CNI International News

တိုင်ပေ၊ဖေဖော်ဝါရီ ၂

ထိုင်ဝမ်အရေးကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်-တရုတ် စစ်ပွဲပဋိပက္ခ ပေါ်ပေါက်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အမေရိကန်လေတပ် ဗိုလ်ချုပ်ကြီး မိုက် မီနီဟန် (Mike Minihan)က ပြောသည်။

တရုတ်လေတပ်၊ ရေတပ်တို့၏ လှုပ်ရှားမှုများကို တုန့်ပြန်ရန် ထိုင်ဝမ်အစိုးရက တိုက်လေယာဉ်များအား ပြင်ဆင် ထားပြီး ရေတပ်ကို တပ်လှန့်ထားကာ ဒုံးကျည်ကာကွယ်ရေးစနစ်များကို အသင့်ပြင်ခဲ့ရသည်ဟု အေပီသတင်း တွင် ဖော်ပြထားသည်။

ထိုင်ဝမ်ကို ခြိမ်းခြောက်ရန်၊ မတည်မငြိမ်ဖြစ်စေရန် တရုတ်၏ မဟာဗျူဟာ အစိတ်အပိုင်း တစ်ခုအဖြစ် တရုတ် စစ်တပ်က လေယာဉ် ၃၄ စင်း၊ စစ်သင်္ဘော ၉ စီးတို့ဖြင့် ထိုင်ဝမ်အနီးတွင် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

 ထိုင်ဝမ် စစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသို့ တပ်အင်အား အလုံအရင်းဖြင့် ရောက်ရှိလာခြင်းသည် ထိုင်ဝမ်ကို ပိတ်ဆို့ထားခြင်း သို့မဟုတ် စစ်ရေးအရ တိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်ရန် တရုတ်ဘက်က ပြင်ဆင်မှုများ ပြုလုပ်လာခြင်းဟု ထိုင်ဝမ်နှင့် အမေရိကန်ရှိ စစ်ဘက်ခေါင်းဆောင်များ၊ အစိုးရများနှင့် သံတမန်များကြားမှာ မှတ်ယူလာနေသည်။

ထိုင်ဝမ်အရေးအတွက် လာမည့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်-တရုတ် ပဋိပက္ခ ပေါ်ပေါက်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အမေရိကန်လေတပ် ဗိုလ်ချုပ်ကြီး မိုက် မီနီဟန် (Mike Minihan) က ပြီးခဲ့သည့်လတွင် ပြောခဲ့သည်။

ပူးတွဲစစ်ရေး လေ့ကျင့်မှု အကြီးအကဲဖြစ်သော မီနီဟန်သည် တရုတ်အစိုးရနှင့် ပတ်သက်၍ ကောင်းမွန်စွာ နားလည် သဘောပေါက် ထားခြင်းကြောင့် ၎င်း၏နုတ်ထွက်စကားက အမေရိကန်ဘက်တွင် ပြင်ဆင်မှုများကို အရှိန်မြင့် လာစေခဲ့သည်။

အင်္ဂါနေ့တွင် တရုတ်လေယာဉ် အစင်း ၂၀ သည် ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းကို ကျော်ခဲ့သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဌာနက ပြောသည်။ ထိုင်ဝမ်သည် ၁၉၄၉ ပြည်တွင်းစစ်တွင် တရုတ်မှ ခွဲထွက်ခဲ့ကာ ထိုမျဉ်းကို နှစ် နိုင်ငံကြား buffer zone အဖြစ် ကာလရှည် တရားမဝင် သတ်မှတ်ထားသည်။

 တရုတ်စစ်တပ်ကိုတွေ့ရစဉ်(GETTY IMAGES)

ထိုင်ဝမ်ကို ၎င်းတို့ပိုင်အဖြစ် တရုတ်ဘက်က ကြေညာထားပြီး လိုအပ်လျှင် အင်အားသုံး သိမ်းပိုက်မည်ဟု ပြော သည်။

သို့သော် ထိုင်ဝမ်ပြည်သူ အများစုက တရုတ်ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် လက်မခံကြ ပေ။ ထိုင်ဝမ်တပ်ဖွဲ့များသည် တရုတ်ဘက်မှ လှုပ်ရှားမှုများကို တုန့်ပြန်ရန် စောင့်ကြည့်နေသည်ဟု ကာကွယ်ရေး ဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ထိုကြေညာချက်သည် တရုတ်၏ ထုတ်ဖော်ပြောဆိုမှုများ အပြင် ရုရှားနှင့်ပူးပေါင်း ဆောင်ရွက်မှုများ မြင့်တက်လာ ခြင်းက အာရှဒေသအတွက်သာမက ဥရောပကိုပါ ခြိမ်းခြောက်မှု ဖြစ်စေသည်ဟု ဂျပန်တွင် ရောက်ရှိနေသော နေတိုး အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ဂျ်က ထုတ်ဖော် ပြောဆိုပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ် သည်။

Source: AP