CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ/သား ၉၆၅၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၄ ရက်) ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျဉ်းသူ/သား ၉၀၀၀ ကျော်ကို လွတ်ငြိမ်းပေးခဲ့ခြင်း ဖြစ်သည်။

အလားတူ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသူ/သား ၁၁၄ ဦးကိုလည်း ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့သည်။