CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲများဖြစ်ပွားနေချိန်မှာပဲ တရုတ်ကိုယ်စားလှယ်တစ်ဖွဲ့ သည် နေပြည်တော်(မြန်မာနိုင်ငံ)သို့ ဇန်နဝါရီ ပထမအပတ်ထဲမှာ လာရောက်ရန်ရှိသည်ဟု သတင်းများ ထွက်ပေါ် နေသည်။

အဆိုပါ တရုတ်ကိုယ်စားလှယ်အဖွဲ့မှာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဖြစ်နိုင်ကြောင်း၊ ဇန်နဝါရီ ၅-၆ ရက်နေ့များတွင် ရောက်ရှိလာနိုင်ကြောင်း သံတမန် အသိုင်းအဝိုင်းမှ ကြားသိရသည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နစကမှ တခြားသော အဆင့်မြင့် တာဝန်ရှိသူ များနှင့် တွေ့ဆုံရန် ရှိသည်ဟု သတင်းများထွက်နေသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ခေါင်းဆောင်များနဲ့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ကိုတွေ့ရစဉ်

ထို့ကြောင့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် နစကမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေးအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု ပြည် တွင်းနိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ထို့နောက် ဇန်နဝါရီ ၇-၈-၉ ရက်နေ့များတွင် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်(MNDAA-AA-TNLA)တို့ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် တွေ့ဆုံ ဆွေးနွေးကြရန်လည်းရှိသည်။

အဆိုပါ တရုတကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နစက၏ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အရေးပေါ် ကာလ သက်တမ်း ၆ လ တိုးထားသည့် အချိန်ကာလနှင့်လည်း နီးစပ်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ များ ရပ်တန့်ရေး နစက၏ ကြိုးပမ်းနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ထို့ကြောင့် ဇန်နဝါရီလအတွင်းမှာ နိုင်ငံရေးအရ အပြောင်းအလဲတချို့ရှိလာနိုင်သည်ဟု ပြည်တွင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောကြသည်။