CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား အထူးဒေသ(၄)ဟု အများသိကြသည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)သည် ယနေ့ (ဇွန်လ ၃၀ ရက်) ငြိမ်းချမ်းရေးယူခဲ့သည်မှာ ၃၃ နှစ်ပြည့် အခမ်းအနားများကို ကျင်းပခဲ့သည်။

ယခင်က NDAA သည် ငြိမ်းချမ်းရေး နှစ်များကို အကျယ်တဝံ့ ကျင်းပခဲ့သော်လည်း ယခုနှစ်မှာတော့ ငြိမ်းချမ်းရေး ၃၃ နှစ်ပြည့် အခမ်းအနားကို အကျယ်တဝံ့ ကျင်းပခဲ့ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စာသင်ကျောင်းများမှ ကျောင်းသားများက အသီးသီး ကျင်းပခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် NDAA ငြိမ်းချမ်းရေး ၃၃ နှစ်ပြည့် အထိမ်းအမှတ် အလေးပြုနေစဉ်

NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။