CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တိုက်ပွဲကြောင့် ရခိုင်တောင်သူများ တိမ်းရှောင်နေရ၊ ယခုနှစ် စပါးအထွက် ပိုလျော့ကျနိုင်

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းခရီးသွားများနဲ့ အဝေးပြေးယာဉ်လိုင်းကိုတွေ့ရစဉ် (GETTY IMAGES)

ခရီးသွားလာမှု နည်းပါးခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများ ခက်ခဲနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1467

CNI News

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၁

မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုများ နည်းပါးလာပြီး ကားလက်မှတ် ဝယ်ယူမှုများ နည်းပါးလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှု ခက်ခဲလာသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်း ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကားလက်မှတ်များ ရောင်းချရမှု နည်းပါးနေခြင်းသည် ကိုဗစ် ပထမလှိုင်းကာလက စတင်ခဲ့ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်လည်း မော်တော်ကားဖြင့် ခရီးသွားလာမှု နည်းပါးလာကြောင်း၊ ထို့နောက် အဝေးပြေး ယာဉ်လိုင်းများ ခက်ခဲလာနေကြောင်း သိရသည်။

ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က “လက်ရှိကတော့ လုံးလုံးကို မရောင်းရ သလောက် ဖြစ်နေတာ။ တစ်နေ့ တစ်ယောက်စ၊ နှစ်ယောက်စ၊ သုံးယောက်စ အဲ့လိုပဲ ရောင်းရတယ်။ အရင် တုန်းက ပြောရမယ်ဆိုရင် ဒီအချိန်ဆို အယောက်သုံးဆယ်လောက် ရောင်းရတယ်ဆို ခု သုံးယောက်လောက် တောင် မနည်းရောင်းနေရတယ်။ ဒီချိန်ခါတိုင်းဆို အယောက် ၃-၄ ဆယ်လောက် ရောင်းရတယ် တစ်စီးကို၊ ကိုဗစ် မဖြစ်ခင်ကရော နိုင်ငံရေး မဖြစ်ခင်ကရောဆိုရင်တော့ ရောင်းရတာကောင်းတာပေါ့၊ ဒီ ကိုဗစ်ဖြစ်ပြီးမှ နိုင်ငံရေး ဖြစ်ပြီးမှ ရောင်းလို့ချလို့ မကောင်းတော့တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် တချို့သော ယာဉ်လိုင်းများသည် ပြည်တွင်းခရီးသွားလာမှု နည်းပါးလာခြင်းအပြင် စက်သုံးဆီ ဈေးနှုန်း များပါ မြင့်တက်လာခြင်းကြောင့် ယာဉ်လိုင်းပြေးဆွဲမှုများကို ရပ်နားလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းပြေးဆွဲ နေသူများထံမှ သိရသည်။

ပုဂံတွင် ခရီးသွားများကို တွေ့ရစဉ် (GETTY IMAGES)

ထိုသို့ အခက်အခဲဖြစ်နေသည်ကို ကျော်လွှားနိုင်ရန်အတွက် ကုန်ပစ္စည်းများတင်၍ တန်ဆာခယူကာ သယ်ယူ ပို့ဆောင်ပေးနေရသော်လည်း လက်ရှိတွင် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် လာရောက်အပ်နှံမှုများ အလွန် နည်းပါးလာကြောင်း အောင်ဆန်းအဝေးပြေးကွင်းမှ ရွှေကမ္ဘာ ကားဂိတ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်က အစ်ကိုတို့ ဒီဘက်ဆိုရင် ကားတစ်စီး ထွက်မယ်ဆိုရင် တန်ဆာ အားဖြင့်ဆိုလို့ရှိရင် ၁၀ သိန်း၊ ၁၁ သိန်း၊ ၁၂ သိန်း အဲ့လောက်တွေ သွားတယ်။ အခုက အဲ့လောက်ကို မရှိတော့တာ ပြတ်သွားတာပေါ့၊ ပြတ်သွားတဲ့ အချိန်မှာ လာသမျှပစ္စည်းကို အစ်ကိုတို့က အကုန်လုံးယူပြီးတော့မှ ဒီကားမှာရှိတဲ့ ဝန်ထမ်းနဲ့ လည်ပတ်ဖို့ အစ်ကို တို့ ဂိတ်က သူဌေးရဲ့ ဒုတိယပေါ့၊ အစ်ကိုတို့ ဂိတ်မှာရှိတဲ့ တာဝန်ရှိတဲ့ အကြီးဆုံးသူတွေကတောင် မနည်း ရုန်းနေရ တာလေ အဲ့လိုမျိုးဖြစ်နေတာ အခြေအနေက အဲ့လောက်ကို ကွာသွားတာပေါ့” ဟု ပြောသည်။

ယခုလို အကြပ်အတည်းကာလတွင် ကားယာဉ်လိုင်းများ အနေဖြင့် ကားအစီးရေ လျှော့ချခြင်းများ အပြင် ကား မောင်း သမားများလည်း လျှော့ချခဲ့ရကြောင်း ရွှေကမ္ဘာ ကားဂိတ်က ပြောသည်။

 ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများ (ဖရွန်းတီးယားမြန်မာ)

ရွှေကမ္ဘာကားဂိတ်က “တောင်ကြီးနဲ့ မန္တလေးကို သွားတာဖြစ်တဲ့အတွက် တောင်ကြီးနဲ့ မန္တလေးကို သွားမယ့် ပစ္စည်းတွေ အကုန်လုံးကို အစ်ကိုကြီးတို့က ရန်ကုန်ကနေပြီးတော့မှ တိုက်ရိုက် တစ်စီးထဲကို ဆန့်သလောက် အကုန်သယ်သွားတယ်။ သယ်သွားပြီးတော့ မှ ၁၆၂ မိုင်မှာ မန္တလေးက လာတဲ့ကားက အဲ့မှာစုံ တောင်ကြီးက လာတဲ့ကားက အဲ့မှာစုံ ဒါမှ မဟုတ်လို့ရှိရင် မန္တလေးက လာတဲ့ကားကို ခေါ်လိုက်တယ်။ ခေါ်ပြီး မန္တလေးက လာတဲ့ကားကို ကိုကြီးတို့ပစ္စည်းကို ကယ့်တင်ပေးလိုက်တယ်။ ရန်ကုန်ကနေ သွားတဲ့ကားက တောင်ကြီးကို တိုက်ရိုက်တန်းတက်ပေါ့။ အဲ့လိုမျိုးတွေ လုပ်ရတာပေါ့၊ ခါတိုင်း အခြေအနေဆိုရင်တော့ အစ်ကိုတို့က ရန်ကုန်တစ်စီး မန္တလေးတစ်စီး အဲ့လိုထွက်တာလေ” ဟုပြောသည်။

လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့ခြင်း၊ ကိုဗစ် တတိယလှိုင်းဖြင့် ရင်ဆိုင်ရခြင်း၊ လတ်တလောတွင်လည်း ကိုဗစ် တကျော့ပြန် ဖြစ်ပေါ်လာနေခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အများအပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်း စသည့် အခြေအနေအရပ်ရပ် ကြောင့် ပြည်တွင်းခရီးသွားလာမှုများ လျော့နည်းလာခဲ့သည်။

အဆိုပါ ခရီးသွားလာမှုများ လျော့နည်းလာခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများလည်း ပြေးဆွဲရန် ခက်ခဲလာ နေ ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘောဇဘဏ်ခွဲတစ်ခု၊ ကုန်ပစ္စည်းတင်ပို့သည့် ကားဂိတ်များ၊KPay ဂယက်

KPay ဂယက်ကြောင့် Online Shop သမားအချို့ KPay ဖြင့် ငွေပေးချေခြင်း ရပ်နားလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1919

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

Level 2 အဆင့်မြှင့်ထားသည့် KPay အကောင့်များ အပိတ်ခံရသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ ခဲ့ပြီးနောက် Online shopping လုပ်ငန်း လုပ်ကိုင်သူ အချို့တို့သည် ဝယ်ယူသူထံမှ KPay ဖြင့် ငွေပေးချေ ခြင်းအား ရပ်နားလာကြသည်။

အချို့ Online shopping လုပ်ငန်းလုပ်ကိုင်သူများသည် KPay ဖြင့် ငွေပေးချေခြင်းအား အချိန်ကာလအားဖြင့် တစ်ပတ်ခန့် ရပ်နားထားကြောင်း Online shopping လုပ်ကိုင်သူများထံက သိရသည်။

ထိုသို့ ရပ်နားလာကြခြင်းသည် ၎င်းတို့ ကိုယ်တိုင် KPay ပြဿနာကြုံတွေ့ရသည့်အတွက်ကြောင့် မဟုတ်ဘဲ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့်အတွက်ကြောင့်ဟု သိရသည်။

Export အထည်များ ရောင်းချနေသည့် Online shop မှ တာဝန်ရှိသူ တစ်ဦးက “ဒီတစ်ပတ်တော့ ရသေးတယ် အမ။ နောက်တစ်ပတ်ကစပြီး မရတော့ဘူး။ တခြား AYA၊ CB၊ Wave တွေရှိတယ်။ Kpay က အခုက error လေးတွေတက်နေတယ်လေ။ Facebook မှာ အမလည်းတွေ့မှာပါ ပို့စ်တွေ” ဟု ပြောသည်။

အချို့ Online shopping လုပ်ငန်းများတွင် KPay သာမက Wave money ဖြင့်ပါ ငွေပေးချေခြင်းကို ရပ်နား လာကြခြင်းဖြစ်ပြီး အခြား AYA၊ CB Pay တို့ဖြင့်သာ ငွေပေးချေခြင်းအား လက်ခံကြောင်းနှင့် အချို့ Online Shopping လုပ်ငန်းလုပ်ကိုင်သူများတွင်မူ လက်ရှိအချိန်ထိ KPay အား လက်ခံပေးနေကြောင်း သိရသည်။

Tik Tok Trends Online Shop Myanmar က “wave ကကျတော့ အဲဒီလောက်ထိ မဆိုးဘူးပေါ့။ သူက အကောင့် က level မြှင့်လိုက်လို့ error ဖြစ်လို့ ဖုန်းလှမ်းဆက်လိုက်ရင် သူက ချက်ချင်းပြန်ရတယ်။ KPay က အဲဒီလို မဟုတ်လို့လေ။ Kpay ဘက်ကကျတော့ ရုတ်တရက် အကောင့်ပိတ်တာတို့၊ မနေ့က တက်လာတဲ့ စာတွေ ဆိုရင်လည်း level တင်ထားတဲ့ လူတွေပါ အကောင့်အပိတ်ခံရတယ်။ အဲဒါ error လို့ ပြောတာလား မသိဘူး။ ရုတ်တရက် မသိဘဲနဲ့ အဲဒီလိုအပိတ်ခံရတာတွေရှိလို့ အလုပ်ရှုပ်လို့ပေါ့။ သူတို့က ဘယ်လိုလဲဆိုတော့ နည်းနည်း တက်လာတဲ့ သတင်းတွေကို ကြည့်ပြီးတော့ KPay မှာ အဲဒီလို ပိတ်တာတွေ ဘာတွေရှိတယ်ဆိုတော့ သူတို့ KPay ကို မသုံးတော့ဘဲ နားထားကြည့်တာပေါ့”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ Wave Pay ထုတ်ယူနိုင်သည့်ဆိုင်မြင်ကွင်း 

ရန်ကုန်ရှိ Online Shopping များမှ ပစ္စည်းများဝယ်ယူသည့်အခါတွင် ရန်ကုန်၊ မန္တလေး မှ ဝယ်ယူသူဖြစ်ပါက အိမ် အရောက်ငွေချေစနစ်အား လက်ခံပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မှာယူပါက ကြိုတင်ငွေလွှဲကာ ပေးချေရခြင်းဖြစ်သည်။

ထိုသို့ ကြိုတင်ငွေလွှဲ၍ ပေးချေရသည့်အခါတွင်လည်း ဝယ်ယူသူအများစုသည် KPay နှင့် Wave money တို့ဖြင့် သာ အများဆုံး ငွေပေးချေကြခြင်းဖြစ်ကြောင်း Online Shopping လုပ်ကိုင်သူများထံက သိရသည်။

Online Shop မှ ပစ္စည်းဝယ်ယူသည့် ကိုခန့်အောင်က “ပစ္စည်းအမယ်များများ မှာတာမျိုးဆို ငွေသိန်းနဲ့ချီ ကိစ္စမျိုး ဆို ဘဏ်ကလွှဲလို့ အဆင်ပြေတယ်။ ဒါပေမယ့် သောင်းဂဏန်းကိစ္စတွေကျတော့ ဘဏ်ကလွှဲဖို့လည်း အဆင်မပြေ ဘူး။ အဲဒါကြောင့် ဝယ်တာကို ခဏ နားထားတာပေါ့။ အခု ပစ္စည်းတစ်ခုလိုချင်တယ်။ ပြောရမယ်ဆိုရင် စာအုပ် တွေဝယ်တယ် လှမ်းမှာတယ်။ ဟိုဘက်က KPay ရော Wave Pay ရော လက်ခံတာနားထားတော့ မဝယ်ရဘူးပေါ့။ CB pay တို့ တခြား Pay တို့ ပြောင်းသုံးရမှာပေါ့။ အသုံးများတာကတော့ KPay ရယ်၊ Wave Pay ရယ်ပဲ အသုံးများ တာလေ။ တခြားဟာတွေက မသုံးဘူး” ဟု ပြောသည်။

ယခုလို မှားယွင်းစွာ အကောင့်ပိတ်ခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် KPay အကောင့်အား အဆင့်မမြှင့် ရသေးသူများအနေဖြင့် ပုံမှန်အတိုင်း ငွေလွှဲ၊ ငွေလက်ခံခြင်းများ၊ ဖုန်းဘေလ်ဖြည့်ခြင်းများအပြင် အခြား ငွေပေးချေ ခြင်းများအား ပုံမှန်အတိုင်းလုပ်ဆောင်၍ရပြီး ပိတ်ထားခြင်းမရှိကြောင်းနှင့် Level 2 အဆင့်မြှင့်ပါက ပို၍ ကောင်းမွန်ကြောင်း ကမ္ဘောဇ ရန်ကင်းဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦးက CNI သို့ ပြောသည်။

စက်တင်ဘာ ၂၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် KPay အကောင့်အချို့ အပိတ်ခံရသည်ဟု ပျံ့နှံ့ခဲ့ပြီး အကောင့်ပိတ်ခံရသူတစ်ဦး၏ ရေးသားချက်အရ ၎င်း၏ KPay သည် Level 2 အဆင့်မြှင့်ထားပြီးဖြစ်ကာ ဖုန်း sim card နှင့် KPay ဖွင့်ထားသည့် ဖုန်းနံပါတ်မှာ တူညီသည့်အပြင် မှတ်ပုံတင်ထားခြင်းလည်း တူညီကြောင်း၊ ငွေလွှဲ မရသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် KPay Call Center သို့ ဆက်သွယ်ကြည့်သည့်အခါတွင် ၎င်းတို့ဘက်မှ မှားပိတ်မိခြင်းဖြစ်ပြီး ဗဟိုဘဏ် သို့ လူကိုယ်တိုင် Mail ပေးပို့ကာ Complain ပေးရမည်ဟု ပြောဆိုကြောင်း ၎င်းရေးသားချက်အရ သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ KPay မှ သုံးစွဲသူ အကောင့်များထံသို့ အသိပေးချက်တစ်စောင်အား စက်တင်ဘာ ၂၁ ရက် နေ့တွင် ပေးပို့လာခဲ့ပြီး ထိုထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာ သည့် ၂၀၁၅ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ AML/CTF များ အပါအဝင် အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာကျင့်သုံး ရသည့်အတွက် ယခုကဲ့သို့ အဆင်မပြေမှုဖြစ်ခဲ့ရကြောင်း ရေးသားထားသည်။

သုံးစွဲသူများအနေဖြင့် မိမိတို့၏ အကောင့်များအား မှားယွင်းစွာ ယာယီအသုံးပြုခွင့်တားမြစ်ခံထားရသည်ဟု ယုံကြည်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက်အကျိုးအကြောင်းတင်ပြနိုင်ကြောင်းနှင့် အကျိုး အကြောင်းတင်ပြလိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်း တိုက်ရိုက် ပေးပို့ အကြောင်းကြားနိုင်ကြောင်း ပါရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းကြက်သွန်ရောင်းချသည့် ဒိုင်တစ်ခုကို တွေ့ရစဉ်

ကြက်သွန်အသစ်များကို ဈေးတိုးမြှင့်ဝယ်ယူပေးရန် တောင်သူများက တောင်းဆို

By CNI
CNI
Category: စီးပွားရေး
Hits: 1261

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ယခုနှစ် ကြက်သွန်စိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်များသည် ယခင်နှစ်များထက် ကုန်ကျစရိတ် မြင့်တက်နေခြင်းကြောင့် အသစ်ထွက်ရှိလာမည့် ကြက်သွန်များကို ဈေးနှုန်းတိုးမြှင့် ဝယ်ယူပေးရန်အတွက် ကုန်သည်များကို တောင်းဆိုထားကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

ယခုနှစ်တွင် ကြက်သွန်ဈေးနှုန်းများကို တောင်သူများအတွက် အဆင်ပြေစေသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် အတွက် ကုန်သည်များကို ပြောဆိုနေရကြောင်း ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်ဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

“ဦးလေးတို့ စိုက်စရိတ်နဲ့ ကာမိအောင်ဆိုရင် ဒီနှစ်အနေအထားမှာ ဝယ်ရတဲ့အရင်းအနှီးကလည်း အခု အပင်မွှား တွေဆိုရင် ၂ သိန်းခွဲလောက် ဝယ်ရတယ်လေ။ ပင်မွှား အချိန် ၁၀၀၊ ပိဿာ ၁၀၀ ကို။ မြေဩဇာဆိုရင်လည်း အာမိုတစ်လုံးကို ၂ သိန်းကျော်တယ်။ အရင်နှစ်က လုပ်တဲ့အနေအထားနဲ့ဆိုရင် အဆပေါင်း တော်တော်များများ ကွာသွားတယ်။ အရင်နှစ်က အဲလောက် မကွာဘူး ပစ္စည်းတွေ။ အဲဒါနဲ့ ကာမိအောင်ဆိုရင် ဈေးကအနည်းဆုံး သိန်းကဏန်းလောက် ဖြစ်နေမှ တောင်သူတွေအတွက် အဆင်ပြေမှာ။ ကုန်သည်တွေနဲ့ တွေ့ရင်တော့ ဘယ်ဈေး ဘယ်ဈေးရမှ အဆင်ပြေမှာပေါ့။ ကိုယ်လုပ်ထားတဲ့ အရင်းအနှီးတွေက များတာနဲ့ဆိုတော့လေ။ သူတို့ကလည်း အခုပြောသလိုပေါ့ အထက်က ကုန်သည်ကြီးတွေ တိုးဝယ်မှပဲ ဖြစ်တော့ဖြစ်တာပေါ့။ သူတို့ကပဲ ဈေးမြှင့်ဝယ်လို့ တော့ မဟုတ်ဘူးပေါ့။ တဆင့်တဆင့်နဲ့ အဲလို ပြောရမှာပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလတွင် မိုးကြက်သွန်ထွက်ရှိပြီး တန်ခူးလတွင် နွေကြက်သွန် ထွက်ရှိကြောင်းနှင့် ကြက်သွန်အသစ် ထွက်ပေါ်သည့်အချိန်တွင် ကြက်သွန်ဈေးနှုန်းသည် ကျဆင်းလေ့ရှိကြောင်း သိရသည်။

မိုးကြက်သွန်များသည် ရာသီဥတုအခြေအနေကြောင့် ကြာရှည်စွာ သိုလှောင်ထား၍ မရကြောင်းနှင့် နွေကြက်သွန် များသည် တစ်နှစ်ပတ်လုံး သိုလှောင်ထား၍ရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၄၀၀ ကျပ်မှ ၆၀၀ ကျပ်အထိသာ ရရှိ ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာ ၁၀၀၀ ဝန်းကျင်အထိ ရရှိနိုင်သည်ဟု ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သို့ ပြောသည်။

ကြက်သွန်များကို ကုန်ကားများဖြင့် အတင်အချ ပြုလုပ်နေစဉ်

မိုးကြက်သွန်များကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အများဆုံး စိုက်ပျိုးလေ့ ရှိပြီး ဆိပ်ဖြူ၊ မြင်းခြံ၊ ကျောက်ဆည်၊ ရွှေဘို၊ ပခုက္ကူ စသည့် ဒေသများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

ယခုနှစ်တွင် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းကြောင့် တောင်သူများက ကြက်သွန်ဈေးနှုန်း တိုးမြှင့်ပေးရန် တောင်းဆိုနေကြသလို ကြက်သွန်ဈေးနှုန်းသည်လည်း ယခင်နှစ်၏ ဈေးနှုန်းထက် ၂ ဆခန့် ရရှိနိုင်သည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။

“မြေဆီမကိုက်လည်း ဖြစ်ရင် နှစ်ဆပေါ့။ နဂိုပေးတဲ့ဈေးက ကြမ်းခင်းဈေးက ၄၅၀၊ ၄၅၀ တောင်မဟုတ်ဘူး။ ၄၅၀ က ဒီနှစ်ပိုင်းမှာ ၄၅၀ ဖြစ်သင့်ပါတယ်ဆိုပြီး တွက်တာ။ အခုလာမယ့်နှစ်လည်း ဖြစ်ရင် ၈၀၀၊ ၉၀၀ ပေါ့။ ဘယ်လိုမှ အဲဒီဈေးတွေက မကိုက်ဘူးဆိုတာ မဖြစ်ဘူး။ အခုက အခြေအနေ အကြောင်းကြောင်းကြောင့် ကြက်သွန်က စိုက် နည်းတာရယ်၊ မိုးလေဝသကြောင့်၊ ရာသီဥတုကြောင့် ကြက်သွန်တွေက အထားမခံဘူး။ ထားရင် တစ်ဝက်လောက် ပဲ ခံတယ်။ ၄၀ ရာခိုင်နှုန်း လျော့တယ်။ အဲလိုတွေ ဖြစ်တာ။ အဲတော့ အဲဟာတွေကြောင့် ကျနော်တို့က ခုနလိုပေါ့ နဂို နှစ်နှစ်လည်း ရှုံးထားတော့ အဲဒါမျိုးတော့ ထိုက်သလောက်တော့ ဖြစ်သင့်တယ်ဆိုပြီးတော့ အဲလိုပဲနေတာ” ဟု သူက ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းကြက်သွန်လက်ကျန် နည်းပါးနေခြင်း၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ကြမည့် ကုန်သည်များ ဝယ်ယူမှု များပြားခြင်းတို့ကြောင့် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၃၀၀၀ ကျပ်အထိ ဈေးနှုန်း ဖြစ်ပေါ်နေသည်။

သို့သော် မိုးကြက်သွန်များ ထွက်ရှိလာမည့် တန်ဆောင်မုန်းလ အကုန်ပိုင်းတွင် ကြက်သွန်ဈေးနှုန်းသည် ၁၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိသွားမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွှေသောင်ယံမြို့နယ်ရှိ ငါးဖမ်းသမားများ အခက်အခဲဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 828

Share
Tweet
Share
Share
powered by social2s

သီတင်းကျွတ်ပိတ်ရက်အတွက် ပုဂံနှင့် ငပလီတို့၌ ဟိုတယ်ဘိုကင်ယူမှု များပြား

By CNI
CNI
Category: Watch TV
Hits: 757

Share
Tweet
Share
Share
powered by social2s

အလုပ်အကိုင်ရရှိမည့် အထည်ချုပ်လုပ်ငန်းမှာ ရုရှားရင်းနှီးမြှုပ်နှံလာအောင် ကြိုးစားသင့်

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s

“ကိုဗစ်တုန်းက အသက်ရှင်ရေး ပြဿနာ အခုက စားသောက်ရေးမှာ ပြဿနာ”

By CNI
CNI
Category: Watch TV
Hits: 865

Share
Tweet
Share
Share
powered by social2s

ခရီးသွားရာသီအစမှာ ကမ်းခြေဟိုတယ်များတွင် ဘိုကင်ယူမှု နည်းပါး

By CNI
CNI
Category: Watch TV
Hits: 738

Share
Tweet
Share
Share
powered by social2s

Level 2 အဆင့်မြှင့်ပြီးမှ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုကိုအသုံးပြုရန် ဗဟိုဘဏ်ပြော

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s

တရုတ်ကြက်သွန်နီများ ဝင်ရောက်လာသော်လည်း ဝယ်သူမရှိ

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s

မလေးရှားတွင် MyRC ကတ် ကိုင်ဆောင်သည့် မြန်မာများအား တစ်စုံတစ်ရာ တာဝန်ယူပေးမှု မရှိ

By CNI
CNI
Category: Watch TV
Hits: 762

Share
Tweet
Share
Share
powered by social2s
ချောင်းသာကမ်းခြေက Azura Beach Resort (Justice for Myanmar)

ခရီးသွားရာသီအစမှာ ကမ်းခြေဟိုတယ်များတွင် ဘိုကင်ယူမှု နည်းပါး

By CNI
CNI
Category: စီးပွားရေး
Hits: 1350

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံတွင် လာမည့်လ(သီတင်းကျွတ်)သည် ခရီးသွားရာသီဖြစ်သော်လည်း ကမ်းခြေဟိုတယ်နှင့် ဧည့်ရိပ်သာများတွင် ကြိုတင်ဘိုကင်ယူမှုများ နည်းပါးနေသေးကြောင်း ချောင်းသာကမ်းခြေက HBO ဧည့်ရိပ်သာ မန်နေဂျာ ကိုညီညီက CNI သတင်းဌာနသို့ ပြောသည်။

လာမည့်လ(သီတင်းကျွတ်)သည် အနယ်နယ် အရပ်ရပ်က ခရီးသွားကြခြင်းကြောင့် ကမ်းခြေ ဟိုတယ်နှင့် ဧည့်ရိပ်သာများမှာ ဘိုကင်များ ပြည့်နှက်နေသော်လည်း နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့် အလုပ်အကိုင်များ မကောင်းခြင်းကြောင့် ခရီးသွားရန် ခက်ခဲနေကြသည်။

ချောင်းသာကမ်းခြေက HBO ဂက်ဆောက် မန်နေဂျာ ကိုညီညီက “ နဂိုတုန်းကဟာနဲ့ အခုဟာနဲ့ ယှဉ်လို့ရှိရင်တော့ အခန်းဈေးတွေလည်း အများကြီး ကွာတယ်ပေါ့။ အခုကတော့ အခန်းဈေးက လျော့ ကြသွားတာပေါ့။ နဂိုတုန်းက တစ်သိန်းခွဲလောက် ငှားမယ့်နေရာမှာ ခုဆိုလို့ရှိရင် တစ်သိန်းလောက် ဖြစ်သွားတာပေါ့။ နဂိုတုန်းက အခန်း ဘိုကင်က သူ့ဟာနဲ့သူများတာပေါ့၊ ခုဆိုရင် တစ်ဝက်ပါးနီး လောက်ပဲ ဘိုကင်တက်တာပေါ့၊ ၁၀ ခန်းလောက်တက် မယ့် နေရာမှာ ၅ ခန်းလောက်ပဲ တက်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကမ်းခြေတစ်ခုတွင် ခရီးသွားများကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် ယခင်က ခရီးသွားရာသီအစ၌ ဘိုကင်များ ပြည့်နေကြောင်း၊ ယခုအခါမှာတော့ ဘိုကင်များ နည်းပါးလာကြောင်း ငွေဆောင်ကမ်းခြေ The Sea ဟိုတယ်မှ ဝန်ထမ်း ကိုလှိုင်မိုးဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီအချိန်ဆို ပုံမှန်က ဘိုကင်ပြည့်နေပြီပေါ့။ ခုကြတော့ သိပ်ပြီးတော့ မရှိတော့ဘူးဆိုတော့ အဲ့လို နည်းနည်းလေးတော့ ကွာခြားမှုရှိတာပေါ့။ ဝန်ထမ်းကြတော့လည်း အဆင်မပြေဘူးပေါ့ ၊ ဧည့်သည်ကြတဲ့ နှုန်းကလည်း နည်းတာကို။ အဲ့ကြောင့် ဝန်ထမ်း တချို့တဝက် လျှော့ရတာပေါ့” ဟု ပြောသည်။

ထို့နောက် ကမ်းခြေဒေသများတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ သာမက ကမ်းခြေကို အမှီပြု စားသောက်နေရသော ကမ်းခြေ ဈေးသည်များလည်း အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။

ကမ်းခြေဈေးသည်များကိုတွေ့ရစဉ်

မြန်မာနိုင်ငံရှိ ကမ်းခြေဒေသမှ ဟိုတယ်လုပ်ငန်းများသည် ကိုဗစ်-၁၉ ဖြစ်ပွားသည့် အချိန်ကာလနှင့် တပ်မတော် က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားသော ကာလကြောင့် ပြည်ပ ခရီးသွား ဝင်ရောက်မှု မရှိ တော့ဘဲ ပြည်တွင်းခရီးသွားများဖြင့်သာ ရပ်တည်နေရကြောင်း သိရသည်။

သို့သော် ပြည်တွင်း ခရီးသွားများသည်လည်း လက်ရှိတွင် စီးပွားရေး ကျဆင်းခြင်းကြောင့် ဝင်ငွေ ရရှိမှု နည်းပါး လာနေကြသလို အလုပ်အကိုင်များ မရှိဖြစ်နေကြခြင်းကြောင့်လည်းကောင်း၊ လမ်းခရီးများတွင် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကြောင့်လည်းကောင်း ပြည်တွင်းခရီးသွားလာမှုများ နည်းပါးလာခြင်းကြောင့် ဟိုတယ်များ ရပ်တည်ရေး ခက်ခဲလာကြောင်း သိရသည်။

ထို့နောက် ဟိုတယ်နှင့် ဧည့်ရိပ်သာများသည် မီးပုံမှန်မရရှိခြင်းကြောင့် မီးစက်ကို အသုံးပြုနေရကြောင်း၊ ထိုသို့ မီးစက်အသုံး ပြုရခြင်းနှင့်အတူ ဒီဇယ်ဈေးများပါ ဈေးတက်နေခြင်းကြောင့် အမြတ်ဝင်ငွေများ လျော့နည်းသွား ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ မြန်မာရေလုပ်သားများ လုပ်ခလစာမရဘဲ အလုပ်ရပ်နားခံထားရ

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

ချေးငွေမဆပ်နိုင်သည့် တောင်သူများကို အရေးယူမှုများမလုပ်ရန် မေတ္တာရပ်ခံထား

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

ရန်ကုန်နှင့်မန္တလေးတွင် ရွှေဒင်္ဂါးများကို ရောင်းပေးလျှင် ရွှေဈေးနှုန်း ပိုကျနိုင်

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27

Page 23 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar