CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

 ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဒုဥက္ကဋ္ဌ ခွန်ထွန်းတင် နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန်လ ၁၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

PNLO ဒုဥက္ကဌ(၁) ခွန်ထွန်းတင်နှင့် အဖွဲ့ဝင် ၂ ဦးပါသော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့(ဇွန်လ ၁၅ ရက်)တွင် နေပြည်တော် ရောက်ရှိမည် ဖြစ်ပြီး မနက်ဖြန်မှာ နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံမည်ဟု နှစ်ဖက်စလုံးမှ နီးစပ်သူများက ပြောသည်။

 ထို့နောက် နစက အဖွဲ့ဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံမည့် PNLO ဒုဥက္ကဌ(၁) ခွန်ထွန်းတင်ကိုတွေ့ရစဉ်

PNLO သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားသည့် ပအိုဝ်း လက်နက်ကိုင် ဖြစ်သည်။

 လက်ရှိတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ KNU/KNLA-PC ဥက္ကဋ္ဌ ဦးစောထော့လေး၊ UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့၊ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း တို့ဖြင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။