CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ထိုင်ဝမ်ဘေးကင်းလေ ကမ္ဘာကြီးအန္တရာယ်ကင်းလေဟု ထိုင်ဝမ်သမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 1083

Share
Tweet
Share
Share
powered by social2s

မောက်မယ်တွင် RCSS နှင့် PNLO တို့ ထိတွေ့ပစ်ခတ်မှုဖြစ်

By CNI
CNI
Category: Watch TV
Hits: 1042

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ လာရောက်ရန် တရုတ်သမ္မတကို ယူကရိန်းသမ္မတ ဖိတ်ကြား

By CNI
CNI
Category: Watch TV
Hits: 1059

Share
Tweet
Share
Share
powered by social2s

ဒီမိုကရေစီအားနည်းသွားပြီးနောက် ကမ္ဘာကြီးပြောင်းလဲလာသည်ဟု ဘိုင်ဒန်ပြော

By CNI
CNI
Category: Watch TV
Hits: 1056

Share
Tweet
Share
Share
powered by social2s

ဒုံးကျည်စမ်းသပ်မှု ရုရှားဘက်မှ အမေရိကန်ကို အသိပေးတော့မည်မဟုတ်

By CNI
CNI
Category: Watch TV
Hits: 1021

Share
Tweet
Share
Share
powered by social2s

မြောက်ပိုင်းလက်နက်ကိုင်များကို ဗဟိုပြုပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်

By CNI
CNI
Category: Watch TV
Hits: 1035

Share
Tweet
Share
Share
powered by social2s

နျူကလီးယားဗုံးထုတ်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် ကင်မ်ဂျုံအန်ညွှန်ကြား

By CNI
CNI
Category: Watch TV
Hits: 1031

Share
Tweet
Share
Share
powered by social2s

ထိုင်းနိုင်ငံသားသေဆုံးမှုဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်လူငယ် အမှုမှ လွတ်မြောက်

By CNI
CNI
Category: Watch TV
Hits: 997

Share
Tweet
Share
Share
powered by social2s
၂၀၁၈ ခုနှစ်က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တွေ့ရစဉ်

မြောက်ပိုင်းလက်နက်ကိုင်များကို ဗဟိုပြုပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1875

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဗဟိုပြုပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပလာနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်မည်ဆိုပါက အဖွဲ့အစည်း စုံစုံလင်လင်ဖြင့် ကျင်းပနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “ဖြစ်လာနိုင်ပါတယ်၊ သူက မြောက်ပိုင်း ၇ ဖွဲ့က တရုတ်က မြန်မာအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံ ပြီးတဲ့နောက် သူတို့ ကြေညာချက် ထုတ်တဲ့အထဲမှာ သူက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားဖို့အတွက် လမ်း အမျိုးမျိုး ရှိနိုင်တယ်ဆိုတဲ့ဟာ ပြောထားတာ သတိထားမိတယ်၊ နောက်တစ်ခုက အရင် ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် NCA စာချုပ် လက်မှတ်ထိုးတုန်းကလည်း မြောက်ပိုင်း အဖွဲ့တွေက မပါဘူးပေါ့နော်၊ နောက်တစ်ခါ ပင်လုံစာချုပ်ဆိုပြီး NLD အစိုးရလက်ထက်မှာ ပင်လုံအစည်းအဝေး ဆိုပြီး ခေါ်တဲ့အချိန်မှာလည်း သူတို့ မပါဘူးပေါ့နော်၊ အခုဖြစ်မယ့်ဟာကတော့ နစကအစိုးရအနေနဲ့ အဲဒီအဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်တာ၊ ခေါ်ယူတာ၊ ကျင်းပတာ အဲဒီအဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ လုပ်တာဆိုရင်တော့ မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဗဟိုပြုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မှာပေါ့၊ အရင် NCA စာချုပ်ချုပ်ဖို့ ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ NLD အစိုးရလက်ထက်က ဆက်ပြီး တော့ ဖော်ခဲ့တဲ့ ပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ ဆိုတာတော့ တောင်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကို ဗဟိုပြုတဲ့ သူတို့ သဘောကျ သူတို့လိုလားတဲ့ အစည်းအဝေးဖြစ်မှာပေါ့၊ အဲဒီလို မြင်ရပါတယ်ဗျ၊ ဆိုတော့ ဒီတစ်ခေါက်ကတော့ အဲဒီ အစည်းအဝေး လုပ်ဖြစ်ရင် တောင်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တက်မလားဆိုတာ စောင့်ကြည့်ရမှာပဲ။ နစကတော့ ဖိတ်လိမ့်မယ် တက်မတက်တော့ သိပ် မသေချာဘူးပေါ့နော်၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းပါ တက်တယ်ဆိုရင်တော့ တော်တော်များများ တောင်ပိုင်း၊ မြောက်ပိုင်း စုံသွားမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က UWSA-SSPP-NDAA နဲ့ NSPNC တို့ တွေ့ဆုံ ဆွေးနွေးစဉ်

ပြီးခဲ့သည့် မတ်လ ၂၂ ရက်က နစကနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တွေ့ဆုံဆွေးနွေးအပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူ မတ်လ ၂၈ ရက်နှင့် ၂၉ ရက်က နစကနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

လက်ရှိ နစကနှင့် တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ဆွေးနွေးမှုမှ ရလာသည့် သဘောတူညီချက်ကို ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီး ပြည်သူသိအောင် ချပြနိုင်မှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပသင့် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “NSPNC ရဲ့ ကြွေးကြော်ချက်က ခုနလိုပေါ့ဗျာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရင်း အဲဒီ နောက်မှာ ညီလာခံ တစ်ခုကိုလည်း သွားနိုင်တာပေါ့၊ သဘောတူညီချက် အဲဒီညီလာခံသည် ငြိမ်းချမ်းရေးညီလာခံ လည်း ဖြစ်နိုင်တယ်၊ ခုနဖွဲ့စည်းပုံအခြေခံဥပဒေကို Review (သုံးသပ်ချက်) တစ်ခုလည်း နောက်ဆုံးမှာ သွားနိုင် တာပေါ့၊ အဲဒီနောက်မှာ ရွေးကောက်ပွဲကြောင့် တက်လာတဲ့ အစိုးရ လွှတ်တော်ပေါ့ဗျာ၊ ထွက်ပေါက်ကောင်း ကောင်းနဲ့ အဲဒီထွက်ပေါက်ကို တရုတ်ဖက်က အားသန်သလား၊ တရုတ်ဖက်က ဒီထွက်ပေါက်အတိုင်းပဲ သွားသင့် တယ်ဆိုတဲ့ ယူဆချက် SAC နဲ့ တရုတ်ပြည်အစိုးရ၊ တရုတ်ပြည်ကွန်မြူနစ်ပါတီတို့ဖက်မှာ သဘောတူချက်တွေ သို့မဟုတ် တိုက်ဆိုင်မှုတွေ ရှိနေကြပြီလား၊ အဲဒီတိုက်ဆိုင်မှုအပေါ်မှာ FPNCC ဖက်ကလည်း သဘောတူညီကြ ပြီလား၊ သဘောထား တိုက်ဆိုင်မှုတွေ ရှိနေကြပြီလား၊ NCA ထိုးထားတဲ့ PPST ၇ ဖွဲ့မှာလည်း သဘောတူညီချက် တွေ ရှိပြီလား၊ တိုက်ဆိုင်မှုတွေ ရှိနေပြီလားဆိုရင်တော့ ခင်ဗျားပြောတဲ့ မေးခွန်းရဲ့ အဖြေပေါ့ဗျာ”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ အပစ်ရပ် ၇ ဖွဲ့နဲ့ NSPNC တွေ့ဆုံဆွေးနွေးနေစဉ်

ထို့နောက် ငြိမ်းချမ်းရေးညီလာခံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထွက်ပေါက်တစ်ခုလည်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “ ငြိမ်းချမ်းရေးညီလာခံသည် ခုနက ကျနော်တို့ ပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရင်းနဲ့ ပတ်သက်လို့ NCA စာချုပ်အရ အဓိက ခုန ထွက်ပေါက်ဗျ၊ အဲဒီညီလာခံသည် ၂၁ ရာစုပင်လုံမှာ ၄ ကြိမ် လား ပြီးခဲ့ပြီးပြီ၊ ဆက်သွားမှာလား သဘောတူညီချက် ၅၇ ခုတော့ ရပြီးပြီ၊ အခု ညှိနှိုင်းမှုတွေမှာ ဘယ်နှစ်ချက် ရနေပြီးပြီလဲ၊ အဲဒီရထားတဲ့ ညှိနှိုင်းချက်တွေကို ညီလာခံမှာပဲ အများပြည်သူသိအောင် ကြေညာနိုင်မှာဗျ၊ အဲဒါ ကြောင့် ညီလာခံတစ်ခုက သွားနိုင်တယ်၊ သွားဖို့လည်း သင့်တယ်၊ သွားမှပဲ ရှေ့ဆက်သွားနိုင်မယ်၊ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရင်းနဲ့ လက်နက်ကိုင် တော်လှန်ရေးများနဲ့ SAC ရဲ့ မြန်မာ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နှစ်ဖက် သဘောတူညီချက်နဲ့ သွားနေတဲ့ လမ်းကြောင်းပေါ့ဗျာ၊ အဲဒီမှာ နိုင်ငံရေးပါတီများရဲ့ ကဏ္ဍနဲ့ ရွေးကောက်ပွဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကုန်လုံးကတော့ ရှေ့ဆက်ပြီး Process အတိုင်း သွားနေကြတာပဲ၊ အဲဒီလိုပဲ မြင်တယ်ဗျ” ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းက နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျပန်ပင်လယ်တွင် သင်္ဘောဖျက်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု ရုရှားထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 978

Share
Tweet
Share
Share
powered by social2s

NLD၊ SNLD တို့ မပါဝင်သည့် ရွေးကောက်ပွဲ ပြည်သူများ မဲပေးမှုနည်းမည်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 1045

Share
Tweet
Share
Share
powered by social2s

တပ်ပြိုကွဲမယ်လို့ စိတ်ကူးမယဉ်နဲ့ တပ်အကြောင်း နားလည်သူဆို သိတယ်

By CNI
CNI
Category: Exclusive Interview
Hits: 4933

Share
Tweet
Share
Share
powered by social2s

အတိုက်အခံတစ်ဦးမှ မပါသည့် လွှတ်တော်ရွေးကောက်ပွဲ အောင်မြင်ဟု ကျူးဘားသတ်မှတ်

By CNI
CNI
Category: Watch TV
Hits: 1004

Share
Tweet
Share
Share
powered by social2s
မဲစာရင်း ကြည့်နေသူတစ်ဦးကိုတွေ့ရစဉ်

NLD၊ SNLD တို့ မပါဝင်သည့် ရွေးကောက်ပွဲ ပြည်သူများ မဲပေးမှုနည်းမည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2118

 

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ မပါဝင်သည့် ရွေးကောက်ပွဲမှာ ပြည်သူလူထု၏ မဲပေးမှု နည်းပါးနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က CNI သတင်းဌာနသို့ ပြောသည်။

ထို့အတူ လက်ရှိနိုင်ငံရေးအရ နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ လုံခြုံရေး အခြေအနေမှာလည်း အန္တရာယ်ရှိသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ်စည်းရုံးနိုင်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “ဒီပါတီတွေက NLD၊ SNLD ပေါ့နော်၊ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့က အနိုင်ရတဲ့ ပါတီတွေလို့ ပြောနိုင်တာပေါ့၊ မဲအများဆုံးရတာပေါ့၊ SNLD ရှမ်းပြည်နယ်မှာ ပြည်သူလူထုထောက်ခံမဲ အများဆုံး ရတဲ့ ပါတီဖြစ်သလို NLD ဆိုရင်လည်း တစ်ပြည်လုံး အတိုင်းအတာအရ မဲအများဆုံးရတဲ့ ပါတီဖြစ်တယ်၊ သူတို့ မပါ ဘူးဆိုရင် လာမယ့် နစက လုပ်မယ့် ရွေးကောက်ပွဲမှာလည်း မဲလာပေးတာ နည်းနိုင်တာပေါ့နော်၊ မဲလာပေးတာ နည်းနိုင်တယ်၊ ဘာကြောင့်တုန်းဆိုတော့ အခု ရှိနေတဲ့ အခြေအနေအောက်မှာ လုံခြုံရေးအရကလည်း ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေအတွက်ရော ကိုယ်စားလှယ်လောင်းတွေအတွက်ပါ အန္တရာယ်ရှိတဲ့ အနေအထားမှာ ကျယ်ကျယ် ပြန့်ပြန့် မဲဆွယ်စည်းရုံးတာတွေလည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကနေ ထွက်‌ပေါ်လာတဲ့ အစိုးရကို လည်း ပြည်သူလူထုက ချစ်ခင်မှု အသိအမှတ်ပြုမှု နည်းပါးမှာ ဖြစ်သလို နိုင်ငံတကာကလည်း အသိအမှတ်ပြုတာ နည်းလိမ့်မယ်၊ အထူးသဖြင့် အမေရိကန်နဲ့ အနောက်အုပ်စုကပေါ့နော်၊ အဲဒီလို အနေအထားရှိပါတယ်ဗျ” ဟု ပြော သည်။

NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ကို နစက-က ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့နောက် သတ်မှတ်ကာလအတွင်း မှတ်ပုံပြန်မတင်သည့် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီဖြင့် သွားမည်ဆိုပါ ရွေးကောက်ပွဲမှာ မဖြစ်မနေ ကျင်းပရမှာဖြစ်ပြီး ရွေးကောက်ပွဲကို မည်ကဲ့သို့ အဆင်ပြေစွာ ကျင်းပနိုင်ခြင်း ရှိ/မရှိဆိုသည်မှာ အဓိကကျမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “အထူးသဖြင့် ကျနော်တို့ ဒီမိုကရေစီ သွားမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲဆိုတာ မဖြစ်မနေ ဖြတ်ရတဲ့ pass ပေါ့နော်၊ အဲဒီတော့ အဲဒီရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ ဘယ်လောက် percent (ရာခိုင်နှုန်း) ကျလည်း မကျလည်းဆိုတာထက် အဲဒီရွေးကောက်ပွဲ ဘယ်လို အဆင်ပြေပြေ၊ လုပ်သွားနိုင်သလဲ၊ မလုပ်သွားနိုင်သလဲဆိုတာ အဓိက မူတည်ပါတယ်လို့ ကျနော် ထင်တယ်၊ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အနိုင်ရတဲ့ သူကို နစက အနေနဲ့ အာဏာပြန်လွှဲပြောင်းပေးလိုက်ရင် သူထမ်းဆောင်ရမယ့်တာဝန် ကျေပြတ်သွားပြီ။ အဲဒီတော့ သွားမယ့် Process (လုပ်ငန်းစဉ်) ဘယ်လောက် ချောမွေ့မလဲဆိုတာပဲ အဓိကကျမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးကိုတွေ့ရစဉ်

နိုင်ငံရေးအရ မျှမျှတတ ဖြစ်လာပြီး အားလုံးပါဝင် လှုပ်ရှားခွင့်ရသည့် အနေအထားတွင် ပြန်လည် ပါဝင်လာ နိုင်ကြောင်း ဦးရဲထွန်းက ပြောသည်။

၎င်းက “သူတို့ကတော့ သူတို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းမှာကတော့ အခုလို ကျပ်တည်းတဲ့ အခြေအနေမျိုးမှာ နောက်တစ်ခုက ဘာခေါ်မလဲ နိုင်ငံရေးအရ သိပ်ပြီးတော့ မျှမျှတတ မရှိတဲ့ အခြေအနေမျိုးမှာ ဒီလို အလိုတူ အလိုပါလို့ ခေါ်မှာပေါ့နော်၊ ဒီဖက်က ပြောတဲ့ စကားလုံး အသုံးအနှုန်းအရ အဲဒီလို လိုက်ပါဆောင်ရွက်တာဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု ပိုပြီးတော့ ကျဆင်းစေတယ်၊ ပြည်သူလူထုရဲ့ အမြင်မှာ တပ်နဲ့ ပူးပေါင်း ဆောင်ရွက် တဲ့သူလို့ အဲဒီလို အထင်အမြင် ခံရတယ်ဆိုတဲ့ အတွေ့အကြုံတွေ သူတို့မှာရှိတယ်၊ တကယ်တမ်း အခြေအနေက မျှမျှတတဖြစ်လာပြီ အားလုံးပါဝင်ခွင့် လှုပ်ရှားခွင့်ရပြီဆိုတဲ့ အနေအထားမျိုးမှာ သူတို့ ပြန်ပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်တယ်ဆိုရင် အဲဒီအကျိူးကို အဲဒီမှာ ခံစားရမယ်လို့ အတွေ့အကြုံအရ သူတို့က ယုံကြည်ထားတာပေါ့နော်” ဟု ပြောသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်းနှင့် အနိုင်ရသည့် နိုင်ငံရေး ပါတီအား နိုင်ငံတော်အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆားဘီးယား သမ္မတ အလက်ဇန္ဒားဗူချိကိုတွေ့ရစဉ်

လက်ရှိ ကမ္ဘာ့အခြေအနေအပေါ် ကြောက်သည်ဟု ဆားဘီးယားခေါင်းဆောင် ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1578

CNI International News

ဘဲလ်ဂရိတ်၊ မတ်လ ၂၉

လက်ရှိ ကမ္ဘာတွင် ဖြစ်ပွားနေသည့် အရာများအပေါ် အင်မတန် ကြောက်သည်ဟု ဆားဘီးယား သမ္မတ အလက် ဇန္ဒား ဗူချိ(Aleksandar Vucic)က အင်္ဂါနေ့တွင် ပြောခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

အကောင်းမြင်ဝါဒီ တစ်ဦးမဟုတ်ဘဲ နိုင်ငံငယ်လေးတစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦးသာ ဖြစ်ကြောင်း၊ ဥရောတွင် အရာအားလုံးကို ပိုသိသည့် အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ ရှိနေကြောင်း ဗူချိက ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူး (Katerina Sakellaropoulou) နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

အကျိုးဆက်များက ယခင်က ကြုံခဲ့ဖူးသည်များထက် များစွာ ပိုမိုဆိုးရွားနေမည်ကို ထိတ်လန့်မိ သည်ဟုလည်း ၎င်းက ပြောသည်။

ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူးနဲ့ ဆားဘီးယား သမ္မတ အလက်ဇန္ဒားဗူချိကိုတွေ့ရစဉ်

နိုင်ငံငယ်လေး တစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦး အနေဖြင့် နိုင်ငံကြီးများမှ အင်အားကြီး ခေါင်းဆောင်များသည် ပိုသိကာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း၊ ဆားဘီးယား အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗူချိက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းပဋိပက္ခသည် လာမည့် ငါးလမှ ခြောက်လအတွင်း ပိုမိုဆိုးရွားလာကာ ထိန်းချုပ်မရသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဟု ဗူချိက ဖေဖော်ဝါရီလတွင် ထင်မြင်ချက် ပေးခဲ့ဖူးသည်။

ယူကရိန်းသို့ တင့်ကားများ ထောက်ပံ့ပေးမည့် ဆုံးဖြတ်ချက်ပြီးလျှင် F-16 ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ ပေးမည့် အစီအစဉ်များပါ ပေါ်ပေါက်လာလိမ့်မည်ဟု သမ္မတက ယုံကြည်ထားသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါကိုတွေ့ရစဉ်

ယူကရိန်းသို့ MiG-29 တိုက်လေယာဉ် ၁၃ စင်းပေးရန် စလိုဗက်ကီးယားအစိုးရက မတ်လ ၁၇ ရက်နေ့တွင် အတည်ပြု ပေးခဲ့သည်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါ(Eduard Heger)က ပြောသည်။

တစ်ချိန်တည်းမှာပင် လေယာဉ်များသည် ကာကွယ်ရေးအတွက်သာ ဖြစ်ပြီး တိုက်ခိုက်ရေးအတွက် မဟုတ် ကြောင်းလည်း ၎င်းက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းအား MiG-29 များပေးခြင်းဖြင့် အီးယူထံမှ ဒေါ်လာ သန်း ၉၀၀ ခန့် ပြန်ရမည်ဟု မျှော်လင့် ထားကြောင်း လည်း ဆလိုဗက်ကီးယား ကာကွယ်ရေးဌာနက ကြေညာထားသည်။

အစောပိုင်းတွင်လည်း ပိုလန်အာဏာပိုင်များက ၎င်းတို့အနေဖြင့် ယူကရိန်းသို့ MiG-29 များပို့ပေးရန် စီစဉ်နေကြောင်း ပြောဆိုထားသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရာဟူးဂန္ဒီ ဖယ်ရှားခံခဲ့ရပြီးနောက် အိန္ဒိယပါလီမန်ကို အတိုက်အခံများက ကန့်ကွက်ဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 1015

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 4 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar