောင်စာဆီဈေးနှုန်းများ ကျဆင်းစေရန် ကြိုးပမ်းမှုတွင် ထပ်လောင်း ထုတ်လုပ်ခြင်းများကို တံခါးဖွင့်ပေးမည်ဖြစ်သည်။ သို့သော် အစိုးရတာဝန်ရှိသူများကတော့ ၎င်းတို့ လုပ်ဆောင် ရမည့်အခြေအနေများကို အသေးစိတ်ထုတ်ဖော်ခြင်းမရှိပေ။

ရေနံဈေး တစ်စည်လျှင် ၆၇ ဒေါ်လာမှ ၇၂ ဒေါ်လာအောက် (သို့မဟုတ်) ယင်းထက်ကျဆင်းလာသည့်အချိန်ကျမှ မဟာဗျူဟာမြောက် အရန်သိုလှောင်ခြင်း ပြန်လည်စတင်မည်ဟု ဘိုင်ဒန်က ပြောကြားထားပြီးဖြစ်သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားဆေးမျိုးစုံ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာ

By CNI
CNI
Category: Watch TV
Hits: 708

Share
Tweet
Share
Share
powered by social2s
ရန်ကုန်က ဆေးဆိုင် တစ်ဆိုင်မှာ ဆေးဝယ်ယူနေကြသူများကိုတွေ့ရစဉ်

နိုင်ငံခြားဆေးမျိုးစုံ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာ

By CNI
CNI
Category: စီးပွားရေး
Hits: 2414

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

အိမ်သုံးအခြေခံ ဆေးဝါးများအပြင် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် ရေရှည် သောက်သုံးနေရသော ဆေးဝါးများ၏ ဈေးနှုန်းများသည် လက်ရှိတွင် အနည်းငယ် ကျဆင်းလာကြောင်း နိုင်ငံခြားဆေးမျိုးစုံ ရောင်းချသည့် ဆိုင်များထံမှ သိရသည်။

ဆေးကုမ္ပဏီထံမှ ဝယ်ယူသည့်အခါတွင် လက်ရှိ၌ ဆေးမျိုးစုံသည် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေမင်္ဂလာဈေးမှ နိုင်ငံခြားဆေးမျိုးစုံ လက္ကားရောင်းချသည့် ဆေးဆိုင် မန်နေဂျာတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆေးဈေးက ကျတယ်ညီမ။ ကျတယ်ဆိုတာက အစ်ကိုက ဒီကမန်နေဂျာပါ။ ကျတယ်ဆိုတာက ကုမ္ပဏီ ဈေးတွေက ကျတာပါ။ ၁၀ ရာခိုင်နှုန်းလောက်တော့ အားလုံး ကျကြတယ်။ အကုန်လုံးကျတာ ကုမ္ပဏီတိုင်း ကျတာပါ။ သွေးတိုး၊ ကျောက်ကပ် ဘာညာ လေးဘက်နာပေါ့။ နှစ်ခုလုံးကျတာ အားလုံးကျတာ။ ဒီမနက် ဈေး လည်း ကျတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးများ၏ ရာခိုင်နှုန်း ထက်ဝက်ကျော်သည် ပြည်ပမှ တင်သွင်းလျက်ရှိ ကြောင်း၊ ဆေးနှင့် ဆေးပစ္စည်း တင်သွင်းရာတွင် ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရသည့်အတွက် ဒေါ်လာဈေး မငြိမ်မသက်ဖြစ်မှုသည် ဆေးဈေးနှုန်းများကို အဆမတန် ကြီးမြင့်စေခဲ့ကြောင်း ဆေးကုန်သည်များက ပြောသည်။

ဆေးများ ရောင်းချနေစဉ် 

လက်ရှိတွင် ဆေးဝါးများ ဈေးနှုန်းကျဆင်းလာသော်လည်း ဈေးနှုန်း မြင့်တက်ချိန်တွင် အများအပြား ဝယ်ယူထားမိ ခဲ့ကြသည့်အတွက် လက်ရှိ၌ ဝယ်ယူမှု နည်းပါးကြောင်း ရွှေပြည့်စုံဈေးမှ ဆေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်ဝတ်ရည်သွယ်က ပြောသည်။

၎င်းက “ကျတာက နည်းနည်းပဲ ကျတာပါ။ အရင် ၆၀ ရာခိုင်နှုန်းလောက် တက်ထားလို့ရှိရင် အခုက ၁၀ ရာခိုင်နှုန်း လောက်ကိုပဲ ချပေးတာ။ သိပ်အများကြီး မကျသေးဘူး။ ကျတာတော့ ကျတယ်။ တခြား ပြတ်နေတဲ့ ပစ္စည်းတွေက တော့ မကျဘူးပေါ့နော်။ ဆေးပြန် ထပ်မဝင်တဲ့ ဟာတွေကတော့ မကျဘူး။ အရောင်းအဝယ်တွေကတော့ ပါးနေ တယ်။ ဈေးကျတယ်ဆိုတော့ သိပ်မဝယ်ချင်ကြဘူး။ ဈေးတက်တဲ့ အချိန်မှာသာ လူတွေက ဝယ်ချင်ကြတာ။ ပထမ ပိုင်းတုန်းကလည်း ပစ္စည်းပြတ်မှာစိုးလို့ ဝယ်ထားတာတွေက များတော့လေ မဝယ်နိုင်ကြတော့ဘူး။ အရောင်း အဝယ်တွေကတော့ ပါးတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဈေးနှုန်း ထပ်ကျမည်ကို စိုးရိမ်ကြသည့်အတွက် လက်ရှိတွင် ဆေးဝါးရောင်းချသူများက အမြန် ရောင်းချလိုသော် လည်း ဝယ်ယူသူများသည့် ဈေးနှုန်း ထပ်ကျမည့်အချိန်ကို စောင့်ဆိုင်းနေကြကြောင်း သိရသည်။

ဆေးဝါးလက္ကားရောင်းချသည့် ဆိုင်များနှင့် ကုမ္ပဏီများမှ ဆေးဝါးဈေးနှုန်းများသည် ကျဆင်းလာနေသော်လည်း ရပ်ကွက်အတွင်းရှိ လက်လီ ပြန်လည်ရောင်းချသော ဆေးဝါးအရောင်းဆိုင်များ၏ ဈေးနှုန်းများမှာမူ ကျဆင်းမှု မရှိသေးသလို တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းများလည်း ကွာခြားလျက်ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အပန်းဖြေစခန်းနှင့် စားသောက်ဆိုင်တို့မှ ဝါးအိမ်တဲ ဝယ်ယူမှု များနေ

By CNI
CNI
Category: Watch TV
Hits: 785

Share
Tweet
Share
Share
powered by social2s

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျိုက်ထီးရိုး ခရီးစဉ်များ ဖျက်သိမ်းလာကြ

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s
ဝါးနဲ့ လုပ်ထားသော လုပ်မှုပစ္စည်းများကိုတွေ့ရစဉ်

အပန်းဖြေစခန်းနှင့် စားသောက်ဆိုင်တို့မှ ဝါးအိမ်တဲ ဝယ်ယူမှု များနေ

By CNI
CNI
Category: စီးပွားရေး
Hits: 2382

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

အချောထည်ပြုလုပ်ပြီးသား ဝါးအိမ်တဲများအား အပန်းဖြေစခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းတို့မှ ဝယ်ယူမှု များပြားနေသည်ဟု ဝါးကုန်ထုတ် သမဝါယမအသင်းမှ ဒုတိယဥက္ကဌ ဦးကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဝယ်ယူကြရာတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ အများဆုံး ဝယ်ယူကြကြောင်း ၎င်းက ပြောသည်။

ဦးကျော်ဝင်းက "ဝါးက အခုနောက်ပိုင်းမှာ ကျနော်တို့ ဝါးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ မြင့်တက်လာတယ်။ စားသောက်ဆိုင်ရယ်၊ အပန်းဖြေ ဥယျာဉ်တွေမှာ သုံးဖို့ ပိုများတယ်။ နောက် ကိုယ့်ရဲ့စိုက်ပျိုးရေး ခြံတွေမှာ နားနေ ဖို့အတွက် အပန်းဖြေဖို့အတွက် ကိုယ်ပိုင်ခြံတွေထဲမှာ ထည့်ကြတာလည်း များပါတယ်။ လုပ်ပြီးသား သယ်တာ တော့ ပိုများတယ်။ ဝါးအလုံးလိုက်လည်း ဝယ်ကြတယ်။ နောက် လုပ်တဲ့ လူတိုင်း လူတိုင်းမှာလည်း အလုပ်ဖြစ် တယ်ပေါ့။ လက်မှုသမားဆိုလည်း သူသေသေချာချာလုပ် မှာတဲ့လူက အပြည့်ပဲ။ ကျနော်တို့ဆိုရင် ပရိဘောဂနဲ့ ဝါးနားနေဆောင်လေးတွေရယ် ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်တယ်။ အဲဒါလည်း သူ့အော်ဒါနဲ့ သူတော့ အပြည့်ပဲ။ ဆိုတော့ လူတွေစိတ်ဝင်စားမှု အပိုင်းကတော့ ပိုပြီးမြင့်တက်လာတယ်။ အရင်ထက်စာရင် လူတွေက ဈေးနှုန်း သိပ်မကြည့်တော့ပဲနဲ့ လက်ရာ သေသပ်တာတို့ကို ပိုပြီး ကြည့်လာတဲ့ သဘောတော့ရှိတယ်။ သူက ပုံမှန် အားဖြင့်တော့ ထိုင်ရင် ခန္စာကိုယ်ရဲ့ အပူတွေကို ဆွဲစုပ်တဲ့အတွက် အညောင်းအညာပြေတယ်။ နေလို့ ထိုင်လို့ ပိုကောင်းတယ်။ ကျန်းမာရေးအရ အဆင်ပြေတယ်ဆိုပြီးမှ လူတွေက ပိုကြိုက်လာတာလည်း ပါတယ်" ဟု CNI သတင်းဌာနသို့ ပြောသည်။

ဝါးနဲ့ လုပ်ထားသော လုပ်မှုပစ္စည်းများကိုတွေ့ရစဉ်

ဝါးအိမ်တဲတစ်လုံးလျှင် အကျယ်အဝန်း၊ ဝါးအမျိုးအစားနှင့် လိုချင်သည့် ပုံစံပေါ် မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိပြီး ပုံမှန်အားဖြင့် ဝါးအိမ်တဲတစ်လုံးအား ငွေကျပ် ၁ သိန်းခွဲမှ ၁၈ သိန်းခန့်အထိ ရှိကြောင်းနှင့် တစ်ပတ်လျှင် အနည်းဆုံး တစ်လုံးမှစတင်ကာ မှာယူ၊ ဝယ်ယူနေကြကြောင်း သိရသည်။

