CNI International News

မင့်၊ ဇူလိုင် ၇

ပုန်ကန်မှုလုပ်ခဲ့သည့် ရုရှားဝဂ္ဂနာအုပ်စု၏ အကြီးအကဲ တပ်သားထောင်ပေါင်းစွာနှင့်အတူ ရုရှားမှာပဲ ရှိနေသေး သည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko)က ဇူလိုင် ၆ ရက်တွင် ပြောသည်။
သမ္မတပူတင်က ဝဂ်နာအုပ်စု အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin)ကို သတ်ပစ်ခဲ့ဖွယ် ရှိသည်ဆိုငေည မှန်းဆပြောဆိုချက်များကိုတော့ ပယ်ချလိုက်ပါတယ်။ 

လူကာရှန်ကိုသည် ပြီးခဲ့တဲ့လ ပုန်ကန်မှုကို အဆုံးသတ်ဖို့ ညှိနှိုင်းရာမှာ ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပုန်ကန်မှုသည် ပူတင်အတွက်တော့ အာဏာသက်တမ်း ၂၃ နှစ်အတွင်းမှာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည်။

ထို့နောက် သဘောတူညီချက်အရ ပရီဂေါ့ဇ်ဟင်သည် သူ့ကြေးစား စစ်သားများကို ရုပ်သိမ်းရဖွယ်ရှိပြီး စွဲချက်များအား ဖယ်ရှားပေးရန် အလဲအထပ်အနေနှင့် ဘယ်လာရုစ်သို့ ပြောင်းရွှေ့ရဖွယ်ရှိသည်။ 

ဝဂ်နာအုပ်စု အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်ကို တွေ့ရစဉ်

သို့သော်လည်း လူကာရှန်ကိုက ပရီဂေါ့ဇ်ဟင်နှင့် သူ၏ စစ်သားများသည် ရုရှားမှာပဲ ရှိနေသေးသည်ဟုပြော ကြား လိုက်ခြင်းကြောင့် သဘောတူညီချက်နှင့် ပတ်သက်ပြီး သို့လော သို့လော သံသယများ ထွက်ပေါ်လာခဲ့ပြန်သည်။ 

လူကာရှန်ကိုကတော့ ဝဂ်နာကို လက်ခံရေး ကမ်းလှမ်းဖို့ ပြင်ထားသလို ပူတင်နှင့်လည်း စကားပြောသွားမည်ဟု ပြောသည်။ 

ထို့နောက် ပရီဂေါ့ဇ်ဟင်သည် ဘယ်လာရုစ် မြေပေါ်မှာ မရှိဘဲ ပီတာစဘတ်မှာ ရှိနေကြောင်း၊ ပရီဂေါ့ဇ်ဟင်သည် လွတ်လပ်ရေး အပြည့်ရနေကြောင်း၊ ဂျာနယ် လစ်များက သူ့ကို ရုရှားလုံခြုံရေးများက မျက်လုံးဒေါက်ထောက် ကြည့်မနေဘူးဟု ထင်နေရင်တော့လည်း တုံးလွန်းရာကျသည်ဟု လူကာရှန်ကိုက ပြောသည်။

ပုန်ကန်မှု ပေါ်ပေါက်လာတော့ ပူတင်က ပရီဂေါ့ဇ်ဟင်ကို ရှင်းပစ်ချင်နေလိမ့်မယ်ဆိုသည့် အစောပိုင်းက မှတ်ချက် များနှင့် ပတ်သက်၍ မေးမြန်းသည့်အခါမှာ ကရင်မလင်ရှိ တချို့က ရှင်းပစ်ချင်နေခဲ့သော်လည်း ထိုသို့ လုပ်ဆောင် ခြင်းက ရုရှားကို ပြည်တွင်းစစ်ထဲ တွန်းပို့သလိုဖြစ်လိမ့်မည်ဟု ၎င်းက ပြောသည်။

လူကာရှန်ကိုက “ဒါဆိုရင် ပရီဂိုဇင် ဘာဖြစ်သွားမှာလဲ။ ဘဝမှာ ထူးဆန်းတာတွေက ဖြစ်တတ်ပေမယ့်လည်း ပူတင်ဟာ အငြှိုးကြီး ပြီး လက်စေားချေတတ်တော့ မနက်ဖြန်မှာ သူ့ကို ရှင်းပစ်လိမ့်မယ် ထင်နေရင်တော့ အဲဒီလို ဖြစ်လာမှာ မဟုတ် ဘူးလို့ပဲ ပြောရမှာပါ”ဟု ပြောသည်။ 

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

ဝဂ်နာအုပ်စု၏ စစ်သားများသည် သူတို့၏စခန်းများမှာ ရှိနေကြပြီး ရှေ့တန်းက ထွက်ခွာလာကတည်းက သူတို့ကို နေရာချထားသည့် အမြဲတမ်းစခန်းများတွင် ရှိနေသည်။

ဝဂ်နာ၏ ပင်မစခန်းက ရုရှားတောင်ပိုင်း၊ ခရပ်စ်နိုဒါအနီးက မိုခီနိုမှာ ဖြစ်သည်။ 

ပုန်ကန်သည့် အချိန်တုန်းကတော့ ပရီဂိုဇင်က သူ့ပုန်ကန်မှုသည် ပူတင်ကို ဖြုတ်ချဖို့ ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူ (Sergei Shoigu)၊ စစ်ဦးစီးချုပ် ဗာလာရီ ဂရာစိမော့ (Valery Gerasimov) တို့နှင့် ညှိနှိုင်းဖို့ ရယ်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အခု အကျပ်အတည်းကြောင့် ပူတင်သည် အားနည်း သွားနိုင်သလားဆိုသည့် မေးခွန်းကိုတော့ အသက် ၆၈ နှစ် အရွယ် ဘယ်လာရုစ်ခေါင်းဆောင်က ဖြေကြားခြင်း မရှိပေ။ 

ကြားဝင်စေ့စပ် ပေးသူများထဲမှာ ရုရှားဒုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ယူနပ်စ် ဘတ် ယဲ့ကူရော့ (Yunus Bek Yevkurov)နှင့် ဖက်ဒရယ်လုံခြုံရေးဌာန ဒါရိုက်တာ အလက်ဇန္ဒား ဘော့နီကော့ (Alexande Bortnikov)တို့လည်း ပါဝင်သည်ဟု လူကာရှန်ကိုက ပြောသည်။ 

ပရီဂိုဇင်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ 

Source: ရိုက်တာ