- By CNI
- Category: Watch TV
- Hits: 270
- By CNI
- Category: Watch TV
- Hits: 255
- By CNI
- Category: Watch TV
- Hits: 248
- By CNI
- Category: Watch TV
- Hits: 268
- By CNI
- Category: Watch TV
- Hits: 297
- By CNI
- Category: Watch TV
- Hits: 309
- By CNI
- Category: နိုင်ငံရေး
- Hits: 789
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဗမာပြည်နယ် ဖွဲ့စည်းရေးမှာ အန္တရာယ်ရှိပြီး ကွဲထွက်ရန် ပိုမိုလွယ်ကူကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဗမာပြည်နယ် ဖွဲ့စည်းမည်ဆိုပါက နောက်ထပ် ပြည်နယ်သစ် တောင်းဆိုမှုကို လူမျိုးအလိုက် တောင်းဆိုမှုများ လည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးရဲထွန်းက “ကျနော်တို့က အနာဂတ်မှာ အဲဒီလို ဗမာပြည်နယ် ဖွဲ့မယ်ဆိုတဲ့ ဥစ္စာက အန္တရာယ်တော့ ရှိတယ်၊ လူမျိုးစွဲတွေကြောင့်မို့လို့ နောက်ထပ် ပြည်နယ်ကလေးတွေ လူမျိုးအလိုက်၊ လူမျိုးအလိုက် ပြည်နယ်လေးတွေ လည်း အများကြီး တောင်းလာနိုင်စရာရှိသလို ကွဲထွက်ဖို့လည်း လူမျိုးလိုက်အတိုင်း ကွဲထွက်ဖို့လည်း ပိုလွယ် တယ်၊ ဆိုတော့ ဒီနိုင်ငံကို ဦးဆောင်ကြမယ့် လူတွေအနေနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အဲဒါကို နားလည်ကြဖို့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားများ တန်းတူရေးအတွက် ဗမာပြည်နယ် ပေါ်ထွန်းရေးသည် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)မှ ကိုယ်စားလှယ် လွေးပိုးငယ်မှ အကြံပြု ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ တွေ့ရတဲ့ လူမျိုးစု လူငယ်များ
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် နစကတို့ ငြိမ်းချမ်းရေး ဆွေး နွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြဆွေးနွေးခဲ့သော်လည်း နစကဘက်မှ လက်ခံသည့် အနေအထား မရှိကြောင်း သိရသည်။
အနာဂတ်မှာ ဖက်ဒရယ်နိုင်ငံတစ်ခု တည်ဆောက်ပါက ဗမာပြည်နယ် လိုအပ်သလို၊ ဗမာလူမျိုးကို ကိုယ်စားပြု သည့် သင်္ကေတများလည်း လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဖေသန်းက “ဖက်ဒရယ်နိုင်ငံတွေမှာပေါ့ဗျာ၊ ပြည်နယ်ကြီးတယ်၊ ငယ်တယ်တွေနဲ့ မဆိုင်ပါဘူး။ ငယ်ရင်လည်း ယူနစ်တစ်ခုပဲ၊ ကြီးရင်လည်း ယူနစ်တစ်ခုပဲ၊ ဒါက ပြည်နယ် မဖွဲ့ချင်ဘူးပေါ့နော်၊ ဗမာလူမျိုးဟာ သက်သက် အုပ်ချုပ်တဲ့ လူမျိုးလို့ အဲဒီလို စိတ်ဓါတ်မျိုး ခံယူချက်မျိုး ရှိနေတယ်၊ ကျန်တဲ့သူတွေဟာ တိုင်းရင်းသား ဗမာ လူမျိုး ကပဲ အုပ်ချုပ်တဲ့ လူမျိုးလို့ နိုင်ငံရေးသမားတွေ၊ စစ်ခေါင်းဆောင်တွေမှာ ပိုပြီးရှိတာပေါ့၊ အဲဒါ အစဉ်အဆက်ပေါ့ဗျာ၊ ဗမာပြည်နယ် ဖွဲ့စည်းဖို့ တိုက်တွန်းတိုင်း၊ တိုက်တွန်းတိုင်း အဲဒီအသံမျိုး ထွက်လာတယ်၊ ပြည်ထောင်စု ပြိုကွဲသွား မယ်၊ ဘာမှ မဆိုင်ဘူးဗျ၊ ယူနစ်ကြီးတာ၊ ငယ်တာနဲ့ ဘာမှ မဆိုင်ဘူးဗျ၊ ဥပမာ ဗမာပြည်နယ် ဖွဲ့မယ်ဆိုရင် တိုင်း ၇ တိုင်းက ဗမာပြည်နယ်ဖြစ်သွားမှာပေါ့၊ ဒါမှ မဟုတ် အမျိုးသားပြည်နယ်ဆိုပြီးတော့ ကျနော်တို့ လွှတ်တော်ထဲမှာ တော့ သုံးခဲ့ကြတယ်၊ ဥပမာ ရန်ကုန်ဆိုရင်တော့ ဗမာတွေရော အကုန်လုံးနေတာပေါ့ဗျာ၊ လူမျိုးပေါင်းစုံနေတဲ့ အမျိုးသားပြည်နယ်ပေါ့၊ အဲဒီလို ယူနစ်တွေ သတ်မှတ်ထားတာ ရှိတယ်၊ ဆိုတော့ အဲဒီလို မဖွဲ့တဲ့အတွက် ပြည်ထောင်စုဆိုတာ သရုပ်မပေါ်ဘူးပေါ့၊ ဗမာလူမျိုးဟာ ပျောက်နေတယ်၊ တိုင်းဒေသကြီးတွေမှာ အလံထောင်ရင် ပြည်ထောင်စုအလံထောင်တယ်၊ ပြည်နယ်အလံမရှိတော့ဘူး၊ ဗမာကို ကိုယ်စားပြုတဲ့ အလံမရှိဘူး။ ဗမာကို ကိုယ်စားပြုတဲ့ သင်္ကေတ မရှိဘူး။ ပြည်ထောင်စု အလံကိုပဲ ဗမာတွေက ဗမာနိုင်ငံရေးသမားတွေက ဗမာ ခေါင်းဆောင်တွေက ဗမာအလံလို့ ခံယူထားတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးနေကြစဉ်
ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြားတစ်ဖက်မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့ကလည်း ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။
အလားတူ လီဆူနှင့် မိုင်းလား (NDAA တပ်ဖွဲ့)ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများပေးရန် တောင်းဆိုလျက်ရှိ နေသည်။
လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။
- By CNI
- Category: Watch TV
- Hits: 318
![](/images/FTTR.jpeg)
- By CNI
- Category: နိုင်ငံရေး
- Hits: 583
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီးဖြစ်သလို လက်နက် ကိုင် အဖွဲ့အစည်းများကလည်း ပေါင်းစုံပေါ်ပေါက်လာခြင်းကြောင့် မြန်မာ့နိုင်ငံရေးကို မည်ကဲ့သို့သော နည်းလမ်း ဖြင့် ဖြေရှင်းမလဲ မေးခွန်းထုတ်နေကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေး အပြောင်းအလဲကြောင့် လက်နက်ကိုင် ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်လာပြီး တိုင်းရင်းသားဒေသများတွင် သာမက ပြည်မအထိ ပျံ့နှံ့လာခဲ့သည်။
NUG နဲ့ PDF ကိုတွေ့ရစဉ်
အဆိုပါ ပဋိပက္ခများကို ပြည်တွင်းရှိ လူထုကသာ အဓိကဖြေရှင်းရမှာဖြစ်ကြောင်း၊ ၁၉၄၇ ပင်လုံ ကတိကဝတ်များကို အခြေခံရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာန သို့ ပြောသည်။
ဒေါက်တာ အေးမောင်က “မြန်မာနိုင်ငံမှာကြတော့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လက်နက်ကိုင်ပဋိပက္ခ ရပ်တည်မှု၊ အမျိုးသားတန်းတူမှုလို့ ပြောတဲ့ လူမျိုးက စုံတယ်၊ အဲဒီဥစ္စာ သဘောတူညီမှုရဖို့က တော်တော်လေး သဘောတူညီမှုရဖို့က တော်တော်လေး ကြိုးစားဖြေရှင်းမှ ရမယ်၊ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှား ဘက်က လာနိုင်တာက အင်ဒိုနီးရှား တပ်မတော် ဘယ်လို၊ အင်ဒိုနီးရှား ဒီမိုကရေစီ အခင်းအကျင်း ဖြစ်အောင် တပ်မတော်ပါဝင်တဲ့ ကဏ္ဍကို ဘယ်လို နောက်ကို ဆုတ်သလဲဆိုတဲ့ နည်းဗျူဟာနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ခံယူချက် တစ်ခုကိုတော့ဖြင့် နမူနာပေးနိုင်တာပေါ့ဗျာ၊ တနည်းအားဖြင့် နိုင်ငံရေးထဲက တပ်မတော်နောက်ကို ဆုတ်အောင် နည်းမှန်လမ်းမှန်ကိုတော့ဖြင့် အင်ဒိုနီးရှား မော်ဒယ်ကဖြင့် အကြံပြုနိုင်ပါတယ်၊ ပေးနိုင်ပါတယ်၊ ဒါပေတည်း လက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်း ၇၅ နှစ်ကြာနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ မော်ဒယ်ပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိစ္စကြတော့ မြန်မာ့နိုင်ငံအတွင်းက လူထုကပဲ သုံးသပ်ပြီးမှ ခုနကပြောတဲ့ ထွက်ပေါက်ဗျ၊ ၄၇ ပင်လုံစာချုပ် ကတိကဝတ်၊ စာချုပ်နဲ့ မဆိုင်ဘူး၊ စာချုပ်ဖြစ်တည်လာတဲ့ ကတိကဝတ် ပင်လုံ ရဲ့ သဘောတရားပေါ့ဗျာ၊ အဲဒါတွေကိုလည်း အခြေခံဖို့ လိုတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ပြည်တွင်းရှိ အဖွဲ့အစည်းအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အာဆီယံတို့မှာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေ လျက်ရှိသည်။
KNDF ကိုတွေ့ရစဉ်
လက်ရှိ မြန်မာ့တပ်မတော်ကို ဖြုတ်ချပြီးမှ မိမိတို့ အချင်းချင်းကြား ပြဿနာကို ဖြေရှင်းကြမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေကတော့ အခုချိန်မှာ စစ်ကောင်စီ ပြုတ်အောင် တိုက်ကြတယ်၊ အဲဒါပြီးတော့မှ ကိုယ့်အချင်းချင်း ပြဿနာကိုတော့ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
ထို့အတူ ပြည်တွင်းမှာလည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ လူမှုရေးများမှာ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့နောက် အမျိုးမျိုး စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်ကာ တရားဥပဒေ စိုးမိုးမှု အားနည်းနေမှုများ ဖြစ်ပေါ်နေသည်။
Page 5 of 136