CNI International News
အန်ကာရာ၊ ဇူလိုင် ၉
ထို့ပြင် နေတိုးအဖွဲ့ဝင်ဖြစ်ပြီး ၎င်းအား အပြင်းအထန် ဝေဖန်လေ့ရှိသည့် ဥရောပခေါင်းဆောင်များထဲမှ တစ်ဦးဖြစ် သည့် စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက် (Pedro Sanchez) ဦးဆောင်သည့် စပိန်နိုင်ငံနှင့် ကုန်သွယ်ရေး ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ပစ်မည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
“စပိန်ဟာ အချည်းနှီး ဖြစ်သွားတဲ့ အရေးကိစ္စတစ်ခုပါ။ ကျနော်တို့ဟာ စပိန်နိုင်ငံနဲ့ ဘယ်လို ကုန်သွယ်မှုမျိုးကိုမှ ထပ်ပြီး မလုပ်ဆောင်ချင်တော့ပါဘူး”ဟု ထရမ့်က ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းတွင် အမေရိကန်၏ တပ်ဖြန့်မှုကို ပိုမို အင်အားတိုးမြှင့်မည့် အစီအစဉ်အပေါ် မဟာမိတ်နိုင်ငံ များ၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး နေတိုးအဖွဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်းလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောသည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ကို တွေ့ရစဉ်
“ဂရင်းလန်းနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ လုပ်ဆောင်ခဲ့တဲ့ အရာတွေကြောင့် ကျနော် သူတို့အပေါ် မပျော်မရွှင် ဖြစ်မိ သလို အကြမ်းဖက်မှုကို အဓိက ပံ့ပိုးကူညီနေတဲ့ ထိပ်တန်းနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံနဲ့ပတ်သက်ပြီး ကျနော်တို့ကို သူတို့ မကူညီချင်ကြတဲ့ အချက်ကြောင့်လည်း နေတိုးအဖွဲ့အပေါ် မကျေနပ် ဖြစ်မိပါတယ်။ သူတို့ဟာ ကျနော်တို့ကို ကူညီဖို့ ဆန္ဒမရှိကြပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်နိုင်ငံ အရေးနှင့်ပတ်သက်၍ ထရမ့်က အပစ်အခတ်ရပ်စဲရေးသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ သော်လည်း အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ သည်။
Source: DW
