CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၃

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပါတီ ကော်မတီ အတွင်းရေးမှူး H.E.Mr. Wang Ning နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧပြီ ၃ ရက် နေ့က တွေ့ဆုံ၍ ဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ယူနန် ပြည်နယ်အကြား နှစ်ဖက် ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ကုန်သွယ်မှုလုပ်ငန်းများ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ယဉ် ကျေးမှု ဖလှယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း နစက ဘက်က ထုတ်ပြန်သွားသည်။

 ၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က ယူနန်ပြည်နယ် ပါတီ ကော်မတီ အတွင်းရေးမှူး H.E.Mr. Wang Ning နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

မြန်မာ-တရုတ်သည် နယ်နိမိတ် ထိစပ်မှု မိုင်ပေါင်း ၁၃၀၀ ကျော်ရှိပြီး နယ်စပ်ကုန်သွယ်ဂိတ်ပေါက် အနေဖြင့် ချင်းရွှေဟော်ဂိတ်၊ လွယ်ဂျယ်ဂိတ်၊ မူဆယ်ဂိတ်၊ ကန်ပိုက်တည်ဂိတ်၊ ပန်းဆိုင်(ကြူကုတ်)ဂိတ် တို့ရှိသည်။

လက်နက်ကိုင် အဖွဲ့များအနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၊ တအာင်း အမျိုးသား လွတ် မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့လှုပ်ရှား လျက်ရှိသည်။