CNI International News

မော်စကို၊ မေ ၁၇

ရုရှားဦးဆောင်သော CSTO စစ်ဘက်လုံခြုံရေးစာချုပ်အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပြည်ပဖိအားများ တွန်းလှန် နိုင်ရန်အတွက် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြဖို့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့ သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

CSTO အဖွဲ့၏ ရတုအထိမ်းအမှတ် ဆွေးနွေးပွဲကို မေလ ၁၆ ရက်တွင် မော်စကိုမြို့၌ ကျင်းပစဉ် လူကာရှန်ကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“CSTO အဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှု၊ နိုင်ငံခြားရေးမူဝါဒ၊ လုံခြုံရေး ဆိုင်ရာဆွေးနွေးမှုယန္တရားတွေ ပိုပြီး တိုးမြှင့်ရမှာဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့အသံနဲ့ ရပ်တည်ချက်ကို နိုင်ငံတကာ စင်မြင့်တွေမှာ ကောင်းကောင်းကြားနိုင်၊ သိနိုင်အောင် CSTO ကိုယ်စား မကြာမကြာ ပြောပေးသင့်ပါတယ်။ ကျနော်တို့ ဘုံအသံနဲ့ ဘုံရပ်တည်ချက်တွေက အနောက်အုပ်စုနိုင်ငံတွေလိုပါပဲ” ဟု လူကာရှန်ကိုက ပြောကြား ခဲ့သည်။

CSTO ၏ ပြိုင်ဘက်များနှင့် ရန်သူများကြောင့် မိမိတို့အဖွဲ့၏ အခြေခံနှင့်မဟာမိတ်ဆက်ဆံရေးကို လျော့ကျသွား စေနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

“ဒါနဲ့ပတ်သက်လို့ ပြောရရင် ကျနော်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေလက်ထဲကနေ လွတ်တာတော့ မဟုတ်ဘူး။ ဘုံမျက်နှာစာတစ်ခုကို တင်ပြတဲ့အခါမှာ ငရဲထက်ဆိုးတဲ့ ဒဏ်ခတ်အရေးယူမှုလိုမျိုး တခြားဘာမှမရှိဘူးလို့ ကျနော် သေချာပေါက် အလေးအနက်ပြောချင်ပါတယ်” ဟု လူကာရှန်ကိုက ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန