CNI International News

ဘေဂျင်း၊ ဧပြီ ၃

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ (Yoshimasa Hayashi) သည် ဘေဂျင်းမြို့တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ကာ ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်ဟု Aljazeera သတင်းတွင် ဖော်ပြသည်။

ဟာယာရှီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း (Qin Gang) တို့၏ တနင်္ဂနွေနေ့ တွေ့ဆုံမှုသည် သုံးနှစ်ကျော် ကာလအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံးသော တရုတ်ခရီးစဉ်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ် သည်။

ဒေသတွင်း တင်းမာမှုများ မြင့်တက်လာချိန်တွင် အာရှအင်အားကြီး ပြိုင်ဘက် နှစ်နိုင်ငံကြား ဘုံသဘောတူညီချက် ထားရှိရန် ကြိုပမ်းနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်နိုင်ငံတွင် Astellas Pharma မှ ဝန်ထမ်းတစ်ဦး အမည်မသိ အကြောင်းပြချက်များဖြင့်  ထိန်းသိမ်းခံခဲ့ရ သည်ဟု ဆေးကုမ္ပဏီမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောခဲ့သည်။

ထိုင်ဝမ်-တရုတ်-ဂျပန် နယ်နိမိတ်ကိုတွေ့ရစဉ်

လက်ရှိတွင် တရုတ်၌ ဂျပန်နိုင်ငံသား ၅ ဦး ထိန်းသိမ်းခံထားရပြီး ယင်းတို့မှ နှစ်ဦးကို ရုံးတင်စစ်ဆေးကာ အပြစ်ရှိ ကြောင်း ချမှတ်ထားပြီး ဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဌာနက ပြောသည်။

ဘေဂျင်းတွင် ဂျပန်တစ်ဦး ထိန်းသိမ်းခံရခြင်းနှင့် ပတ်သတ်၍ ဆန့်ကျင် ကန့်ကွက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မြန် ပြန်လွှတ်ပေးရေး အပါအဝင် ထိုကိစ္စနှင့်ပတ်သက်၍ ဂျပန်၏ ခိုင်မာစွာ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်ဟု ဟာယာရှီက သတင်းထောက်များကို ပြောခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ တရုတ်ဘက်မှ ဥပဒေအတိုင်း ဆောင်သွားမည်ဟု ကျင်က တုန့်ပြန်ခဲ့ကြောင်း တွေ့ဆုံမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိန်းသိမ်းထားသူများနှင့် ပတ်သက်သည့် တရာစီရင်ရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင် သွားနိုင်ရန် ဂျပန်ဘက်က ကြိုးပမ်းနေကြောင်း ဟာယာရှီက ပြောခဲ့သည်။ ထို့နောက် စီးပွားရေးလုပ်ကိုင်ရန် လုံခြုံ၍ ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးအတွက်ပါ တရုတ်ကို တောင်းဆိုခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်သည့် တရုတ်၏ တုန့်ပြန်မှုကိုတော့ မသိရပေ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းကိုတွေ့ရစဉ်

ယခုကိစ္စများသည် တရုတ်အစိုးရဘက်မှ ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် ကြိုးပမ်နေးချိန်တွင် ပေါ်ပေါက် လာခြင်းကြောင့် အပြောနှင့် အလုပ် ကွဲပြားမှုများကို မြင်တွေ့ကြောင်း ဟာယာရှီက တွေ့ဆုံမှုတွင် ပြောခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဌာန၏ အရာရှိတစ်ဦးက ပြောသည်။

ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အရှေ့တရုတ် ပင်လယ်တွင် စစ်အင်အား စသည်တို့ အပါအဝင် မြင့်တက်လာ သော တရုတ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ဂျပန်၏ စိုးရိမ်မှုကိုလည်း အသိပေးခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ဟာယာရှီက ထိုင်ဝမ်ရေလက်ကြားတွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို သေချာစေရန်လည်း အရေးပါကြောင်း တရုတ်ဘက်ကို ပြောခဲ့သည်။

သို့သော် တရုတ်ဘက်က ထိုင်ဝမ်သည် တရုတ်၏ အကျိုးစီးပွားအတွက် အရေးပါကြောင်း အခိုင်အမာ ပြောကြား ခြင်းဖြင့် ထိုင်ဝမ်အရေးတွင် ဝင်ရောက် မစွက်ဖက်ရန် သို့မဟုတ် တရုတ်၏ အချုပ်အခြာ အာဏာကို မည်သည့် နည်းနှင့်မှ မထိခိုက်စေရန် ကျင်က သတိပေးခဲ့သည်။

ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ တင်းမာမှုများ ပေါ်ပေါက်လျက်ရှိသည်။ တရုတ်သည် ထိုင်ဝမ်အား ၎င်းတို့ပိုင် နယ် မြေအဖြစ် ကြေညာထားကာ လိုအပ်ပါက ထိုင်ဝမ်အား အင်အားသုံး သိမ်းပိုက်သွားမည်ဟုလည်း ကြေညာထား သည်။

သို့သော် ထိုင်ဝမ်ဘက်က တရုတ်၏ ပြောဆိုမှုများကို ငြင်းဆိုထားကာ ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်သားများက သာလျှင် ဆုံးဖြတ်ခွင့်ရှိသည်ဟု တုန့်ပြန်ထားသည်။

Source: Aljazeera