CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
စပါးခြွေနေသည့် တောင်သူများကိုတွေ့ရစဉ်

စပါးတင်း ၁၀၀ ကို ၁၂ သိန်းဝန်းကျင်ရ၊ လယ်သမားများ အကျိုးအမြတ်နည်းနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1766

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင်ခန့် ပေါက်ဈေးရှိနေသော်လည်း စပါး စိုက်တောင်သူများအတွက် အကျိုးအမြတ် နည်းပါးနေကြောင်း လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ယခုနှစ်တွင် စပါးဈေးနှုန်း မြင့်တက်သော်လည်း စိုက်ပျိုးထားသည့် စပါးများသည် အထွက်နှုန်း လျော့ကျ နေကြောင်း၊ တခြားသော အကြောင်းများကြောင့် လာမည့် နွေစပါးစိုက်ရာသီတွင် စိုက်ပျိုးမှုနှုန်းများ လျော့ကျ သွားနိုင်ကြောင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စပါးဈေးနှုန်းက မဆိုးပါဘူး။ သို့သော်လည်းပဲ သွင်းအားစု သွင်းရမယ့်အချိန်မှာ တောင်သူတွေ လက်ထဲမှာ ငွေကြေး အခက်အခဲ ရှိခြင်း၊ သွင်းအားစု ရောင်းတဲ့မြေသြဇာ ဆိုင်တို့၊ ပိုးသတ်ဆေး ရောင်းတဲ့ဆိုင်တို့က အကြွေးမရခြင်းကြောင့် သွင်းအားစုကို ပြည့်မှီအောင် မထည့်နိုင်တဲ့အတွက် စပါးအထွက်နှုန်းက ပျမ်းမျှ ၃၅ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ခါတိုင်း ၁၀၀ ထွက်တဲ့လယ်က အခု ၆၅ တင်းပဲ ထွက်တော့တယ်လေ။ အဲဒီ အခြေအနေကြောင့် မို့လို့ အခုလက်ရှိ စပါးရှားဖို့ အခြေအနေလည်း ရှိပါတယ်။ သွင်းအားစု မသွင်းနိုင်တာလည်း ရှိပါတယ်။ အဲဒါ ကြောင့်မို့ အခု စပါးဈေးကတော့ ကြမ်းခင်းဈေးနဲ့ ၁၂ သိန်းလောက် ရှိပါတယ်။ လက်ရှိက ဘာဖြစ်လဲဆိုတော့ အခု စပါးဈေး သင့်သော်လည်းပဲ နွေစပါးစိုက်မယ့် တောင်သူတွေက ဥပမာ တစ်နှစ်လုံးမှာ တစ်သီးပဲ စိုက်တဲ့ လယ်တွေ ကတော့ မဖြစ်မနေ ပြန်စိုက်ကြမယ်။ တစ်နှစ်မှာ စပါးနှစ်သီးစိုက်တဲ့ လယ်တွေကျတော့ သွင်းအားစုက မြေဩဇာ ရဲ့ ကုန်ကျမှုက တစ်ဧကကို အနည်းဆုံး ၅ အိတ် သွင်းရတာ ဖြစ်တဲ့အတွက် လောလောဆယ် သွင်းအားစုစရိတ်ကို ကြောက်ရတယ်။ နောက်တစ်ခါ အကြွေး အလွယ်တကူ မရတာကြောင့်မို့လို့ အဲဒီမှာတော့ စိုက်ဧကတွေ လျော့ သွား နိုင်တယ်” ဟု ပြောသည်။

စပါးခြွေနေသည်ကိုတွေ့ရစဉ်

စပါးစိုက်ပျိုးချိန်တွင် မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များ ကြီးမြင့်မှုကြောင့် စပါး အထွက်နှုန်းများ လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင် ရရှိသော်လည်း စပါးရိတ်သိမ်းရာ၌ လယ်တစ်ဧကလျှင် အလုပ်သမားစရိတ် အနေဖြင့် ၉ သောင်းကျပ် ကုန်ကျကြောင်း၊ ထို့ကြောင့် လယ်တစ်ဧကလျှင် စပါးတင်း ၅၀ ခန့် ထွက်ရှိမှသာ တောင်သူများအတွက် အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၁၂ သိန်းဈေးက တောင်သူတွေ အဖို့တော့ ဒီဈေးနှုန်းတော့ မဆိုးဘူးပေါ့။ တအားကြီးတော့ မဟုတ်ဘူးပေါ့ နော်။ အဆင်တော့ နည်းနည်း ပြေတာပေါ့။ ဒါပေမယ့် ၁၂ သိန်းသာ ပြောတယ်၊ နောက်က သွင်းရတဲ့ သွင်းအားစု စရိတ်၊ အလုပ်သမားခတွေလည်း မြင့်တယ်။ စပါးရိတ်ခဆိုရင် လယ်တစ်ဧကကို ၈ သောင်း၊ ၉ သောင်းရှိတယ်။ လယ်တစ်ဧကကို အခုက ၃၅ တင်းပဲ ထွက်တယ်ဆိုတော့ အဲဒီမှာ နေ့စားခ ရှိတယ်။ ထွန်ခ ယက်ခ ရှိတယ်ဆို တော့ မကျန်ဘူး။ ၃၅ တင်းထွက်ရင် မကျန်ဘူး။ အဲဒီမှာ လယ်တစ်ဧကကို ဥပမာ ၅၀ လောက်ထွက်ရင်‌တော့ သူတို့အတွက် ၁၀ တင်း၊ ၁၅ တင်း ဖိုးလောက်ပဲ ကျန်မယ်။ လယ်တစ်ဧကကို တစ်သိန်းကျော်ကျော်၊ တစ်သိန်း လောက် ကျန်မယ်” ဟု ပြောသည်။

ဆန်စပါးများကိုတွေ့ရစဉ်

ယခုရရှိသည့် စပါးဈေးနှုန်းသည် စပါးစိုက်ပျိုးချိန်၌ သွင်းအားစုစရိတ်၊ အလုပ်သမားစရိတ် စသည့် အထွေထွေ ကုန်ကျစရိတ်များ ကြီးမြင့်ခဲ့သည့်အတွက် အကျိုးအမြတ် နည်းပါးခြင်း ဖြစ်ကြောင်း တောင်သူများက ပြောသည်။

လာမည့် နွေစပါးစိုက်ရာသီတွင် စပါးစိုက်ပျိုးနှုန်းများ လျော့ကျနိုင်ကြောင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်း ကျဆင်း မှသာ စိုက်ပျိုးနှုန်းများ မြင့်တက်လာနိုင်သည်ဟု တောင်သူလယ်သမားများက ပြောသည်။

ယခုစပါးဈေးနှုန်းသည် ပြီးခဲ့သည့် စပါးပေါ်ချိန်တွင် ဖြစ်ပေါ်ခဲ့သော စပါးဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂ သိန်းနှင့် ၃ သိန်းခန့်သာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စပါးအထွက်နှုန်း လျော့ကျနေခြင်းကြောင့် ယခု ဈေးနှုန်းထက် ကျဆင်းသွားနိုင်ခြေ မရှိတော့ကြောင်း လယ်သမားအရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပို့ကုန်သွင်းကုန် သတ်မှတ်ချက်ကြောင့် တရားမဝင် ကုန်သွယ်မှုများ ရှိလာနိုင်

By CNI
CNI
Category: Watch TV
Hits: 1013

Share
Tweet
Share
Share
powered by social2s

ယခုနှစ်တွင် မက္ကဒေးမီးယား အစေ့အဆံများ ပြည်ပတင်ပို့မှု မရှိ

By CNI
CNI
Category: Watch TV
Hits: 895

Share
Tweet
Share
Share
powered by social2s

ခရီးသွားများကို ဆွဲဆောင်ရန် ရှမ်းမြောက်တွင် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ ကျင်းပမည်

By CNI
CNI
Category: Watch TV
Hits: 762

Share
Tweet
Share
Share
powered by social2s
မြန်မာ့ မက္ကဒေးမီးယားအသီးနဲ့ တောင်သူအမျိုးသမီးများကိုတွေ့ရစဉ် (MYANMAR NUTS MACADAMIA)

ယခုနှစ်တွင် မက္ကဒေးမီးယား အစေ့အဆံများ ပြည်ပတင်ပို့မှု မရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 2179

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား အစေ့အဆံများကို နှစ်စဉ် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော်လည်း ယခုနှစ်တွင် ကုန်သွယ်မှုလမ်းကြောင်း အဆင်မပြေမှုကြောင့် ပြည်ပသို့ တင်ပို့မှု မရှိကြောင်း မြန်မာနိုင်ငံ မက္ကဒေးမီးယားအသင်းထံမှ သိရသည်။

ထို့နောက် ထိုင်းနိုင်ငံမှ မြန်မာ့မက္ကဒေးမီးယား အဆံများကို အမြောက်အများ ဝယ်ယူလိုသည်ဟု ကမ်းလှမ်းလာကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေးတွင် တည်ငြိမ်မှု မရှိခြင်းကြောင့် တင်ပို့ရာမှာ အခက်အခဲများ ရှိနေ သည့်အတွက် မတင်ပို့နိုင်ဘဲ ဖြစ်နေကြောင်း မြန်မာနိုင်ငံမက္ကဒေးမီးယားအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ် (CGTN)

၎င်းက “ဘယ်မှကို မပို့ရဘူး။ မပို့ရဘူးဆိုတာက တရုတ်ဘက် ခါတိုင်းပို့တာ တရုတ်လမ်းတွေကလည်း ပိတ်တယ်။ ယိုးဒယားဘက်ကလည်း သူတို့သိပ်ပြီးတော့ အဆင်မပြေဘူးလေ ပို့ဖို့ ပြုဖို့လေ။ လမ်းကြော အခြေအနေအရရော အကြောင်းအမျိုးမျိုးပေါ့လေ။ ဒါတွေကြောင့်မို့လို့ အဆင်မပြေဘူး ပို့ရတာ။ ဒါပေမယ့် အခုဟာက သူတို့ ယိုးဒယား ဘက်က ပို့ဖို့ အဆင်ပြေပြန်တော့ ဘာဖြစ်ပြန်တုန်းဆိုတော့ သူတို့က အဆံလိုချင်တာပေါ့ အတွင်းဆံခွဲပြီးသား။ အမှာစာ မရှိဘူးဆိုတာက တရုတ်ကတော့ လမ်းကြောင်းဖွင့်ရင်တော့ ဝယ်ချင်တယ်။ ဒီကလည်း ပို့ချင်တယ်။ ဒါပေမယ့် လမ်းကြော အဆင်မပြေလို့။ ယိုးဒယားဘက်ကတော့ အခုမှ စပြီးတော့ ဖြစ်တာပါ။ အရင်တုန်းကတော့ နည်းနည်းပါးပါးပဲ ဝယ်တာ။ အခုမှ နည်းနည်း အင်နဲ့အားနဲ့ လိုချင်တဲ့အကြောင်း အကြောင်းကြားလာတာ” ဟု ပြောသည်။

မက္ကဒေးမီးယား တစ်တန်လျှင် မြန်မာကျပ်ငွေ သိန်း ၄၀ ခန့် ရရှိကြောင်း သိရသည်။

သို့သော်လည်း ကိုဗစ် ၁၉ အခြေအနေ များနှင့် လက်ရှိ ပြည်တွင်း၌ နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ် 

ထို့နောက် ထိုင်းနိုင်ငံက မက္ကဒေးမီးယား အဆံများကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာသော်လည်း မြန်မာနိုင်ငံ၌ မက္ကဒေးမီးယားများကို ခွဲခြမ်းရန် အရည်အသွေး ကောင်းမွန်သည့် စက်ကိရိယာများ မရှိသည့်အတွက် တင်ပို့မှု မပြုလုပ်နိုင်ကြောင်း ရွာငံဒေသမှ မက္ကဒေးမီးယားစိုက်ပျိုးသည့် တောင်သူ ဦးထွန်းလင်းက ပြောသည်။

၎င်းက “သူတို့က မခွဲချင်ဘူး အတွင်းအဆံအတိုင်း လိုချင်တာပေါ့။ နောက်ပြီးတော့ အတွင်းအဆံတိုင်း ဝယ်ရင် ဈေးကတော့ ပိုမြင့်တယ်။ ဒါပေမယ့် လုပ်ရတဲ့ လူဘက်ကလည်း မလွယ်ဘူးလေ။ မလွယ်ဘူးဆိုတာက ၁ တန်ခွဲလို့ ၃၀၀ Kg တောင် မထွက်ဘူး။ တကယ့်တကယ် အကောင်းက ၂၀၀ Kg လောက်ရှိတော့ ၁၀ တန်မှ ၂ တန်လောက် ၂၀ ရာခိုင်နှုန်းလောက်ပေါ့ အဲလောက်ပဲ ထွက်တာ။ အဆံခွဲလို့ အတွင်းဆံက ကွဲသွားမယ် ကြေသွားမယ်ဆိုရင် လည်း အဲဒါမျိုးကျတော့ မဝယ်ပြန်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို ခွဲရောင်းပြန်တော့လည်း အဲဒါတွေ က အဆင်မပြေတော့ကျတော့ သိပ်မလွယ်ဘူးလေ။ ရှိတဲ့စက်ကလည်း Quality မမှီဘူးလေ။ အပြင်မှာ ၁ တန်ကို သိန်း ၄၀ လောက် ပေါက်နေရင် ၁၀ တန်ဝယ်မှ သိန်း ၄၀၀ ဖိုးဝယ်မှ ၂ တန်လောက်ထွက်မယ်။ အကျိုးအကြေတွေ များသွားတော့ မကိုက်တော့ ဘယ်သူမှ မပို့ကြတော့ဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မက္ကဒေးမီးယားကို ပြည်တွင်း ဈေးကွက်တွင်သာ ရောင်းချနေရပြီး အသားအရေကို ထိန်းသိမ်းပေးခြင်း ကြောင့် စားသုံးမှု များပြားလာကြောင်း သိရသည်။

မြန်မာ့ မက္ကဒေးမီးယားအသီးနဲ့ တောင်သူအမျိုးသမီးများကိုတွေ့ရစဉ် (MYANMAR NUTS MACADAMIA)

ပြီးခဲ့သည့် အောက်တိုဘာလက ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲတွင် မြန်မာ့မက္ကဒေးမီးယားကို အထူးစိတ်ဝင်စားမှု ရရှိခဲ့ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုး ရောင်းချသူများ အသင်းထံမှ သိရသည်။

မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ် ရွာငံ၊ ရပ်စောက်၊ နောင်ချို စသည့် ဒေသများ တွင် စိုက်ဧက ၃ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ ထပ်တိုး စိုက်ပျိုးလာမှုများလည်း ရှိကြောင်း၊ (၁)နှစ်လျှင် တန်ချိန် ၁၀၀၀၀(တစ်သောင်း)နီးပါး ထွက်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယခုနှစ် မိုးဖရဲရာသီ တရုတ်တင်ပို့မှု ဈေးကွက်ပျောက်နေ

By CNI
CNI
Category: Watch TV
Hits: 740

Share
Tweet
Share
Share
powered by social2s

အိန္ဒိယနိုင်ငံက ပဲစဉ်းငုံ ပုံသေဈေး တိုးမြှင့် သတ်မှတ်ပေး

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

မလေးရှားရှိ မြန်မာများ မလေးရှားနိုင်ငံရေးအကြောင်း မပြောကြရန် သတိပေး

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ လယ်ဧက ၉ သောင်းခန့် ပျက်စီး

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

MOU အလုပ်သမားများ မြဝတီဘက်မှ စေလွှတ်ခြင်းကို လမ်းကြောင်းပြောင်း စေလွှတ်သင့်

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s
ရနောင်း-ကော့သောင်းလမ်းကြောင်းနဲ့ မြ၀တီ-ကော့ကရိတ် လမ်းကြောင်းကနေ မြန်မာများသွားရောက်ရန် ပြင်ဆင်နေကြစဉ်

MOU အလုပ်သမားများ မြဝတီဘက်မှ စေလွှတ်ခြင်းကို လမ်းကြောင်းပြောင်း စေလွှတ်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 2005

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁

MOU ဖြင့် အလုပ်သမား အများဆုံးစေလွှတ်နေသည့် မြဝတီ လမ်းကြောင်းအစား ကော့သောင်း-ရနောင်း လမ်း ကြောင်း(သို့မဟုတ်)လေကြောင်းလိုင်းတို့ဖြင့် ပြောင်းလဲ စေလွှတ်သင့်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီမြို့ဘက်တွင် လက်ရှိ နယ်မြေအခြေအနေကြောင့် ယခုကဲ့သို့ အခြားလမ်းကြောင်းများဖြင့် ပြောင်းလဲ စေလွှတ်သင့်ခြင်းဖြစ်ပြီး ထိုလမ်းကြောင်းများသည် မြဝတီ-မဲဆောက် လမ်းကြောင်းကဲ့သို့ တစ်စုံတစ်ရာ ပြဿနာများမရှိကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ကောင်းတာကတော့ လေကြောင်းလိုင်းနဲ့ဆိုရင် အဆင်ပြေ မြန်တာ ပေါ့နော်။ ရနောင်း-ကော့သောင်း ဘက်ကဆိုရင်လည်း များသောအားဖြင့်က ရန်ကုန်ကနေ သူတို့ လေကြောင်းနဲ့ လာတာပဲလေ။ အဲ့ကနေ ကော့သောင်းကမှတဆင့် ဒီဘက်ကို ကူးတာ။ ရနောင်း-ကော့သောင်း လမ်းကကြတော့ ရေကြောင်းကနေ ဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် လူအများကြီးပို့လို့တော့ အဆင်မပြေဘူး။ ဒါပေမယ့် သူက ပုံမှန်လေး ပို့နေလို့ရတယ်လေ။ မြဝတီလမ်းမှာကကြတော့ အားသာချက် ရှိတာက အမှတ် ၂ တံတားကနေ တိုက်ရိုက် ကားနဲ့ဆိုတော့ ကုန်းလမ်းလည်း ဖြစ်တဲ့အတွက် ပိုပြီးတော့ များများပို့လို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ အခက် အခဲက ကော့သောင်း-ရနောင်းဘက် အခြမ်းကနေ လာတာမှာ သိပ်မရှိဘူး အခုလက်ရှိ ကာလက။ ဘာကြောင့်ဆို နယ်မြေအနေအထားနဲ့ ခုနကပြောတဲ့ လမ်းခရီး ပြဿနာက နည်းတယ်လေ။ အဲဒီတော့ ဒီဘက်ကနေ ပို့မယ်ဆိုရင် လည်း ရနေတာပဲလို့ ကျနော်တော့ မြင်ပါတယ်။ ကုန်ကျစရိတ်လည်း ကျနော်ထင်တယ် ဒီလောက် မကွာလောက် ဘူး။ ခုနကပြောတဲ့ ကုန်းလမ်းနဲ့ ရေလမ်း ဖြစ်တာကြောင့် တစ်ကြိမ်တည်းမှာ အများကြီး စုပြီး သွားဖို့ အဆင်မပြေတာလောက်ပဲ။ ကျန်တာကတော့ ကျနော်ထင်တယ် အဆင်ပြေတယ်” ဟု ပြောသည်။

MOU အလုပ်သမား စေလွှတ်ရာတွင် အေဂျင်စီများက မြဝတီ-မဲဆောက် လမ်းကြောင်းအပြင် ကော့သောင်း-ရနောင်း လမ်းကြောင်းနှင့် လေကြောင်းလိုင်းတို့ဖြင့်ပါ စေလွှတ်နေကြသော်လည်း မြဝတီ-မဲဆောက် လမ်း ကြောင်းဖြင့် နှိုင်းယှဉ်ပါက အလုပ်သမားစေလွှတ်မှုမှာ နည်းပါးကြောင်း သိရသည်။

ထိုင်းသို့ MOU နဲ့သွားမယ့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

အခြားလမ်းကြောင်း ပြောင်းလဲစေလွှတ်မည်ဆိုပါက အေဂျင်စီ အနေဖြင့် အလုပ်သမားများထံမှ ကုန်ကျစရိတ်များ အား ပိုမိုတောင်းခံလာနိုင်ပြီး MOU အလုပ်သမား စေလွှတ်သည့်အခါတွင် မြဝတီ-မဲဆောက် လမ်းကြောင်းသည် သာ အဓိက အသင့်တော်ဆုံး လမ်းကြောင်းသာဖြစ်သည့်အတွက် ထိုလမ်းကြောင်းမှသာ စေလွှတ်သင့်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပိုမိုအဆင်ပြေ နိုင်တာကတော့ မဲဆောက်-မြဝတီလမ်းက ပိုမိုအဆင်ပြေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းကြောင်းဟာ ပထမဆုံး MOU စနစ်နဲ့ပို့ရတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် နောက် စစ်ဆေးရေးဂိတ်တွေ ဘာတွေ အတွက်ဆိုရင်လည်း MOU က သိပ်ပြီးတော့မှ ပြောစရာမရှိဘူး။ ရနောင်း-ကော့သောင်းလမ်းလည်း ပို့လို့ မရဘူးလားဆိုတော့ ရတယ်။ ဒါပေမယ့် ဝင်တဲ့အခါကျရင် ကိုယ်ပို့မယ့် အလုပ်သမားက ဘယ်ကို သွားမှာလဲပေါ့။ ဥပမာ ထိုင်းနိုင်ငံ ဘယ်မြို့နယ်ထဲကို သွားမှာလဲပေါ့။ လွယ်ကူတဲ့ လမ်းကြောင်းနဲ့ ပို့မယ်ဆိုတဲ့ နေရာမှာ အလုပ် သမားတွေအတွက် အရမ်းခရီးဝေးသွားမလားပေါ့။ အဲဒါမျိုးတွေလည်း ကြည့်ရမယ်။ နောက် ရနောင်း-ကော့သောင်း ပို့တဲ့ခရီးနဲ့ အနီးအဝေးနဲ့စာရင် မဲဆောက်-မြဝတီက ပိုပြီးတော့ နီးစပ်မယ်လို့ ကျနော့်အနေနဲ့ ပြော လိုတယ်” ဟု ပြောသည်။

မြဝတီ-မဲဆောက် လမ်းကြောင်းသည် MOU အလုပ်သမား စေလွှတ်ရေးတွင် အသင့်တော်ဆုံး လမ်းကြောင်းဟု ဆိုရသော်လည်း လက်ရှိနယ်မြေ အခြေအနေကြောင့် ထိုလမ်းကြောင်းမှ အလုပ်သမားစေလွှတ်မှုကို ယခင်ထက် ဂရုစိုက်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက ပြောသည်။

ထိုင်းသို့ MOU နဲ့သွားမယ့် မြန်မာအလုပ်သမားများကို စိစစ်နေစဉ်

ကိုသားကြီးက “ဒီမြဝတီမြို့ကို မရောက်မချင်း ရန်ကုန်ကနေ ထွက်လာတယ်၊ ဘားအံကနေ ထွက်လာတဲ့ အလုပ် သမားတွေအတွက် သက်ဆိုင်ရာအေဂျင်စီက ပိုမိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ မှတ်ချက် ပေးလိုတာကတော့ လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေကို နားစွင့်ပြီးကာမှ အေဂျင်စီတွေက အလုပ်သမားတွေကို တင်ပို့မယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ထင်တယ်။ မဲဆောက်-မြဝတီ လမ်း ကြောင်းမှာ ပို့လာတဲ့ အလုပ်သမား တော်တော်များများကတော့ နံပါတ်တစ် တစ်ချက်ကတော့ ထိုင်းဘက်က ကြိုဆိုတဲ့ အနေအထားတွေပေါ့။ ထိုင်း လ.ဝ.က ရယ်၊ ကျန်းမာရေးဝန်ကြီးဌာနတွေရယ် စနစ်တကျ။ ထိုင်းဘက်က Labour တာဝန်ရှိသူတွေက စနစ်တကျ ဆောင်ရွက်တာတွေကို တွေ့ရတယ်။ အဲဒီတော့ ပြည်တွင်းထဲကို ဖြတ်တဲ့ အချိန်မှာပဲ မြဝတီမရောက်ခင်မှာ လာတဲ့အချိန်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကိုယ်လာတဲ့ လမ်း ကြောင်းအပေါ်မှာပဲ အခြေအနေကြည့်ပြီးတော့မှ မတော်တဆ ဖြစ်လာနိုင်တဲ့ အက်စီးဒင့်ကိစ္စတွေကို ကြိုတင် သတိမူသင့်တယ်ပေါ့ ” ဟု ပြောသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ သည့်အတွက် ထိုင်းသို့ သွားရောက်မည့် MOU အလုပ်သမားများမှာ ပိတ်မိခဲ့သေးသည်။

ထို့နောက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယာယီဖြတ်သန်း သွားလာခွင့်ပိတ်လိုက်ကာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြန်လည် ဖွင့်ပေးခဲ့သည်။

သို့သော် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ကော်သူးလေတပ်မတော် (KTLA) ၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း မပြုကြရန် ကော်သူးလေတပ်မတော်မှ အောက်တိုဘာ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ကရင်ပြည်နယ် ကော်သူးလေ နယ်နိမိတ်အတွင်း နစက တပ်ဖွဲ့ဝင်များနှင့် စစ်ရေး တင်းမာမှုကြောင့် တိုက်ပွဲ အရှိန်အဟုန် မြင့်တက်လာမည်ဖြစ်သဖြင့် ကော့ကရိတ်-မြဝတီ အာရှလမ်းအား အသုံး ပြု သွားလာခြင်းကို သတိထား သွားလာကြရန် ပါရှိသည်။

လက်ရှိတွင် မြဝတီ-ကော့ကရိတ်ဘက်၌ နယ်မြေမတည်ငြိမ်မှုများ ရှိနေသေးသော်လည်း ကားအသွားအလာနှင့် အလုပ်သမား စေလွှတ်ခြင်းတို့အား ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လျှပ်စစ်မီး အချိန်မှန်မရခြင်းနှင့် ပေါင်ချိန်မပြည့်ခြင်းကြောင့် ကားများ ဂတ်စ်စုပြုံဖြည့်နေရ

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s
CNG ကားများ ဂတ်စ်ဖြည့်နေကြစဉ်

လျှပ်စစ်မီး အချိန်မှန်မရခြင်းနှင့် ပေါင်ချိန်မပြည့်ခြင်းကြောင့် ကားများ ဂတ်စ်စုပြုံဖြည့်နေရ

By CNI
CNI
Category: စီးပွားရေး
Hits: 1623

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  CNG ဂတ်စ်ဆိုင်များတွင် လျှပ်စစ်မီး အချိန်မှန် မရခြင်းနှင့် ဂတ်စ်ဖြည့်တင်းသည့်အခါ ပေါင်ချိန်အပြည့် မရသည့်အတွက် CNG အသုံးပြုသော မော်တော်ယာဉ်များသည် တန်းစီစောင့်ဆိုင်း၍ ထည့်ရခြင်းကြောင့် ကားတန်းရှည်ကြီးဖြစ်သွားကာ အချိန် ပိုမို ကြန့်ကြာသွားကြောင်း သိရသည်။

ယခင်က တစ်ရက်လျှင် ဂတ်စ်တစ်ကြိမ် ဖြည့်တင်းရုံဖြင့် တစ်နေ့လုံး မောင်းနှင်၍ ရသော်လည်း လက်ရှိတွင် တစ် နေ့လျှင် နှစ်ကြိမ် ဂတ်စ်ဖြည့်တင်း နေရကြောင်း၊ ဂတ်စ်ဖြည့်တင်းရန် တန်းစီစောင့်ဆိုင်းရာတွင် အချိန် ၁ နာရီမှ ၂ နာရီကြား အချိန်ကြာမြင့်ကြောင်း အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးမျိုးသန့်ကြူက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အရင်တုန်းက တစ်ခါတန်းစီရင် ၁၄/၁၅ မိနစ်ပဲ။ ဂတ်စ်ဆိုင်ရှေ့မှာ ၄/၅ စီး။ တစ်ခါတလေဆို လုံးဝတောင် မရှိဘူး။ အခုဆိုရင် စီတာ ဘယ်လောက် ရှိသွားပြီလဲဆိုတော့ မိနစ် ၄၀ ရှိသွားပြီ။ လပ်ကီးဆဲလ်ဗင်း လက်ဖက်ရည် ဆိုင်ရှေ့ကနေ အဲဒါ ဟို(ဂတ်စ်ဆိုင်)ရောက်တဲ့ အထိဆိုရင် ၁ နာရီခွဲ ၂ နာရီပေါ့။ အရင်တုန်းကဆိုရင် တစ်ကြိမ် လောက်ထည့်ရင် ၇၀ လီတာအိုးက တစ်နေကုန် မောင်းလို့ရတယ်။ အခုက presser လည်း မပြည့်တော့ အခြေ အနေ မကောင်းဘူးပေါ့။ အဲကြောင့် စီရတာ ကားတန်းတွေ ပိုရှည်လာတာ” ဟု ပြောသည်။

 ဂတ်စ်ဖြည့်ရန် တန်းစီ စောင့်ဆိုင်းနေသော ကားများကိုတွေ့ရစဉ်

ပြီးခဲ့သည့် ကာလများက ယခုကဲ့သို့ ဂတ်စ်တန်းစီရမှု ရှိခဲ့သော်လည်း ရက်ပိုင်းအတွင်းသာ ကြုံတွေ့ရကြောင်း၊ လတ်တလောတွင် တစ်လနီးပါး ဖြစ်ပေါ်လာကြောင်း ဂတ်စ်တန်းစီသည့် ယာဉ်မောင်းများထံမှ သိရသည်။

ထိုသို့ ဂတ်စ်တန်းစီရာတွင် အချိန်ကြာမြင့်ခြင်းကြောင့် ခရီးသည် ပို့ဆောင်ရမည့်အချိန် လျော့နည်းသွားကြောင်း၊ ထို့နောက် တစ်နေ့တာ ရရှိသည့် ဝင်ငွေများလည်း လျော့နည်းသွားကြောင်း ဦးမျိုးသန့်ကြူက ပြောသည်။

၎င်းက “အရင်တုန်းကတော့ အုံနာကြေး ဘာကြေး နုတ်ပြီးသွားရင် ကိုယ့်အတွက်က ၂ သောင်း၊ ၄ သောင်းလောက် ရတာပေါ့။ ၄ သောင်းခွဲ၊ ၅ သောင်းက ဘယ်လိုမောင်းမောင်းပေါ့။ အခုကတော့ မရတော့ဘူး။ ဂတ်စ်တန်းစီတဲ့ အချိန်က မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဆိုတော့ ၃ သောင်းကျော်ကျော်၊ ကိုယ့်အတွက် ၁ သောင်းကျော် ကျန်ဖို့က တော်တော်မောင်းရတယ် တစ်ခါတလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင်က CNG ဂတ်စ်ဆိုင်များသည် ၂၄ နာရီ ဂတ်စ်ဖြည့်တင်းပေးသော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ညမထွက်ရမိန့်ကို ၁၂ နာရီအထိ ထုတ်ပြန်ထားသည့်အတွက် လက်ရှိမှာတော့ ၁၀ နာရီခွဲအထိသာ ဖြည့်တင်းပေးတော့ကြောင်း သိရသည်။

ယခုကဲ့သို့ ဂတ်စ်တန်းစီရမှု အချိန်ကြာမြင့်လာခြင်း၊ ဂတ်စ်အပြည့်အဝ မရရှိခြင်းများ ဖြစ်ပေါ်နေခြင်းသည် လျှပ်စစ်မီး အချိန်ပြည့် မရရှိခြင်းနှင့် ရန်ကုန် ဂတ်စ်ဖြန့်ဝေသည့် ဆိုင်များသို့ ဝင်ရောက်သည့် ဂတ်စ်ပမာဏများ လျော့နည်းနေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဂတ်စ်ဖြည့်ရန် တန်းစီ စောင့်ဆိုင်းနေသော ကားများကိုတွေ့ရစဉ်

၎င်းက “ကားလေးတွေ နည်းနည်း တန်းတာကျတော့ လျှပ်စစ်မီး အချိန်ပိုင်းနဲ့ ပေးနေတဲ့ အနေအထားလေးတွေ ကြောင့် တချို့ဆိုင်တွေမှာတော့ မီးစက်လေးတွေ ရှိတယ်။ မီးစက်တွေကလည်းပဲ မီးစက်က တို့ဆီမှာ backup ပဲ ထားထားရတာလေ။ backup ပဲ ထားတဲ့ အနေအထားမှာ အခု မီးပျက်တာလေး ရှိလာတော့ မီးစက်နှိုးပြီးရင် တောင်မှ မီးစက်နှိုးရင် ပထမ စက် ၄ လုံးရှိရင် ၄ လုံးကို လျှပ်စစ်မီးလာလို့ ၄ လုံးလုံး မောင်းနိုင်ရင် မီးစက်နှိုးရင် တို့က ၂ လုံးပဲ မောင်းနိုင်တော့တယ်။ အဲဒီအခါကျတော့ presser ကို စောင့်စောင့်ပြီးတော့မှ တင်ပြီးတော့မှ ကား လေးတွေကို ဖြည့်နေရတဲ့ အတွက်ကြောင့်မို့ အဲဒါကြောင့် ကားတန်းစီနေရတဲ့ အနေအထားရှိနေတယ်။ နောက် တစ်ခုက တို့ဆီက ဂတ်စ်က အဝင် presser ကို ကြည့်ပြီးတော့မှ မောင်းရတဲ့ အနေအထားရှိတယ်။ အဝင် presser က ကုန်းတွင်း ဂတ်စ်လေးတွေက presser လေးတွေက အထွက်နည်းလာတော့ ဂတ်စ်ရတဲ့ ပမာဏ နည်းလာတဲ့ အတွက်ကြောင့်လည်း ညောင်တုန်းက ဂတ်စ်ကနေပြီးတော့ ချောက်ဘက်က လာတဲ့ ဂတ်စ်လေးတွေရယ်၊ ဇောတိကတို့၊ ရတနာတို့က ဝိုင်းကူပေးနေရ ဂတ်စ် composition တွေ မမှန်တဲ့ အတွက်ကြောင့်မို့လို့ အမောင်း မခံဘူးဆိုတာ အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အနေအထားအတိုင်း ဂတ်စ် presser တွေ ရမယ်၊ လျှပ်စစ် မီးတွေလည်း ပုံမှန် အနေအထားလေး ရမယ်ဆိုရင်တော့ တို့ CNG ဆိုင်တွေမှာ ကားတန်းစီတဲ့ အနေအထား ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဂတ်စ်ဆိုင် ၄၁ ဆိုင်ရှိပြီး ဂတ်စ်ထည့်ထားသည့်တွဲဖြင့် ရောင်းချသည့်ဆိုင် ၆ ဆိုင်၊ ဂတ်စ်ပိုက်များဖြင့် ရောင်းချနေသည့်ဆိုင် ၃၅ ဆိုင်၊ တက္ကစီသီးသန့် ဂတ်စ်ရောင်းချ ပေးနေသည့်ဆိုင် ၄ ဆိုင်ရှိပြီး ဘတ်စ်ကားနှင့်တက္ကစီများအတွက် ရောင်းချပေးနေသည့်ဆိုင် ၃၁ ဆိုင် ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တန်ဆောင်တိုင်ပိတ်ရက် ဘုရားဖူးခရီးထက် အပန်းဖြေခရီးသွားမည့်သူ ပိုများနိုင်

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

အမည်မဲစာရင်းကြောင့် ရွှေ့ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ခံရမှု ပိုဆိုးလာနိုင်

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s

လှည်းကူးက ဒါးပိန်ပန်းပုရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်သင့်

By CNI
CNI
Category: Watch TV
Hits: 740

Share
Tweet
Share
Share
powered by social2s
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22

Page 18 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar