CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)သည် တတိယအကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့ပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အပါအဝင် ဗဟိုကော်မတီဝင်များ ပြန်လည် ရွေးချယ်ရာတွင် PNLO ဒုဥက္ကဋ္ဌဖြစ် တာဝန်ယူထားသည့် ခွန်မြင့်ထွန်းမှာ အရွေးချယ် မခံရကြောင်း သိရသည်။

PNLO သည် တတိယအကြိမ်မြောက် ညီလာခံကို ဗဟိုဌာနချုပ် တည်ရှိရာ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၌ ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်အထိ ကျင်းပခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၉)ဦး အပါအဝင် ဗဟို ကော်မတီဝင် (၁၉)ဦးကို ရွေးချယ်ခဲ့သည်။

PNLO  ဥက္ကဋ္ဌ အဖြစ် အရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ခွန်သူရိန်

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၉)ဦးမှာ ဗိုလ်ချုပ်ခွန်သူရိန်က ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ခွန်ထွန်းတင်မှ ဒုဥက္ကဋ္ဌ (၁)ဖြင့် လည်းကောင်း၊ ဗိုလ်မှူးချုပ် ခွန်ကျော်ထင်က ဒုဥက္ကဋ္ဌ(၂)ဖြင့်လည်းကောင်း၊ ဗိုလ်မှူးကြီး ခွန်အောင်မန်းက အထွေထွေ အတွင်းရေးမှူးဖြင့် လည်းကောင်း၊ ဗိုလ်မှူးခွန်းမင်းသိမ်းက တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ဖြင့် လည်းကောင်း၊ နန်းယဉ် ယဉ်စိုးက တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ဖြင့် လည်းကောင်း အသီးသီး တာဝန်ယူ ကြမည် ဖြစ်သည်။

အဆိုပါ ထိပ်သီး ရာထူးနေရာများတွင် ယခင်က PNLO ၏ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ယူခဲ့သူ ခွန်မြင့်ထွန်း အရွေး ချယ် မခံရသည်ကို တွေ့ရသည်။

လက်ရှိတွင် ခွန်မြင့်ထွန်းသည် ပအိုဝ်းအမျိုးသားများဖက်ဒရယ်ကောင်စီ(PNFC)ကို ဖွဲ့စည်း၍ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ဆောင်ရွက်နေကြောင်း သိရသည်။