ဝါးအိမ်တဲများအား ဝယ်ယူမှု များပြားလာသကဲ့သို့ ဝါးဖြင့်ပြုလုပ်ထားသည့် လက်မှုပစ္စည်းများဖြစ်သော စုဘူး၊ မီး အိမ်၊ နာရီ၊ ရေနွေးကရား အစရှိသည်တို့ကိုလည်း စိတ်ဝင်စားမှုရှိကြကာ ဝယ်ယူမှု များပြားကြောင်း သိရသည်။

ဝါးကုန်ကြမ်းရောင်းချသူတစ်ဦးက "ကုန်ကြမ်းမှာတာတော့ ကျနော်တို့က ဝါးအမျိုးအစား ၄၊ ၅၊ ၆ မျိုးလောက် ရှိတော့ ကျနော့်ဆီက မရနိုင်တဲ့ အရာကျတော့ တခြားဆီက မှာတာပေါ့။ အခု ကျနော့်ဆီက မှာတာကြတော့ ကျနော်က အမိုး၊ အကာ သုံးတဲ့ကုန်ကြမ်း ပို့ပေးရတာ များတယ်။ ပြီးခဲ့တဲ့ လကတော့ ကျနော် အဲဒီအမိုးအတွက် သုံးတဲ့ ဆိုဒ်က ၂၀၀၀ လောက်တော့ ပို့ဖြစ်ပါတယ်။ သူ့အချောအထည်ပိုင်း ဖြစ်သွားရင်တော့ မဆိုးဘူးပေါ့ (ဈေးကွက်က)။ ကျနော်တို့ဘက်က ကြည့်ရင်တော့ လုပ်ငန်းဖြစ်မြောက်ရေး လောက်ပဲ ရှိပါတယ်။ ကျနော်တို့ အခုလက်ရှိ ကုန်ကြမ်းတွေဝယ်တဲ့ အချိန်မှာ ဈေးတော့ နည်းနည်းလေး မြောက်လာတာရှိတာပေါ့။ ပွဲစားတွေရဲ့ ဆီဈေး၊ ကားခနဲ့ လမ်းကြောတွေနဲ့ဆိုတော့ အရင်ထက်စာရင် ဈေးနှုန်း နည်းနည်းလေး ပိုလာတာပေါ့။ ဈေး နည်းနည်း မြောက်တယ်ဆိုတာက ဝါးတစ်လုံးပေါ်မှာ ၃၀ (ကျပ်) တက်တာမျိုး၊ ၄၀ (ကျပ်) တက်တာမျိုး အဲဒီလို တစ်ခေါက်နဲ့ တစ်ခေါက် နည်းနည်းလေး တက်တက်လာတာ။ ကျနော်တို့ကလည်း တဆင့်ခံ ဝယ်ရတာ ဆိုတော့ လေ" ဟု CNI သတင်းဌာနသို့ ပြောသည်။

ဝါးနဲ့ လုပ်ထားသော အပန်းဖြေစခန်းကိုတွေ့ရစဉ်

ဝါးကုန်ကြမ်းများကို သဘာဝတောများမှ ထုတ်လုပ်လျက်ရှိကြောင်း၊ နှစ်စဉ်ပျမ်းမျှ ဝါးအလုံးရေ ၁၄၇ သန်း ထုတ်လုပ်ရန် လျာထားခဲ့သော်လည်း နှစ်စဉ်ပျမ်းမျှ ဝါးအလုံးရေ ၁၂၇ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဝါးများကို နေရာအနှံ့မှာ စိုက်ပျိုးကြကြောင်း၊ ဝါးအစိမ်း အလုံးလိုက်များလည်း ဝယ်ယူမှု ရှိကြကြောင်း၊ နေရာဒေသနှင့် ဝါးအမျိုးအစားပေါ် မူတည်ပြီး တစ်လုံးလျှင် ၅၅၀၊ ၆၀၀ ကျပ်ခန့် ပေါက်ဈေး ရှိကြောင်း‌ ဝါးကုန်ထုတ် သမဝါယမအသင်းမှ သိရသည်။

ထို့နောက် ပြုလုပ်ပြီးသား ဝါးလက်မှုပစ္စည်းများကို ဝယ်ယူကြသကဲ့သို့ သင်တန်းလာတက်ရောက်ပြီး မိမိ ကိုယ်တိုင် ပြုလုပ်ကြသူများလည်း ရှိကြောင်း၊ လက်ရှိ၌ ဝါးနှင့်ပြုလုပ်သည့် လက်မှုပညာ အချောထည် သင်တန်းများတွင် လာရောက်သင်ကြားသည့် သင်တန်းသားများလည်း များလာကြောင်း ဝါးကုန်ထုတ် သမဝါယမအသင်းမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ် ဝယ်လိုအားများလာ၊ တင်ပို့ရန် နှောင့်နှေးနေ

By CNI
CNI
Category: Watch TV
Hits: 761

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာများကိုတွေ့ရစဉ်

ထိုင်းတွင် အဖမ်းအဆီးများ၊ အဖမ်းခံရသူများထဲတွင် မြန်မာအများဆုံးဖြစ်

By CNI
CNI
Category: စီးပွားရေး
Hits: 1578

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ယခု ရက်ပိုင်း၌ ထိုင်းအာဏာပိုင်များက အဖမ်းအဆီး ပိုမိုများပြားလာကြောင်း၊ အဖမ်းခံရသူများထဲမှာ အထောက် အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သို့ ပြောသည်။

ထိုင်းနိုင်ငံတွင် နေရာအနှံမှာ စီမံချက်တစ်ခုသဖွယ် အဖမ်းအဆီးများ ပြုလုပ်နေကြောင်း၊ အဖမ်းအဆီးမှာ ယခုထက် ပိုမို များပြားလာနိုင်ဖွယ် ရှိသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက “အခုက လွန်ခဲ့တဲ့ ၄ ရက် ၅ ရက်ကနေ ပြီးတော့မှ တောက်လျှောက် ဖမ်းတယ်။ ဒီတာ့ခ်ခရိုင် ထဲမှာဆိုလည်း တော်တော်ဖမ်းတယ်။ လွန်ခဲ့တဲ့ ၄ ရက် ကတည်းကနေ ဒီနေ့အထိပေါ့။ အဖမ်းအဆီးက အထောက်အထားမဲ့တွေကို ပိုမိုဖမ်းတာတွေ ရှိတယ်။ နောက် အထောက်အထား မပြည့်စုံတဲ့ မြန်မာတွေ အဖမ်းခံရတာတွေ ရှိတယ်။ နိုင်ငံခြားသား အလုပ်သမားတွေကို အထောက်အထား တစ်စုံတစ်ရာ ထုတ်ပေးပြီဆိုရင် သူ သတ်မှတ်ထားတဲ့ ဒိတ်ကုန်သွားပြီပေါ့။ ဘယ်နေ့မှာ ပိတ် မလဲ အဲဒီပိတ်လိုက်တဲ့ နောက်ပိုင်းမှာ သူတို့ အဖမ်းအဆီးတွေ ရှိပြီ။ ဖမ်းပြီပေါ့ ဘယ်သူ အထောက်အထားတွေ လုပ်ထားလဲ။ မလုပ်ထားဘူးလဲဆိုတာ အဲဒါကိုဖမ်းတယ်။ မလုပ်ထားဘူးဆိုရင်တော့ ဖမ်းပြီးတော့ ပြန်ပို့တာပေါ့ သက်ဆိုင်ရာ နိုင်ငံကို။ ဘာကြောင့်လဲဆိုတော့ ထိုင်းမှာလည်း လက်ရှိသူတို့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အရှုပ် အထွေးတွေ ရှိတဲ့အခါကျတော့ ဒီနေရာမှာ လုံခြုံရေးအရ ကိုဗစ်ကလည်း သက်သာလာတယ်လို့ ပြောတဲ့အချိန်မှာ တစ်နယ်နဲ့ တစ်နယ် သွားလာတာတွေလည်း များလာတယ်။ များလာတဲ့အခါကျတော့ အဲဒီမှာ စစ်ဆေးမှုတွေပို များမယ်။ ရှေ့မှာ ပိုပြီးတော့မှ အဖမ်းအဆီးတွေ ပိုများမယ်။ နောက်တစ်ခုက နှစ်ကုန်ကာစလည်း ဖြစ်တာပေါ့။ အခုဆိုရင် ဒါ နှစ်ကုန်ခါနီးလည်း ဖြစ်တဲ့အခါကျတော့ နောက်ပိုင်းမှာ နိုင်ငံခြားသား အထာက်အထားမဲ့တွေကို ပိုမိုပြီးတော့မှ ဖမ်းဆီးလာနိုင်စရာ အကြောင်းရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံက ထုတ်ပေးသည့် ဘတ်ပန်းရောင်ကတ်ကိုတွေ့ရစဉ်

လက်ရှိတွင် ထိုင်းအာဏာပိုင်းများက ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် တရားမဝင် နိုင်ငံ ခြားသား ရွှေ့ပြောင်းလုပ်သားများအား ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်(ဘတ်ပန်းရောင်ကတ်)အားထုတ်ပေး လျက်ရှိသည်။

သို့သော်လည်း ယခုလထဲတွင် အဖမ်းအဆီး များလာကြောင်း၊ ဘတ်ပန်းရောင်ကတ် မပြုလုပ်ရသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာများနှင့် အထောက်အထား မပြည့်စုံသည့် မြန်မာများအနေဖြင့် ယခုကာလအတွင်း သတိပြုကြရန် လိုအပ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေက ရှိတယ်။ အဲဒါက နံပါတ်တစ် က တော့ အထောက်အထားမဲ့ဆိုတာ တစ်မျိုးပေါ့။ အထောက်အထားမဲ့ဆိုတာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင် နေထိုင်တယ်ဆိုတဲ့ အမှုနဲ့ပေါ့။ လ.ဝ.က အမှုပေါ့ ဗမာလိုပြောရရင်။ အဖမ်းခံရရင် ထောင်ထဲပို့ပြီး အချုပ်ထဲမှာ သူ့သတ်မှတ်တဲ့ ကာလနေပြီးတော့ ပြန်ပို့ခံရမယ်။ ဒါပေမယ့် ဖမ်းမိတဲ့နေရာမှာ သူက အပြင်မှာ ဖမ်းမိတာ၊ အိမ် မှာ နေတုန်း ဖမ်းမိတာ အစရှိသဖြင့် အဲဒါမျိုးနဲ့ လုပ်ငန်းခွင်မှာ ဖမ်းမိတာမျိုးနဲ့က ကွာတယ်။ လုပ်ငန်းခွင်မှာ ဖမ်းမိ တယ်ဆိုရင် အမှုက ပိုပြီး ဆိုးတယ်။ ပိုဆိုးတယ်ဆိုတာက တရားမဝင်လည်း ဖြစ်နေတာတစ်မှု၊ တရားမဝင်ဘဲနဲ့ အလုပ်လုပ်ခွင့် မရှိဘဲနဲ့ အလုပ်လုပ်တယ်ဆိုတဲ့ အမှုပါ ပါလာရော။ အဲဒါဆိုရင် သူက ၂ နှစ်အနည်းဆုံး နေရပ် ပြန် ပို့ ခံရပြီးတော့ ထိုင်းနိုင်ငံထဲကို ဝင်ခွင့် အပိတ်ခံရတာပေါ့နော်။ နောက်တစ်ခုက မြန်မာနိုင်ငံသား အပါအဝင် ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်လို့မရတဲ့အလုပ် လုပ်ငန်း အမျိုးအစားဆိုတာ ရှိတယ်။ အဲဒီလို အလုပ်မျိုးမှာ သွားလုပ်တယ်ဆိုရင် သူက သုံးမှုဖြစ်သွားရော။ တရားမဝင် ဝင်ရောက်မှု၊ အလုပ်လုပ်ခွင့် မရှိဘဲနဲ့ လုပ်တဲ့အမှုရယ်၊ နောက် လုပ်ငန်းခွင်က ခွင့်ပြုထားတဲ့ လုပ်ငန်းခွင် မဟုတ်တဲ့ဟာကို လုပ်တဲ့အမှု အဲဒါမျိုးတွေ ဖြစ်နိုင်တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာများကိုတွေ့ရစဉ်

ထို့ကြောင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ထားတဲ့ ဥပဒေများအား သိရှိထားပါက မိမိအတွက် ကောင်းမွန်ကြောင်းလည်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ကိုင်နေသည့် တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားများအား အဖမ်းအဆီး များနေသည့်အတွက် တရားမဝင် ခိုးဝင်မည့်သူများ အနေဖြင့် မလာသင့်သေး ကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရားမဝင် အလုပ်သမားတွေအနေနဲ့ အခု ထိုင်းကို ဝင်တာတော့ အဆင်မပြေဘူးပေါ့။ ဘတ် (ဘတ်ပန်းရောင်ကတ်) ပိတ်ထားပြီ ဆိုရင် ဒုက္ခဖြစ်တယ်။ ရောက်လာပေမယ့်လည်း အလုပ်အကိုင် အခွင့်အလမ်း တွေ မရကြဘူး။ ဘတ်လုပ်လည်း မမီတော့ဘူးပေါ့နော်။ တကယ်လို့ လူမလာခင်ကတည်းက ပွဲစားတွေကနေ ဘတ်လုပ်ဖို့ ပေးထားတဲ့သူတွေ အတွက်ဆိုရင်တော့ အဆင်ပြေတယ်။ ဘတ် မလုပ်ရသေးဘူးဆိုရင်တော့ အဆင် မပြေဘူး။ ရောက်လာပေမယ့် လည်း တချို့ကျတော့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ မရနိုင်ကြဘူး။ တကယ်လို့ ဘတ် မတင်ရသေးဘူး ဆိုရင်တော့ အခုလက်ရှိကာလမှာ ထိုင်းကို မဝင်လာကြဖို့အတွက် သတိပေးပြီး တော့ ပြောချင်တယ်”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိကြောင်း၊ ထိုအထဲမှ တရားမဝင် အထောက်အထားမဲ့များ နှင့် တရားဝင် အထောက်အထား အပြည့်အစုံဖြင့် နေထိုင်လုပ်ကိုင်နေသူ စုစုပေါင်း လူဦးရေ ၄၀၀၀၀၀(လေးသိန်း) ကျော် ဘတ်ပန်းရောင်ကတ် ကိုင်ဆောင်ထားကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘင်္ဂလားဒေ့ရှ်သို့ ရခိုင်က ဆန်အပါအဝင် ဆန်တန်ချိန် ၂ သိန်းပို့မည်

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s

သီတင်းကျွတ်ပိတ်ရက် ချောင်းသာနှင့်ငပလီသို့ ခရီးသွား တစ်သောင်းကျော်ဝင်ခဲ့

By CNI
CNI
Category: Watch TV
Hits: 725

Share
Tweet
Share
Share
powered by social2s
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တိုယိုကား ကားအရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တိုယိုတာကုမ္ပဏီ၏မော်တော်ယာဉ်ထုတ်လုပ်မှု စတင်

By CNI
CNI
Category: စီးပွားရေး
Hits: 1784

CNI International News

နာဂိုယာ၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ရန် တိုယိုတာကားကုမ္ပဏီအနေဖြင့် ၁၉ လကြာနှောင့်နှေးခဲ့ရပြီးနောက် ရန်ကုန်မြို့တော်အနီး ယာဉ်အစိတ်အပိုင်းတပ်ဆင်ရေးစက်ရုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဂျပန် အခြေစိုက် နစ်ကိုင်းအေးရှားမီဒီယာက သတင်းဖော်ပြသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် အဆိုပါစက်ရုံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လုပ်ငန်း စတင်လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း စစ်တပ်က အာဏာယူခဲ့၍ နိုင်ငံရေးနှင့်စီးပွားရေး ကမောက်ကမဖြစ်ကာ နှောင့်နှေးခဲ့ရသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ဖြုတ်ချခံခဲ့ရသဖြင့် ၎င်းအားထောက်ခံသူများ၏ဆန့်ကျင်ကန့်ကွက်မှုကို စစ်တပ်က နှိမ်နင်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ပြီးခဲ့သည့်ဩဂုတ်လနှောင်းပိုင်း ၎င်း၏စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်နိုင်ရေးအတွက် တိုယိုတာသည် သီလဝါစီးပွားရေးဇုန်အာဏာပိုင်များထံ တင်ပြခဲ့သည်။

ဟိုင်းလပ်စ်အမျိုးအစား ပစ်ကပ်ကုန်တင်ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်သည့် အဆိုပါစက်ရုံသည် ယခင်စက်တင်ဘာလ၌ လုပ်ငန်းလည်ပတ်မှု အနည်းအကျဉ်းဖြင့် စတင်ခဲ့ကြောင်း၊ လစဉ်ထုတ်လုပ်နိုင်မှု ဆယ် ဂဏန်းမျှသာ အနည်းငယ်ရှိမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တိုယိုကား ကားအရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်

မြန်မာပြည်တွင်းရှိ တိုယိုယာအရောင်းကိုယ်စားလှယ်များက ဟိုင်းလပ်စ်ယာဉ်များအတွက် အော်ဒါအမှာစာများကို အောက်တိုဘာ ၁၁ ရက် (ယမန်နေ့)တွင် စတင်လက်ခံခဲ့သည်။

အကန့်သတ်ဖြင့် ထုတ်လုပ်ရသဖြင့် မော်တော်ယာဉ် အပြည့်အစုံတပ်ဆင်ပြီးစီး၍ ပေးပို့နိုင်မည့် ရက်အတိအကျကို အာမမခံနိုင်သေးကြောင်း အရောင်းကိုယ်စားလှယ်တစ်ဦးက နစ်ကိုင်းအေးရှားမီဒီယာသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ မေလတွင် ကြေညာခဲ့သော မူလအစီအစဉ်အရ တိုယိုတာသည် တစ်နှစ်လျှင် ဟိုင်းလပ်စ်ပစ်ကပ်ယာဉ် အစီးရေ ၂,၅၀၀ ထုတ်လုပ်ရန် သီလဝါရှိ စက်ရုံတွင် ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။

တိုယိုတာ၏မြန်မာနိုင်ငံယူနစ်ကို တိုယိုတာကုမ္ပဏီက ၈၅ ရာခိုင်နှုန်းနှင့် တိုယိုတာဆူရှိုး (Toyota Tsusho) က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း နစ်ကိုင်းအေးရှားက ဆက်လက်ရေးသားဖော်ပြသည်။

အာဏာရယူမှုနှင့် သဘောထားကွဲလွဲသူများကို စစ်တပ်၏ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့မှုအပေါ် နိုင်ငံတကာ အပြစ်တင်ရှုတ်ချမှုများ ရှိခဲ့ပြီး အနောက်အုပ်စုနိုင်ငံများလာရောက်လုပ်ကိုင်နေသော လုပ်ငန်းများ မြန်မာနိုင်ငံမှ တဖွဲဖွဲ ကျောခိုင်းထွက်ခွာလာနေသည့်ကြားတွင် ယခုကဲ့သို့ တိုယိုတာ၏အပြောင်းအလဲ ထွက်ပေါ်လာခဲ့သည်။

ထွက်ခွာသွားကြသည့်လုပ်ငန်းများထဲတွင် ပြင်သစ်နိုင်ငံမှ TotalEnergies ၊ အမေရိကန်မှ Chevron ၊ နော်ဝေမှ တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူးတို့ ပါဝင်ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံ၌ မော်တော်ယာဉ် ရောင်းချမှုသည် အစီးရေ ၆၅၀၀ ရှိခဲ့ရာ အာဏာမရယူမီအဆင့်ထက် ထက်ဝက်လျော့ကျသွားခဲ့သည်။

တစိတ်တပိုင်းရောင်းချနိုင်မှု နှောင့်နှေးခဲ့ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေး ခက်ခဲမှုကို ထင်ဟပ်စေသည်။ နိုင်ငံခြားအရန်ငွေကြေးများ စီးဆင်းခြင်းကို တားဆီးရန်အတွက် မြန်မာစစ်တပ်အုပ်ချုပ်ရေးက မော်တော်ယာဉ်တင်သွင်းမှုကို ကန့်သတ်တားဆီးထားသည်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုမှာလည်း ကြာမြင့်လှပြီဖြစ်ပြီး မော်တော်ယာဉ်များသည် ပိုင်ဆိုင်မှုတစ်ရပ်ကို ကောင်းစွာထိန်းသိမ်းထားနိုင်မှုအဖြစ် ရှုမြင်ကြသည်။

Source: Nikkei Asia

 

 

 

Share
Tweet
Share
Share
powered by social2s

နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယက ရူပီးငွေဖြင့် ပေးချေခွင့်ပြုရန် တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s
အိန္ဒိယနဲ့ မြန်မာ နယ်စပ် ဂိတ်ကိုတွေ့ရစဉ်

နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယက ရူပီးငွေဖြင့် ပေးချေခွင့်ပြုရန် တောင်းဆို

By CNI
CNI
Category: စီးပွားရေး
Hits: 2352

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံမှ တင်သွင်းနေသော မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲမျိုးစုံ အပါအဝင် နယ်စပ်ကုန်သွယ်ရေး ကုန်စည်များကို ရူပီးငွေဖြင့် ပေးချေခွင့်ပြုရန် အိန္ဒိယဘက်မှ တောင်းဆိုလာကြောင်း အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ ထံမှ သိရသည်။

လက်ရှိတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး ကမ်းလှမ်းလာသည့် သဘောသာ ရှိသေးကြောင်း၊ တရားဝင် လုပ်ဆောင်မည် ကို မသိရှိရသေးကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် သူတို့ဘက်က ကမ်းလှမ်းလာတဲ့ သဘောပဲ ရှိသေးတယ်။ ဒါပေမယ့် နယ်စပ်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နယ်စပ်မှာ သူတို့ချည်းပဲ မဟုတ်ဘူး။ ပဲကိစ္စတွေချည်းပဲ မဟုတ်ဘူး။ တခြားကိစ္စတွေမှာ လည်း ရူပီးနဲ့ တိုက်ရိုက် သွားမယ့်ဟာတွေ အကုန်လုံးပေါ့။ အဓိကကတော့ သူတို့ဘက်က တောင်းဆိုတာဗျ” ဟု ပြောသည်။

အိန္ဒိယဘက်ခြမ်း မိုရေးမှ မြန်မာဘက်ခြမ်း တမူးဘက်သို့အထွက်ဂိတ်ကိုတွေ့ရစဉ်

မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိ၌ ဒေါ်လာဖြင့်သာ ကုန်သွယ်မှု ပြုလုပ်နေကြောင်း၊ ပြီးခဲ့သည့် လများတွင် ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက် ကုန်သွယ်ရန် ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒေါ်လာ လိုအပ်ချက်ကြောင့် အိန္ဒိယသို့ အဓိက တင်ပို့နေသည့် ပဲမျိုးစုံကို ဒေါ်လာဖြင့် ကုန်သွယ်စေခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် ရူပီးဖြင့် ပေးချေမည်ဆိုပါက ဘဏ်နှုန်းများသည် ပြင်ပတွင် ဖြစ်ပေါ်နေသည့် ဈေးကွက်ပေါက်ဈေးဖြင့် ကွာခြားမှု နည်းရန် လိုအပ်သည်ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။

၎င်းက “သူတို့ ရူပီးနဲ့ ပေးချေမယ်ဆိုရင် မြန်မာပြည်တွင်းက ဘဏ်မှာ သူတို့အိန္ဒိယကနေ ငွေပေးချေဖို့ အတွက်ကို အိန္ဒိယနဲ့ ချိတ်ဆက်ထားတဲ့ဘဏ် ကျနော်တို့ဘက်မှာ ရှိရမယ်လေ။ အဲဒီဘဏ်ရဲ့ သတ်မှတ်တဲ့ ရူပီးနဲ့ မြန်မာကျပ် ငွေနဲ့ လဲလှယ်တဲ့ နှုန်းထားသည် တကယ့် အပြင်မှာရှိတဲ့ ပေါက်ဈေးနဲ့ ဘဏ်ပေါက်ဈေးနဲ့ ဘဏ်က သတ်မှတ်ထား တဲ့ ဈေးနဲ့ ကွာဟချက် နည်းနိုင်သမျှ နည်းဖို့လိုတယ်ဗျ။ အဲတော့ တင်ပို့တဲ့ တင်သွင်းတဲ့ကိစ္စတွေမှာ ကျနော်တို့ တစ်ဖက်ကပို့သလို ဟိုဘက်ကနေ အဝယ်လည်း ရှိတာပဲ။ အဲတော့ ဒီကိစ္စတွေကို ကျနော်တို့ ဒေါ်လာနဲ့ ဝယ်နေ စရာ မလိုတော့ဘူးပေါ့။ အဲဒီအတွက် ကုန်သွယ်ရေးတော့ Trade ပိုင်းဆိုင်ရာတော့ ပိုပြီးတော့ တက်လာနိုင်ပါ တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယနဲ့ မြန်မာ ဖြတ်သန်းသွားလာသော တံခါးကိုတွေ့ရစဉ်

မြန်မာနိုင်ငံ စိုက်ပျိုးမြေ ဧရိယာ၏ ၂၀ ရာခိုင်နှုန်းသည် ပဲမျိုးစုံကို စိုက်ပျိုးကြပြီး ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲစဉ်းငုံ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတင်ပို့မှု အနေဖြင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက် နေ့အထိ ပင်လယ်ရေကြောင်းမှ တန်ချိန် ၆ သိန်းကျော် အမေရိကန်ဒေါ်လာ ၅၁၇ သန်းရှိကြောင်း၊ နယ်စပ်မှ တန်ချိန် ၁၄၀၀၀၀ ကျော် အမေရိကန်ဒေါ်လာ ၆၁၄ သန်းကျော် တင်ပို့ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Share
Tweet
Share
Share
powered by social2s

ကာတာကမ္ဘာ့ဖလားက သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားလို့ မက်ဆီပြော

By CNI
CNI
Category: အားကစား
Hits: 1295

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇

နိုဝင်ဘာလ ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်တယ်ဆိုတာ သေချာတယ်လို့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ပြောလိုက်ပါတယ်။

မက်ဆီက “ ဒါက ကျနော့်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပါ၊အသေအချာပါပဲ။ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နေ့ရက်တွေကို ကျနော်ရေတွက်နေပါတယ်။အခုဖြစ်ချင်တာရယ်၊ ဘယ်လိုဖြစ်သွားမလဲဆိုတာရယ်နဲ့ နောက်ဆုံးမှာ ဘယ်လို သွားမလဲဆိုတာကို တွေးတောနေပါတယ်”လို့ ESPN ကို ပြောခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်ပါဝင်ကစားထားပြီး ၁၉ ပွဲမှာ ၆ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၁၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် ဂျာမနီအသင်းကို အရေးနိမ့်ကာ ဒုတိယဆုသာ ရရှိခဲ့တာပါ။ပြီးခဲ့တဲ့ ကိုပါ အမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့တဲ့ မက်ဆီအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုဟာ သူ့ရဲ့ ကစားသမားဘဝမှာ မရရှိသေးတဲ့ တစ်ခုတည်းသော အဓိကဆုဖလားလည်း ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအတွက် ၂၀၀၅ မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၁၆၄ ပွဲပါဝင်ကစားထားကာ ဂိုး ၉၀ အထိ သွင်းယူထားတာပါ။ကာတာကမ္ဘာ့ဖလားဟာ မက်ဆီအတွက် ၅ ကြိမ်မြောက်ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပြီး မာရာဒိုနာ၊ မာရှေယာနိုတို့နဲ့ ပူးတွဲရှိနေတဲ့ အရင်စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လက်ရှိဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃ နေရာမှာရပ်တည်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆော်ဒီ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာပါ။

မက်ဆီက “ကမ္ဘာ့ဖလားမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ပွဲတိုင်းက အလွန်ခက်ခဲပါတယ်။ရေပန်းအစားဆုံးတွေက အမြဲတမ်းအနိုင်ရနေတာမဟုတ်ပါဘူး။ကျနော်တို့ ရေပန်းစားနေတယ်ဆိုတာ ကျနော်မသိပါဘူး။ အာဂျင်တီးနားက သူတို့ရဲ့ သမိုင်းကြောင့် အမြဲတမ်းဗိုလ်စွဲနိုင်မယ့် အသင်းထဲမှာ ပါဝင်ခဲ့တာပါ။ကျနော်တို့က ရေပန်းအစားဆုံး မဟုတ်ပါဘူး။ကျနော်တို့ရဲ့ အထက်မှာ အခြားအသင်းတွေရှိနေတယ်ဆိုတာ ထင်မြင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာချန်ပီယံဆုကိုရယူနိုင်ဖို့အတွက် ဘရာဇီးလ်၊ လက်ရှိချန်ပီယံ ပြင်သစ်တို့နဲ့အတူ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ အခမ်းအနားမှာ နစကဥက္ကဋ္ဌ မိန့်ခွန်း ပြောနေစဉ်

နစက-က စိုက်ပျိုးရေးအတွက် ငွေကျပ် ၁၄၀ ဘီလီယံ ထောက်ပံ့မည်ဟုဆို

By CNI News
CNI News
Category: စီးပွားရေး
Hits: 1391

 

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

ဆန်စပါးသီးနှံ စိုက်ပျိုးရေးအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

အောက်တိုဘာ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပသည့် မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ အခမ်းအနားမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ မကြာမီ ရောက်ရှိတော့မည့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူ လယ်ယာစနစ်(Contract farming)ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကို ကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေ စီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွား ရန် စီစဉ်ပေးထားပါကြောင်း၊ အဆိုပါ ထောက်ပံ့မှုများသည် မျိုး၊ မြေသြဇာ စသည့် သွင်းအားစုအတွက် ထောက် ပံ့မှုဖြစ်ပြီး သက်ဆိုက်သူအားလုံးက အကျိုးရှီစေရေး စနစ်တကျပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ အခမ်းအနားကို တွေ့ရစဉ်

နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ဆန်စပါးသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုး ဧရိယာ အားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့်နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ဆန်ကို အာဖရိကနှင့် ဥရောပနိုင်ငံများ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တတိယအကြိမ် အဖြစ် ဆန်တန်ချိန် ၂ သိန်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တန်းမြင့်ဆန်တချို့ကို အာဖရိက နိုင်ငံသာမက တရုတ်နိုင်ငံကိုပါ တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ဆန်တန်ချိန် ၅ သိန်းကျော်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်း စုစုပေါင်း တန်ချိန် ၈ ဒသမ ၆ သိန်းကျော်ကို နိုင်ငံ ၃၈ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ ကြောင်း၊ ယခင်နှစ်ကာလတူထက် ဆန်၊ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံမှ တောင်သူများသည် သွင်းအားစုများဖြစ်သည့် မျိုး၊ မြေသြဇာ၊ စက်သုံးဆီ ဈေးနှုန်းမြင့်မား ခြင်းနှင့် ဝယ်ယူရ ခက်ခဲခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ဧကများ လျော့ကျလာနေကြောင်း ပြောသည်။

 

 

Share
Tweet
Share
Share
powered by social2s

အာဆီယံ ၅ နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေနိုင်မည်ဟု အင်ဒိုဗဟိုဘဏ်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 762

Share
Tweet
Share
Share
powered by social2s
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24

Page 20 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar