CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မလေးရှားမှ အလုပ်ခေါ်စာ မရှိသလောက်နည်းပါး၊ သွားရောက်လုပ်ကိုင်လိုသူ များပြားနေ

By CNI
CNI
Category: Watch TV
Hits: 828

Share
Tweet
Share
Share
powered by social2s

သက်သာနှုန်းထားဖြင့် ဓာတ်မြေဩဇာများ တစ်ဧက တစ်အိတ်နှုန်း ရောင်းပေးစေလို

By CNI
CNI
Category: Watch TV
Hits: 781

Share
Tweet
Share
Share
powered by social2s

ပိတ်ဆို့ မှုခံရသော်လည်း ရုရှားစိန်များ ကမ္ဘာ့ဈေးကွက်ထဲ ပုံမှန်နီးပါး ဝင်ရောက်နေဆဲ

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s

အနိမ့်ဆုံးလုပ်ခလစာ တိုးပေးမည့်နှုန်းက လုပ်သားများအတွက် ထူးခြားမှု မရှိ

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ငန်းခွင်များ

အနိမ့်ဆုံးလုပ်ခလစာ တိုးပေးမည့်နှုန်းက လုပ်သားများအတွက် ထူးခြားမှု မရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 1673

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉

ထိုင်းနိုင်ငံတွင် တစ်ရက်အတွက် အနိမ့်ဆုံး အခြေခံလုပ်ခလစာကို ၃၂၈ ဘတ်သို့ တိုးပေးလိုက်ခြင်းသည် ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအတွက် ထူးခြားမှုမရှိကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အနိမ့်ဆုံး အခြေခံလုပ်ခလစာမှာ ၃၁၅ မှ ၃၂၀ ဘတ်သာ ရရှိခဲ့ပြီး လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ခရိုင်အလိုက် အနိမ့်ဆုံးအခြေခံလုပ်ခလစာအား ၃၂၈ ဘတ်သို့ တိုးပေးမည်ဖြစ်ကြောင်းသိရသည်။

အလုပ်သမားအရေးဆောင်ရွက်နေသည့် ကိုသားကြီးက “မြန်မာတွေရဲ့ အခြေခံလုပ်အားခက လက်ရှိ သူ့နိုင်ငံက အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတာက ၃၀၀ ကျော်ပဲ ဆိုတော့ ဒီ ၃၀၀ ကျော်နဲ့ပဲ သွားနေတယ်။ အဲဒီ ၃၀၀ ကျော်ထဲမှာ တိတိကျကျ နားလည်ထားရမှာက ခရိုင်အလိုက် ကွဲလွဲတယ်။ ၃၁၅ ဘတ်တို့ ၃၃၀ တို့၊ ၃၂၅ ဘတ်တို့ အဲဒီလိုတွေပဲ ရှိတယ်။ အခု ၃၅၀ ပြောင်းလဲသွားရင်လည်း သိပ်ပြီးတော့ ဘာမှ ကွာခြားမှုမရှိဘူး။ ဘာမှ သက်ရောက်မှုမရှိဘူး လုပ်အားခက။ ဘာကြောင့်လဲဆိုတော့ အရင်ကလည်း ဒီလောက်ပဲ ပေးထားတာ။ အခု ၃၅၀ တိုးလည်း ၃၃၀ နဲ့ ၃၅၀ ဟာ ဘာမှ ကွာခြားမှုမရှိဘူး။ ဘာမှ သိပ်ထူးခြားမှုမရှိဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့် လဲဆိုတော့ ၃၂၈ ဘတ်ဆိုရင် သူက အရင်အတိုင်းပဲပေါ့ အဲဒီလိုပြောလို့ရတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ကုန်ဈေးနှုန်း တွေက အကုန်လုံးတက်တယ်။ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေအတွက် သူတို့ ငှားနေရတဲ့ အခန်းခတွေ၊ ရေခ မီးခတွေပေးရတာနဲ့။ တနေ့တနေ့ ထိုင်းနိုင်ငံမှာ ယာယီအလုပ်သမားလက်မှတ်ခတွေ၊ visa section အတွက် ကုန်တဲ့ ကုန်ကျစရိတ်တွေက တစ်နှစ်ကို ဘတ် တစ်သောင်းခွဲ နှစ်သောင်း အဲဒီလိုကုန်တာတွေရှိတယ်”ဟု ပြော သည်။

ထိုင်းအစိုးရသည် ခရိုင် ၇၇ ခုတွင် အခြေခံလုပ်ခလစာအား အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်ပေးမည် ဖြစ်ပြီး အမြင့်ဆုံး အခြေခံလုပ်ခလစာမှာ ၃၅၄ ဘတ်နှင့် အနိမ့်ဆုံးအခြေခံလုပ်ခလစာမှာ ၃၂၈ ဘတ် ဖြစ်သည်။

ထိုင်းနိုင်ငံသည် ခရိုင်အလိုက် လုပ်ကိုင်ရသည့် အလုပ်အကိုင်နှင့် ပညာအရည်အချင်းတို့ပေါ်မူတည်ကာ အခြေခံ လုပ်ခလစာအား သတ်မှတ်ခြင်းဖြစ်ကာ ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံ လုပ်ခလစာအား မတိုးမြှင့်ပေးသည် မှာ နှစ်နှင့်ချီ၍ ကြာနေပြီဖြစ်ကြောင်း သိရသည်။

 ထိုင်းနိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်တစ်ခု

အနိမ့်ဆုံးအခြေခံလုပ်ခလစာနှင့်ပတ်သက်၍ မြန်မာအလုပ်သမားအဖွဲ့အစည်းများနှင့် ထိုင်းမှ အလုပ်သမားအဖွဲ့ အစည်းတို့သည် ၄၅၀ ဘတ် (သို့မဟုတ်) ၄၉၂ ဘတ် တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသေးသည်။

သို့သော် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခရိုင်ဒေသအသီးသီးတွင် စီးပွားရေးလည်ပတ်မှုပုံစံ မတူညီကြသဖြင့် ရွှေ့ပြောင်းလုပ်သားများအားလုံး တန်းတူ ၄၉၂ ဘတ် သတ်မှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ၃၂၈ ဘတ် နှင့် ၃၅၄ ဘတ် တိုးပေးလိုက်ခြင်းဖြစ်သည်။

MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “ဒီလိုတောင်းဆိုထားတဲ့အထဲက သူတို့က ၁၀ ဘတ် တိုးပေးတယ်၊ ၁၅ ဘတ် တိုးပေးတယ်။ ဒီလိုအတိုင်းအတာလောက်နဲ့ကတော့ ဘာမှ ရေရေရာရာ အလုပ်သမားတွေအတွက် ဝမ်းသာ စရာတွေဖြစ်မလာဘူး။ အခွင့်အရေးရရင် ရသလို ကျနော်တို့အဖွဲ့အစည်းတွေအနေနဲ့ ထိုင်းအစိုးရကို တင်ပြ တောင်းဆိုပေးဖို့ အစီအစဉ်တော့ရှိပါတယ်။ အနိမ့်ဆုံးကတော့ တစ်နေ့ကို ၃၅၀ အထက်ပေါ့။ ၃၆၀၊ ၃၇၀ လောက် တော့ ပေးသင့်တယ်။ အနည်းဆုံးပေါ့နော်။ ၄၀၀ လောက်ဆိုရင်တော့ အဆင်ပြေတယ်။ တစ်နေ့ကို နေ့စားခ အလုပ်သမားတစ်ယောက်ကို ၄၀၀ ပတ်ဝန်းကျင်လောက်ဆို ပိုပြီးတော့ အဆင်ပြေတာပေါ့နော်”ဟု ပြောသည်။

ထိုင်းအစိုးရမှ လက်ရှိတွင် အနိမ့်ဆုံးအခြေခံလုပ်ခလစာအဖြစ် ၃၁၅ ဘတ်နှင့် ၃၂၀ ဘတ်တို့ သတ်မှတ်ထားသော် လည်း အချို့စက်ရုံ၊ အလုပ်ရုံနှင့် အခြားသောလုပ်ငန်းခွင်များမှ အလုပ်သမားများမှာ အခြေခံလုပ်ခလစာ အပြည့် အဝ မရရှိခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့ ကြုံတွေ့နေရသည်။

ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းလုပ်သားတို့၏ အခြေခံလုပ်ခလစာနှင့် ပတ်သက်၍ ပြည့်ပြည့်ဝဝ ရရှိစေရန် ကြပ်မတ်သင့်ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိတွင် ထိုင်းအစိုးရမှ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအား တရားဝင် ဖြစ်စေရန် အတွက် ယာယီ အလုပ်သမားလက်မှတ်(ဘတ်-ပန်းရောင်ကတ်)တို့အား လုပ်ဆောင်ပေးလျက်ရှိပြီး လုပ်သားများ လည်း ခေါ်ယူဖို့ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှား သမ္မတ ပူတင်နဲ့ ရုရှားစိန်ကိုတွေ့ရစဉ် (GETTY IMAGES)

ပိတ်ဆို့မှုခံရသော်လည်း ရုရှားစိန်များ ကမ္ဘာ့ဈေးကွက်ထဲ ပုံမှန်နီးပါး ဝင်ရောက်နေဆဲ

By CNI
CNI
Category: စီးပွားရေး
Hits: 1836

CNI International News

မော်စကို၊ ဩဂုတ် ၂၉

အနောက်အုပ်စု၏ပိတ်ဆို့အရေးယူမှု မခံရမီကာလမှ ပမာဏနီးပါးအထိ ရုရှားသတ္တုနှင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းဖြစ်သည့် အော်ရိုစာ(Alrosa)ကုမ္ပဏီသည် ပို့ကုန်များကို တိတ်တဆိတ် ပြန်လည်၍ အရောင်းအဝယ် ကောင်းလာခဲ့ကြောင်း၊ ကုမ္ပဏီသည် တစ်လလျှင် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးအထိ ရောင်းဝယ်ဖောက်ကားနေ ကြောင်း Bloomberg သတင်းတွင် ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားထား သည်။

အဆိုပါကုမ္ပဏီနှင့် နီးစပ်သူများကို ကိုးကား၍ Bloomberg က ဆက်လက်ရေးသားရာတွင် ရုရှားကုမ္ပဏီ၏ ရောင်းအားသည် လက်ရှိ ပိတ်ဆို့အရေးယူမှု မခံရမီကပင် တစ်လလျှင် ဒေါ်လာ သန်း ၅၀ မှ သန်း ၁၀၀ ဝန်းကျင် သာ ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယဘဏ်အချို့သည် အမေရိကန် ဒေါ်လာမှအပ အခြားငွေကြေးဖြင့် အရောင်းအဝယ် လုပ်ရာတွင် ပိုမို အဆင် ပြေလာသဖြင့် အရောင်းအဝယ်ကိစ္စများကို ဟန်ချက်ညီညီဖြင့် ပြန်လည် စတင်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များ က Bloomberg သို့ ပြောကြားခဲ့ ကြသည်။

ရုရှားက ကျောက်မျက်ရတနာဆိုင် တစ်ခုကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားကျောက်မျက် အများစုသည် အိန္ဒိယနိုင်ငံရှိ လုပ်ငန်းရှင်များထံသို့ ဦးတည်နေကြောင်း၊ ရာနှင့်ချီသော မိသားစု ပိုင် စီးပွားရေး လုပ်ငန်းအများစုသည် စိန် အပါအဝင် ကျောက်မျက်များကို စေ့စပ်ခြင်း၊ လက်ထပ် ထိမ်းမြားခြင်း တို့၌ အချောထည် လက်ဝတ်ရတနာများအဖြစ် အသင့်ဝတ်ဆင်နိုင်အောင် ထုတ်လုပ်ပေး နေကြကြောင်း သိရသည်။
အော်ရိုစာကုမ္ပဏီသည် အိန္ဒိယနှင့် ဥရောပတို့ရှိ ဝယ်လက်များထံသို့ စိန်များကို တင်ပို့ရောင်းချနေပြီး အများစုကို အိန္ဒိယရူပီးငွေကြေးဖြင့် လဲလှယ်နေကြောင်း သတင်းရင်းမြစ်များက ပြောကြသည်။

မည်သည့် အရောင်းအဝယ်မဆို ပိတ်ဆို့ဒဏ်ခတ်ခြင်း (သို့မဟုတ်) ဥပဒေချိုးဖောက်ခြင်း စသည့် အရိပ်အယောင် မတွေ့ရသေးသော်လည်း ရုရှားကုန်ပစ္စည်းများ အရောင်းအဝယ် ကောင်းနေခြင်းအပေါ် မကျေမနပ် ဖြစ်မှုအချို့ တော့ တွေ့နေရကြောင်း အဆိုပါ သတင်းရင်းမြစ်များက ကောက်ချက်ချကြသည်။

အော်ရိုစာကုမ္ပဏီနဲ့စိန် (GETTY IMAGES)

“အရောင်းအဝယ် ကိစ္စတွေ တိုးတိုးတိတ်တိတ်ပဲ လုပ်ကြတယ်” ဟု သတင်းရင်းမြစ်များက ပြောကြသည်။

အော်ရိုစာကုမ္ပဏီသည် ၎င်း၏ရောင်းချမှု (သို့မဟုတ်) ဘဏ္ဍရေး စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များ ထုတ်ဖော်ခြင်းကိုတော့ လတ်တလော ကန့်သတ်၍ ရပ်တန့်ထားသည်။

ပြီးခဲ့သည့် ဧပြီလ၌ အမေရိကန်သည် နိုင်ငံအသီးသီးတွင် ဝင်ရောက် လုပ်ကိုင်နေသော ရုရှားကုမ္ပဏီများကို ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ်ခဲ့ရာ အော်ရိုစာကုမ္ပဏီလည်း ပါဝင်ခဲ့သည်။

အော်ရိုစာသည် ကမ္ဘာ့အကြီးဆုံး စိန်ကုန်ကြမ်း ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်၏ သုံးပုံ တစ်ပုံခန့်အထိ တင်သွင်းပေးနိုင်သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
တောင်သူများ စပါးစိုက်ပျိုးနေစဉ်

သက်သာနှုန်းထားဖြင့် ဓာတ်မြေဩဇာများ တစ်ဧက တစ်အိတ်နှုန်း ရောင်းပေးစေလို

By CNI
CNI
Category: စီးပွားရေး
Hits: 1418

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉

စပါးစိုက်တောင်သူများအတွက် လက်ရှိတွင် စိုက်ပျိုးစရိတ် အဆမတန် ကြီးမြင့်နေခြင်းကြောင့် ဓာတ်မြေဩဇာ များကို သက်သာသည့်နှုန်းထားတစ်ခုဖြင့် တစ်ဧက တစ်အိတ်နှုန်းဖြင့် ရောင်းချပေးမည်ဆိုပါက တောင်သူများ အတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ဓာတ်မြေဩဇာ တစ်အိတ်လျှင် ယခင်က ၆ သောင်းကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် တစ်အိတ်လျှင် ၁ သိန်း ၂ သောင်းဝန်းကျင်ဖြင့် ဝယ်ယူနေရခြင်းကြောင့် သက်သာသည့်နှုန်းထားတစ်ခုအဖြစ် တစ်အိတ်လျှင် ၈ သောင်း ကျပ်နှုန်းဖြင့် ရောင်းချပေးရန် တောင်သူများက မျှော်လင့်နေကြသည်။

လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “တစ်ဧကတစ်အိတ်နဲ့က ဘယ်လယ်မှလုံလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ သို့သော် တစ်နှစ်လုံးမှာမှ ရေနစ်ကွင်းတွေမှာ စိုက်တဲ့ဥစ္စာကတော့ တစ်ဧကကို အနည်းဆုံး ၂ အိတ် သုံးရတယ်။ နောက်တစ်ခုက စပါးပြီး စပါးပေါ့ ဧရာဝတီအောက်ပိုင်း၊ ရန်ကုန်တိုင်း အောက် ပိုင်းတွေပေါ့။ ဧရာဝတီအောက်ပိုင်းဆို ဖျာပုံခရိုင်ရှိမယ်၊ လပွတ္တာခရိုင်ရှိမယ်၊ မြောင်းမြခရိုင်ရှိမယ် အဲဒါတွေကျ တော့ စပါးပြီး စပါး ပြန်စိုက်ကြတာ။ စပါးပင်နေရာမှာ စပါးပြန်စိုက်တဲ့နေရာတွေကတော့ အနည်းဆုံး တစ်ဧကကို ၄ အိတ် လိုအပ်တယ်။ ဒါပေမယ့် တစ်ဧကကို ၁ အိတ်လောက် ရထားရင် ကျန်တဲ့ဥစ္စာတွေကလည်း သဘာဝ မြေဩဇာတွေ၊ သဘာဝဖန်တီးမှုတွေနဲ့ နောက်ပြီးတော့ ဒီ့ပြင် ကွန်ပေါင်းမြေဩဇာတွေနဲ့ ရောနှောပြီး သုံးမယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဧက တစ်အိတ်လောက်ကို သတ်မှတ်ထားတဲ့ ဈေးတန်းတစ်ခုနဲ့ အခိုင်အမာ လေး ရရှိမယ်ဆိုရင်တော့ လယ်သမားတွေအတွက် အထောက်အကူဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများ ဓါတ်မြေဩဇာ ရောစပ်နေစဉ် 

ထိုသို့ တောင်သူများကို သက်သာသည့်နှုန်းထားဖြင့် ဓာတ်မြေဩဇာများကို ရောင်းချပေးမည်ဆိုပါကလည်း တောင်သူများထံ အမှန်တကယ် ရောက်ရှိရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စနစ်တကျလုပ်ဆောင်သင့်ကြောင်း တောင်သူများက ပြောသည်။

ဒါ့အပြင် မရရှိသည့် တောင်သူများအနေဖြင့် အချိန်မရွေး တိုင်ကြားနိုင်သည့်စနစ်ဖြင့် ထိန်းချုပ်ပေးစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“လက်သင့်ရာ ခေါ်သလိုမျိုးမဟုတ်ဘဲနဲ့ တကယ်စနစ်တကျပဲ ဥပမာဆိုပါစို့ မြို့နယ်အလိုက် အုပ်စုအလိုက် နွေစပါး စိုက်တဲ့ဧကတွေကို သက်ဆိုင်ရာ စိုက်ပျိုးဌာနတွေနဲ့ မြေစာရင်းဌာနတွေနဲ့ စနစ်တကျ ကောက်ယူပြီးတော့ အဲဒီကောက်ယူတဲ့အတိုင်း တစ်ဧကကို တစ်အိတ်နှုန်း ပေးမယ်ဆိုပြီးတော့ အဲဒီ တစ်ဧက တစ်အိတ် မရပါက တကယ်စိုက်ပျိုးပါက ဥပမာ မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာနတွေကို စာရင်းပေးပါလျက် တကယ်မရဘူးဆိုရင် အချိန်မရွေး တိုင်ကြားနိုင်သည်။ အဲဒီလိုပုံစံမျိုးနဲ့ ထိန်းချုပ်ပေးပါမှ တောင်သူတိုင်း ရနိုင်မယ်။ သို့မဟုတ်ရင် ပေးတယ်ဆိုသော်လည်း ပေးသာပေး၏ မရဆိုတဲ့ စကားလို ဖြစ်မှာပေါ့” ဟု ပြောသည်။

စိုက်ပျိုးရေးစရိတ် ကြီးမြင့်နေချိန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယူရီးယား မြေဩဇာတန်ချိန် ၁၇၇၀၀၀ (တစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်)ခန့်ကို ပြည်ပမှတင်သွင်းပြီး နွေစပါးနှင့် ဆောင်းသီးနှံအတွက် အချိန်မီ သက်သာသည့်နှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူကို ဆက်သွယ်သော်လည်း ဖြေကြားပေးခြင်း မရှိပေ။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားငွေ ဈေးဆွဲတင်သူနှင့် တရားမဝင် ရောင်းဝယ်သူကို အရေးယူမည်

By CNI News
CNI News
Category: စီးပွားရေး
Hits: 1932

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇

နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများနှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီ လုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည် စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင် ရွက်လျက်ရှိကြောင်း ဆိုထားသည်။

ထို့နောက် နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများ အပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူ ဆောင် ရွက်သွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ကျပ် ၃၁၂၀ ရှိပြီး ရောင်းဈေးအနေဖြင့် တစ်ဒေါ် လာ ကျပ် ၃၁၆၀ ဈေးနှုန်းရှိသည်။ ဗဟိုဘဏ်ကမူ အမေရိကန် တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးနှုန်းသတ်မှတ် ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲနေခြင်းနှင့်အတူ ဒေါ်လာဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ အတက်ဘက်ကို ရောက်ရှိနေသည်။

 

Share
Tweet
Share
Share
powered by social2s
အောင်မင်္ဂလာ အဝေးပြေးကားဂိတ်များကိုတွေ့ရစဉ်

စက်သုံးဆီဈေးမြင့်၍ အဝေးပြေးယာဉ်လိုင်း လက်မှတ်ဈေးများ တိုးမြှင့်ကောက်ခံလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1251

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၇

စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို ပြေးဆွဲနေသည့် ခရီးသည်တင် အဝေးပြေး ယာဥ်လိုင်းများအနေဖြင့် ကားလက်မှတ်ဈေးနှုန်းအား တိုးမြှင့်ကောက်ခံလာကြသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်းရှိ ယာဉ်လိုင်းများထံမှ သိရသည်။

ခရီးသည်တင် အဝေးပြေးယာဉ်လိုင်း တချို့သည် ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့် အကြောင်းကို တရားဝင် အသိပေး ကြေညာထားကြကြောင်း၊ လက်မှတ် နှုန်းထားအနေဖြင့် မူလထက် ၇၀၀၀ ကျပ် တိုးမြှင့် ကောက်ခံလာကြ သည်ဟု အောင်မင်္ဂလာအဝေးပြေးကွင်းမှ ယာဉ်လိုင်းဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့ယာဉ်လိုင်းတွေ ကောက်နေကြပါပြီခင်ဗျ၊ ဆီဈေးပေါ် မူတည်ပြီးတော့လေ။ တချို့ယာဉ်လိုင်းတွေဆို ကောက်နေကြတယ်ဆိုတာ အတိအလင်းလည်း လှမ်းပြီးတော့ ပြောသံတွေ ကြားပါတယ်ဗျ။ အရင်တုန်းက ၂ သောင်း လောက်ရှိတဲ့ မြင်းခြံဂိတ်ကို အခု ၂ သောင်း ၇ ထောင်ဆိုတော့ ၇ ထောင်လောက် တက်သွားတာပေါ့ ခရီးသည် တစ်ယောက်ကိုလေ” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ခရီးသွား ကားလက်မှတ်များ သည် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံနေကြကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

 အောင်မင်္ဂလာအဝေးပြေးကားအ၀င်ကိုတွေ့ရစဉ် (GETTY IMAGES)

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ယာဉ်လိုင်းများအနေဖြင့် လက်မှတ်ခ တိုးမြှင့် ကောက်ခံနေသော်လည်း ခရီးသည် နည်းပါးနေခြင်းကြောင့် ယာဉ်လိုင်းများ ပုံမှန်ထွက်နိုင်ရေးကိုသာ ကြိုးစားနေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အဝေးပြေး ယာဉ်လိုင်းတစ်ခု၏ တာဝန်ခံဂိတ်မှူးက CNI သို့ ပြောသည်။

၎င်းက “ကျနော်တို့ ယာဉ်လိုင်းကတော့ ကုမ္ပဏီ အစည်းအဝေးအဖွဲ့တော့ ခေါ်ထားတယ်ဗျ။ အဲဒါ ဒီနေ့မှ သိရမှာ ပေါ့။ ညနေလောက်မှ သိရမှာပေါ့။ ဆီဈေးတွေ တက်တဲ့အတွက် လောလောဆယ် ဆီဈေးတက်တာကလေ ဈေးနှုန်းတက်ဖို့ထက် ကားထွက်နိုင်ဖို့ကို ကျနော်တို့ ကြိုးစားနေရတယ်ဗျ။ ခရီးသွားလာမှုတွေလည်း နည်းပါး သွားတဲ့ အတွက်။ ခရီးသွားလာ ပါးတာက တစ်ကြောင်း။ စက်သုံးဆီ ဈေးနှုန်းကလည်း အရမ်းကြီး မြင့်တက်လာ တဲ့ အခါမှာ တစ်ခေါက်ထွက်တဲ့ အရင်းက ၁၅ သိန်းလောက် ရှိနေတယ်။ ရတဲ့ပိုက်ဆံက ၁၀ သိန်းကျော်ကျော်ဆို တော့ ၅ သိန်းဝန်းကျင်လောက် စိုက်နေရတာ ဂိတ်တွေ တော်တော်များများက။ ခရီးဝေးရင် ဝေးသလောက် စိုက်ရ တယ်ဗျာ အဲဒီလို ဖြစ်နေတာ” ဟု ပြောသည်။

ထို့အပြင် တချို့သော ယာဉ်လိုင်းများမှာ ခရီးသည်ရရှိမှု နည်းပါးသည့်အတွက် နေ့စဉ်ပုံမှန် ပြေးဆွဲပေးနိုင်ခြင်း မရှိဘဲ ၂ ရက် တစ်ခါ သို့မဟုတ် ၃ ရက် တစ်ခါနှုန်းဖြင့် ပြေးဆွဲနေရကြောင်း ယာဉ်လိုင်းတစ်ခု၏ ဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။

အောင်မင်္ဂလာအဝေးပြေးကား၀င် မြင်ကွင်း (EPA)

၎င်းက “ခရီးသည် ရရှိမှုကတော့ ဒီရက် ပါးတာပေါ့။ ခရီးသွားတွေကလည်း အမှန်တကယ် အရေးကြီးကြမှ သွား ကြတဲ့အခါမှာ ယာဉ်လိုင်းတွေ ရပ်တည်ဖို့တောင် တော်တော်ခက်လာတယ်။ တချို့ ရပ်တဲ့ဂိတ်တွေ ရပ်ကုန်ကြပြီ အဲလိုမျိုးပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး ထွက်တဲ့ဂိတ်တွေလည်း များလာပြီ။ ရပ်တယ်ဆိုတာတော့ သေချာ တယ်ဗျာ ဒီနေ့မထွက်ဘူး မနက်ဖြန်မှ ပေါင်းထွက်တာမျိုးတွေ။ ယာဉ်လိုင်းအချင်းချင်း နားလည်မှုတွေ ယူပြီးတော့ မင်းဒီနေ့ထွက်တယ်။ သူ့ခရီးသည်ကိုယ်ပေး ကိုယ့်ခရီးသည် သူပေး အဲလိုမျိုးတွေပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး အဲလိုမျိုး ထွက်ကြတာတော့ သေချာတယ်ဗျ” ဟု ပြောသည်။

အောင်မင်္ဂလာ အဝေးပြေး ကားဝင်းရှိ ယာဉ်လိုင်းဂိတ်တချို့မှ ယခုကာလတွင် ခရီးသည်ရရှိမှု နည်းပါးနေခြင်း ကြောင့် ဝန်ထမ်းစရိတ်၊ ယာဉ်ပြင်ဆင်စရိတ်များကို စိုက်နေရကြောင်း၊ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှုများကို ရပ်နားထားရသည့် ဂိတ်များလည်း ရှိကြောင်း၊ အစီးရေ လျှော့ချ ပြေးဆွဲလာကြသည့် ယာဉ်လိုင်းများလည်း ရှိ ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိရန် အရန်ဆန်စီမံကိန်း ဆောင်ရွက်မည်

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းကြက်သွန်ဈေး ထိန်းချုပ်ရန် အိန္ဒိယမှတင်သွင်းမှု ယခုနှစ်တွင် ပြုလုပ်မည်မဟုတ်

By CNI
CNI
Category: Watch TV
Hits: 738

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းဖြစ် ကြက်သွန်ဖြူ/နီများကို တွေ့ရစဉ်(ဓါတ်ပုံ-CNI)

ပြည်တွင်းကြက်သွန်ဈေး ထိန်းချုပ်ရန် အိန္ဒိယမှတင်သွင်းမှု ယခုနှစ်တွင် ပြုလုပ်မည်မဟုတ်

By CNI
CNI
Category: စီးပွားရေး
Hits: 1576

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆

ပြည်တွင်းကြက်သွန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် အိန္ဒိယနိုင်ငံမှတဆင့် ကြက်သွန်များကို ယခင်နှစ်တွေက တင်သွင်းလေ့ရှိသော်လည်း ယခုနှစ်တွင် တင်သွင်းမည်မဟုတ်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ပြည်တွင်းကြက်သွန်ဈေးနှုန်း တစ်ပိဿာ ၃၀၀၀ ဖြစ်သည့်အချိန်များတွင် ဈေးနှုန်းကျဆင်းစေရန်အတွက် အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်များကို တင်သွင်းလေ့ရှိသော်လည်း ယခုအချိန်တွင် တင်သွင်းမည်ဆိုပါက ကြက်သွန်များ အပင်ထွက်လာမည်ဖြစ်သည့်အပြင် ပြည်တွင်းစိုက်ပျိုးမှုနှုန်းကို ထိခိုက်နိုင်သည့်အတွက် တင်သွင်း မည်မဟုတ်တော့ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။

“ဒီအတိုင်းတော့ သွင်းရင်တော့ နောက်ကျသွားပြီ။ ၉ လပိုင်း၊ ၁၀ လပိုင်းဆို ကျနော်တို့က အပင်ထွက်တဲ့အချိန် ရောက်သွားပြီ။ အဲတော့ သူတို့ပစ္စည်းကလည်း ကျနော်တို့နဲ့ ထွက်တာတူတယ်။ သူ့ဟာသွားဝယ်လည်း အပင်တွေ ထွက်မှာပဲ။ နောက် ကျနော်တို့ဆီ ရောက်ဖို့အတွက် နည်းနည်း အချိန်ယူရမယ်။ နောက် ဒေါ်လာဈေးကလည်း မြင့်နေတော့ အဲဒီအပေါ်မှာ သွင်းလိုက်ရင် တောင်သူတွေ အခက်အခဲ ဖြစ်သွားမယ်။ စိုက်အားလျော့သွားမယ်ပေါ့။ အဲဒီ အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ မသွင်းတော့ဘူး အကြမ်းဖျင်း မသွင်းဖြစ်ဘူးလို့ပဲ ဆုံးဖြတ်တယ်” ဟု ပြောသည်။

ကြက်သွန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်(ဓါတ်ပုံ-CNI) 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကြက်သွန်နီ သိုလှောင်ထားသော ကုန်သည်ကြီးအချို့၏ စျေးဆွဲ တင်မှုကြောင့် ပြည်တွင်းစျေးကွက်တွင် စျေးနှုန်းများစံချိန်တင် မြင့်တက်လာခဲ့ကာ စားသုံးသူများ အခက်အခဲ ဖြစ်လာသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကြက်သွန်များကို ပြည်တွင်းသို့ တင်သွင်းရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဆုံးဖြတ်ခဲ့သည်။

ပြည်ပမှ ကြက်သွန်နီ ပြန်လည်တင်သွင်းရာတွင်လည်း ကုမ္ပဏီအချို့ကိုသာ ခွင့်ပြုပေးပြီး တန်ချိန်ရှစ်ရာခန့် တင်သွင်းကြကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ကြက်သွန်ကို အသင်းအနေဖြင့် တင်သွင်းမည်မဟုတ်သော်လည်း မြန်မာ့ကြက်သွန် ဈေးနှုန်း မြင့်တက်နေသည့်အတွက် အိန္ဒိယနိုင်ငံမှကုန်သည်များက မြန်မာနိုင်ငံသို့တင်ပို့မှု ပြုလုပ်ချင်ကြကြောင်း မြန်မာကြက်သွန်ကုန်သည်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံမှ ကြက်သွန်များကို တင်သွင်းမည်ဆိုပါက ပြည်တွင်းကြက်သွန်ဈေးနှုန်း အပြောင်းအလဲ ဖြစ်သွားနိုင်ပြီး တစ်ပိဿာ ကျပ် ၂၀၀၀ ခန့်အထိ ကျဆင်းသွားနိုင်သည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။

လက်ရှိ မြန်မာ့ကြက်သွန်များကို ထိုင်းနိုင်ငံသို့ တင်ပို့နေကြပြီး ထိုင်းငွေဈေးနှုန်း မြင့်မားနေမှုကြောင့် အကျိုး အမြတ်ရရှိမှု များပြားသည်ဟု ကုန်သည်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

သင်္ဘောဖြင့် တိုက်ရိုက်ကုန်သွယ်မှု စစ်တွေ-စစ်တကောင်းကို ဦးစွာ ကုန်သွယ်ကြည့်သင့်

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s

ရွှေဈေးနှုန်း တစ်ကျပ်သား ၂၈ သိန်းကျော်ပါက သိန်း ၃၀ အထိ ရောက်ရှိနိုင်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s
မြန်မာကျပ်ငွေနဲ့ ရွှေဆိုင်တစ်ဆိုင် (ဖရွန်တီးယားမြန်မာ၊GETTY IMAGES)

ရွှေဈေးနှုန်း တစ်ကျပ်သား ၂၈ သိန်းကျော်ပါက သိန်း ၃၀ အထိ ရောက်ရှိနိုင်ဟုပြော

By CNI
CNI
Category: စီးပွားရေး
Hits: 3598

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

ပြည်တွင်း ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်လာပါက သိန်း ၃၀ အထိ ရောက်ရှိသွားနိုင်ကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းနှင့် ၂၇ သိန်းဝန်းကျင်၌ ဈေးနှုန်း တည်ငြိမ်နေသော် လည်း ယနေ့ (ဩဂုတ် ၂၅ ရက်)တွင် တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်း ၅ ထောင်အထိ ဈေးပေါက်လာကြောင်း ရွေဈေးကွက်အတွင်းမှ သိရသည်။

ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က “၂၆ အောက်လည်း ပြန်ပြီးတော့ မကျ၊ ကျရင်လည်း ၂၅ သိန်း ၇ သောင်း အဲလောက်ပါပဲ။ အရမ်းကြီးတော့ ပြန်မကျပါဘူး။ တက်ရင်လည်း ၂၇ သိန်း ၇ သောင်း ၈ သောင်း။ တကယ်လို့ အရင် သူအမြင့်ဆုံး တက်ခဲ့တဲ့ ၂၈ သိန်းကျော် ဈေးကို ပြန်ဖောက် တက်တယ်ဆိုရင်တော့ သူထပ် တက်နိုင်သေးတယ်။ အဲဒါဆိုရင်တော့ ၃၀ လောက်အထိ သူပြန်သွားနိုင်သေးတယ်။ အဲလိုမဟုတ်ဘူး ဆိုရင်တော့ ဒီလအတွင်းမှာပဲ ကျနော့်အမြင်ကတော့ ၂၆ သိန်းနဲ့ ၂၇ သိန်းခွဲကြားမှာပဲ မြင်တယ်။ ၂၈ ကပ်ကပ်လေးပေါ့။ ၂၈ လည်း ကျော်ဖို့တော့ သိပ်မမြင်ပါဘူး လောလောဆယ်။ ဘာလို့လဲဆိုတော့ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှခြေ ဖြစ်နေတဲ့ အနေအထားမှာဆိုတော့” ဟု CNI သို့ ပြောသည်။

ရွှေဆိုင် တစ်ဆိုင်က လက်ကောက်ကွင်းများကို တွေ့ရစဉ် (ET)

လက်ရှိ ရွှေဈေးနှုန်း မြင့်တက်နေခြင်းမှာ မိုးတွင်းကာလ ပြည်တွင်း ရွှေတူးမှုများ ပိတ်ထားသည့်အတွက် ပြည်တွင်း ရွှေကုန်ကြမ်း နည်းပါးနေခြင်းနှင့် ဝယ်လိုအား များပြားနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပြည်တွင်း ဒေါ်လာဈေးနှုန်း မြင့်မားနေခြင်းကြောင့်လည်း ရွှေဈေးနှုန်း မြင့်တက်နေရခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ထို့ကြောင့် ပွင့်လင်းရာသီ ရောက်ရှိသည့်အခါတွင် ပိတ်ထားသော ရွှေတူးဖော်သည့် လုပ်ငန်းများ ပြန်လည် စတင် လုပ်ကိုင်ကြမည် ဖြစ်သည့်အတွက် ရွှေကုန်ကြမ်းများ ပြန်လည်ရရှိလာမည်ကြောင်း၊ ထိုအချိန်တွင် ရွှေဈေးနှုန်း လည်း ပြန်လည် ကျဆင်းလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့် က CNI သို့ ပြောသည်။

 အောင်သမာဓိရွှေဆိုင်ကို တွေ့ရစဉ် (GETTY IMAGES)

၎င်းက “ဦးကတော့ ၂၅ သိန်း ထိအောင်ကို နောက် ၃ လဆို ပြန်ဖြစ်သွားမယ်လို့ မှန်းပါတယ်။ အခုကတော့ ပြည်တွင်းမှာ မိုင်းတွေကလည်း ပိတ်ထားတယ်လေ။ ဘာလို့ဆို တွင်းပြိုတာတွေ ဘာတွေ ရှိတဲ့အတွက်ကြောင့် ပိတ်ထားတာလေ။ ပွင့်လင်းရာသီပေါ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင် ဒါတွေက အကုန်လုံး ပြန်လုပ်ကြပြီဆို လို့ရှိရင် ပြည်တွင်း ရွှေထွက်အားလည်းပဲ ရသွားပြီ။ နောက်တစ်ခုက ဒီအချိန်မှာ ရွှေရှားရတဲ့ အကြောင်းရင်းက အခု လှောင်ကုန်သမားတွေပေါ့နော် သူတို့က ပဲ၊ နှမ်း အတိုင်းပဲ ရောင်းပြီး ဝယ်ကြတာလေ။ ပဲ၊ နှမ်းတွေကလည်း ပြန်ရောင်းကြတဲ့ အချိန်ပေါ့။ လှောင်ကုန်တွေ ပြန်ထုတ် သူတို့က ရွှေတို့ ပြန်ဝယ်တယ်ပေါ့။ ဒီလိုမျိုး ဆိုတဲ့အတွက် ကြောင့်လည်း ဈေးကွက်မှာ ဝယ်လိုအားက များသွားတာပေါ့။ ဒါပေမယ့် နောက် ပဲ အသစ်ပေါ့နော်၊ နှမ်း အသစ်၊ စပါး စသဖြင့် ပေါ်လာပြီဆိုရင် သူတို့က ဒါတွေရောင်းပြီး ပဲ၊ နှမ်း၊ စပါးကို သူတို့က ပြန်လှောင်ကြတာလေ။ ဆိုတဲ့ အခါကျတော့ အဲလိုအချိန်မှာ ပြန်ရောင်းပြီလေ။ အဲဒီအတွက်ကြောင့် ဈေးကွက်မှာ သူတို့ ဝယ်နေတဲ့ ဆိုက်က အရောင်း ဖြစ်သွားလို့ရှိရင် အကုန်လုံး ဈေးက ပြန်အေးသွားမယ်လို့ ဦးကထင်တာလေ” ဟု ပြောသည်။

 

 ရွှေဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ် (GETTY IMAGES)

ပြည်တွင်း ရွှေဈေးနှုန်းများကို ယခင်က နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် ဇွဲထက်၊ ဝိန့်စိန်၊ အောင်သမာဓိ စသည့် ရွှေဆိုင်များက နေ့စဉ် လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသား၍ အများပြည်သူ သိရှိနိုင်အောင် လုပ်ဆောင်ပေး လေ့ရှိသော်လည်း ရွှေဈေးနှုန်း ၂၃ သိန်းကျော်လာသည့် နောက်ပိုင်းမှာတော့ ရေးသားခြင်း မရှိတော့ပေ။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ နေ့စဉ်ထုတ်ပြန်သည့် ဈေးနှုန်းများသည် ပြင်ပတွင် ရောင်းဝယ်နေကြသော ဈေးနှုန်းနှင့် ၇ သိန်းကျပ်ခန့် ကွာဟနေကြောင်း၊ YGEA ၏ ဈေးနှုန်းသည် ၂၁ သိန်းပင် မရှိသည်ကို တွေ့ရှိရပြီး ပြင်ပတွင် ၂၈ သိန်းခန့် ဈေးနှုန်းရှိနေကြောင်း ရွှေဈေးကွက် လေ့လာသူများက ပြောသည်။

ယနေ့ (ဩဂုတ် ၂၅ ရက်)တွင် ရွှေဈေးနှုန်းသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၈ သိန်း ၅ ထောင်ကျပ် ဈေးနှုန်း ဖြစ်ပြီး လာမည့်အပတ်တွင် ရွှေဈေးနှုန်းသည် သိန်း ၃၀ အထိ ဖြစ်သွားနိုင်ကြောင်း ရွှေဈေးကွက် လေ့လာသူများက ခန့်မှန်းနေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောဖြင့် ကုန်သွယ်မှု

သင်္ဘောဖြင့် တိုက်ရိုက်ကုန်သွယ်မှု စစ်တွေ-စစ်တကောင်းကို ဦးစွာ ကုန်သွယ်ကြည့်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1662

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

မြန်မာ-ဘင်္ဂလားဒေ့ရှ် တိုက်ရိုက်ကုန်သွယ်ရေးအတွက် ရန်ကုန်-စစ်တွေ- စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ)မြို့ ကို ရေလမ်းကြောင်းမှတဆင့် ကမ်းရိုးတန်းသွား ကုန်သင်္ဘောပြေးဆွဲရန် စီစဉ်နေသည့်အတွက် အရင်ဦးဆုံး စစ်တွေ- စစ်တကောင်းကို ကုန်သွယ်ကြည့်သင့်သည်ဟု ရခိုင်ပြည်နယ်ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

အဆိုပါ ကုန်သွယ်မှုကို မြန်မာနိုင်ငံမှ ဆိပ်ကမ်း လေးခုနှင့် ဘင်္ဂလားဒေ့ရှ်မှ ဆိပ်ကမ်း ၄ ခုတွင် ဆိုက်ကပ်နိုင်ရန် ညှိနှိုင်း ဆွေးနွေးနေ ကြသည်။

ကုန်တင်သင်္ဘောများဖြင့် တိုက်ရိုက်ကုန်သွယ်ခြင်းကို ထိုဆိပ်ကမ်းအားလုံးတွင် တစ်ပြိုင်နက် စတင်မည့်အစား စစ်တွေ-စစ်တကောင်းကို ဦးစွာ ကုန်သွယ်ကြည့်သင့်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်အောင်က “ကျနော်တို့ဘက်က ပြောတာကတော့ စစ်တကောင်း-စစ်တွေကိုတော့ ပထမဆုံး ကုန်သွယ် ကြည့်ပါပေါ့လေ။ ကုန်သွယ်ကြည့်လို့ အောင်မြင်တဲ့အခါမှာ တစ်ခုချင်း တစ်ခုချင်း တိုးသွားလိုက်ပေါ့။ ဒါကပိုပြီး တော့ အလုပ်ဖြစ်ရာ ရောက်ပါလိမ့်မယ်။ တခါတည်းနဲ့ စီမံကိန်းတစ်ခုလုံးကို ချက်ချင်း အကောင်အထည် ဖော်ဖို့ဆို ရင် အခက်အခဲတွေ များနေပါလိမ့်မယ်။ ဘာလို့ဆို အစကတည်းကနေ ကုန်သွယ်မှုက ကုန်သွယ်ရတဲ့ အချိန်မှာ အစဆုံး ကုန်သွယ်မှုမှာ ကုန်ပစ္စည်းတွေ မရမှာတွေ ရှိတယ်။ ဒီဘက်က ကုန်သွယ်မှုတွေ နှောင့်နှေးနိုင်တာ ရှိတယ်၊ ဟိုဘက်က ကုန်သွယ်မှုတွေ နှောင့်နှေးနိုင်တာ ရှိမယ်။ အဲဒီအပိုင်းတွေမှာ နေပြီးတော့ မတွင်ကျယ်သေးခင် စစ်တွေနဲ့ စစ်တကောင်းတော့ အရင်ဆုံး ကုန်သွယ်ကြည့်ပေါ့။ ကုန်သွယ်ကြည့်လို့ အဆင်ပြေတဲ့ အခါကျရင် နောက်ထပ် ဆိပ်ကမ်းတွေ တိုးသွားပေါ့။ အဲဒီလိုမျိုးဆိုရင်တော့ အဆင်ပြေလောက်ပါတယ်” ဟု ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်  ကုန်တင်သင်္ဘောဖြင့် ကုန်သွယ်မှု

ထိုကုန်တင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် မြန်မာနိုင်ငံမှ မော်လမြိုင်၊ ရန်ကုန်၊ ပုသိမ် နှင့် စစ်တွေ ဆိပ်ကမ်း မြို့များကို ရွေးချယ်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ စစ်တကောင်း အပါအဝင် ဆိပ်ကမ်း ၄ ခုကို ရွေးချယ်ထားကြောင်း သိရသည်။

ထိုသို့ ကုန်တင်သင်္ဘောဖြင့် တိုက်ရိုက် ကုန်သွယ်မှု ပြုလုပ်မည်ဆိုပါက တိကျသည့် ပေါ်လစီ လိုအပ်ပြီး ငွေပေး ချေရာတွင် မည်ကဲ့သို့ ပေးချေကြမည်ဆိုသည်ကို သတ်မှတ်ရမည် ဖြစ်သည့်အတွက် အမြန်ဆုံး ကုန်သွယ်နိုင်ရန်မှာ မလွယ်ကူလှကြောင်း မောင်တောကုန်သည် ကိုသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုသန်းနိုင်က “အဓိကက ဘာကုန်တွေ ပို့ကျမလဲပေါ့။ တို့ဘက်က ထွက်ကုန်က ဘာရှိလဲ။ ဟိုဘက်က ဝယ်လက် က ဘာကြိုက်တယ်ပေါ့။ အဲဒါတွေကအစ အသေးစိတ် ညှိနှိုင်းတာတို့ ဆွေးနွေးတာတို့ရှိမှ။ ဒီတိုင်း စိတ်ကူးယဉ်ပြီး ကုန်သွယ်မယ် ကုန်သွယ်မယ် ပြောနေလို့ကတော့ ဒီကုန်သွယ်ရေးက တက်လာမှာ မဟုတ်ဘူး။ အဓိကက စိုက်ပျိုး ရေး ထွက်ကုန်တို့ ဘာတို့ကျတော့ shipping လိုင်းနဲ့ သွားရင်တော့ ပိုကောင်း လာမယ်။ ပိုသက်သာမယ်။ ဒီ အခု ရေချိုငါးပို့တဲ့ လုပ်ငန်းကတော့ တအားကြီး မထူးခြားလောက်ပါဘူး။ ကြက်သွန်တို့ ငရုတ်သီးတို့ ငါးခြောက်တို့ တိုက်ရိုက်သွားရင်တော့ cost ခ သက်သာသွားမှာပေါ့။ အဲဒီ အတွက်တော့ နည်းနည်း အကျိုး ရှိလာနိုင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်း အငူမော်နယ်ခြားစောင့်စခန်း

ထို့နောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောဖြင့် တိုက်ရိုက် ကုန်သွယ်ရာတွင် ရေချိုငါးလုပ်ငန်းများကိုပါ လုပ်ဆောင်ပါက အချိန်ကြန့်ကြာနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောကုန်သည် ကိုသန်းနိုင်က “ရေချိုငါးလုပ်ငန်းကျတော့ တခြားနိုင်ငံကိုပို့သလို အေးခဲပြီး သွားတာ မဟုတ်တဲ့ အတွက် အဲဒီလိုသင်္ဘောနဲ့သွားရင် အချိန်ကြန့်ကြာတာတွေ၊ ကုန်တင်တဲ့အချိန်မှာ ကြာတာ တွေနဲ့ဆို တအားကြီးတော့ မထူးလောက်ဘူး ထင်ပါတယ်။ ရေချိုငါး လုပ်ငန်းကတော့ အခုပုံစံအတိုင်းပဲ ခြောက် ဘီး ကားတွေ၊ ဆယ်ဘီးကားတွေနဲ့ သွားပြီး နယ်စပ်တွေက ချတာပဲ ဖြစ်ဖို့ ပိုများပါတယ်”ဟု CNI သို့ ပြောသည်။

နှစ်နိုင်ငံ တိုက်ရိုက် ကုန်သွယ်ရန်အတွက် MOU ရေးထိုးထားပြီးသား ဖြစ်သော်လည်း လက်ရှိတွင် နှစ်ဖက် ပြေးဆွဲ မည့် သင်္ဘောလိုင်းများနှင့် စတင်ပြေးဆွဲမည့် နေရာများကို အတိအကျ မသိရသေးကြောင်း ရခိုင်ပြည်နယ် ကုန် သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

၎င်းက “ကျနော်တို့က နောက်တစ်ခုတောင် အကြံပြုထားပါတယ်။ ကုန်သွယ်တဲ့အခါမှာ schedule သင်္ဘောပေါ့။ တစ်လမှာ တစ်ကြိမ်သွားမလား၊ ဟိုဘက်တစ်စီး ဒီဘက်တစ်စီးပေါ့။ တစ်ပတ်မှာတစ်ကြိမ် သွားမလား။ နှစ်ပတ်မှာ တစ်ကြိမ်သွားမလား။ အဲဒီလိုမျိုးပေါ့လေ schedule သင်္ဘောလေး ပြေးဆွဲကြည့်ပေါ့။ ပြေးဆွဲကြည့်တဲ့ အခါကျရင် အဲဒီကတဆင့်မှ တွင်ကျယ်အောင် လုပ်သင့်တယ်လို့ ကျနော်တို့ အကြံပြုထားပါတယ်။ schedule သင်္ဘောရှိတယ် ဆိုတော့ ကျနော်တို့ ကုန်တင်ရမယ့်ရက်ကို သိထားတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်က ပြင်ဆင်ရတာ လွယ် တယ်။ အဲဒီလိုပဲ ဟိုဘက်က ကုန်သည်ကလည်း schedule သင်္ဘောက ဘယ်အချိန်ထွက်မယ်၊ ဘယ်နေ့ရောက် မယ်ဆိုတာ သိထားတဲ့အတွက်ကြောင့် ကုန်တင်ကုန်ချ လုပ်ဖို့ဟာရော ပစ္စည်းအရောင်းအဝယ် လုပ်ဖို့ဟာရော အဆင်ပြေသွားလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ဆိုရင် ကြန့်ကြာမှုတွေ ရှိနိုင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာ

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ULA/AA တို့၏ တိုက်ပွဲ အခြေအနေကြောင့် အချို့ ကားလမ်းများကို ပိတ်ထားသဖြင့် ကုန်ပစ္စည်းများ လမ်း၌ အချိန်ကြန့်ကြာမှုရှိနေကြောင်း၊ ထိုသို့ အချိန်ကြန့်ကြာမှုများကြောင့် ကုန် ပစ္စည်း အရည်အသွေးကျဆင်းကာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသည့်အခါတွင် ဈေးကောင်းမရကြောင်း သိရသည်။

ထိုနောက် ဈေးကောင်း မရရှိသည့်အပြင် တိုက်ပွဲ အခြေအနေကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုသည် သုံးပုံ တစ်ပုံသာ ရှိသည့်အတွက် ကုန်သွယ်မှု ကျဆင်းနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

Page 27 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar