CNI International News

မော်စကို၊ဇန်နဝါရီ ၁၇

ရုရှားကို တိုက်ခိုက်ရန်၊ အမေရိကန်၏ ပြိုင်ဘက် ဥရောပဒေသကို အားလျော့စေရန်တို့အတွက် ယူကရိန်းသည် အမေရိကန်နိုင်ငံ၏ အသုံးချခြင်းကို ခံနေရသည်ဟု ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗီယက်ချီစလဗ် ဗိုလိုဒင် (Vyacheslav Volodin)က အင်္ဂါနေ့တွင် ပြောခဲ့သည်ဟု တာ့စ်သတင်းဌာနတွင် ဖော်ပြထားသည်။

“ဇာတ်လမ်းတစ်ခုလုံး ပေါ်ထွက်လာခဲ့ပါပြီ။ ယူကရိန်းသည် အမေရိကန်၏ ဖွံဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေ သည်ဆိုသော ရှုထောင့်အရ ရုရှားကိုတိုက်ခိုက်ရန် အမေရိကန်နှင့် နေတိုးတို့၏ အသုံးချခြင်းကို ခံနေရပါသည်။ ထို့အပြင် ယူကရိန်းကို ဥရောပအား အားပျော့ သွားရေးအတွက်လည်း အသုံးချနေကြပါသည်။ ဥရောပကို အမေရိကန်၏ ပြိုင်ဘက်အဖြစ်မှ ဖယ်ရှားရန်အတွက် ဖြစ်ပါသည်။ သို့သော် ယင်းကို ဥပရောပနှင့် ဥရောပနိုင်ငံ များက သဘောမပေါက်ကျသေးကြောင်း” ဗိုလိုဒင်က ပြောသည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ် (GETTY IMAGES)

ရုရှားအောက်လွှတ်တော်၏ နွေဦးရာသီ ပထမဆုံး အစည်းအဝေးတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းက လက်ရှိအချိန်တွင် ယူကရိန်းရှိ ရုရှား၏ အထူးစစ်ဆင်ရေးသည် ရုရှားအတွက်တင် မဟုတ်ဘဲ တစ်ကမ္ဘာ လုံးနှင့် သက်ဆိုင်သော လုံခြုံရေးပြဿနာများအား ဖြေရှင်းပေးနေသည်ကို အားလုံးမြင်တွေ့နေကြပြီ ဖြစ်သည်ဟု လည်း ဆက်လက် ပြောဆိုခဲ့သည်။

ဥပဒေပြုလွှတ်တော် အမတ်များကို မိန့်ခွန်းပြောရာတွင် ဗိုလိုဒင်က “ကမ္ဘာတစ်ဝန်းလုံးရှိ ဟာမိုနီအား ထိန်းသိမ်း ရန် ကြိုးပမ်းရာ၌ အမေရိကန်က နေတိုး၏လက်နက်များကို စမ်းသပ်ရန် ယူကရိန်းအား စမ်းသပ်ကွင်းအဖြစ် သာမက စစ်ပွဲစတင်ရန် နည်းလမ်းများကို လေ့ကျင့်ရန်အတွက် အသုံးချနေကြောင်း၊ ထို့ကြောင့် အဆိုပါ စိန်ခေါ်မှု များ မည်မျှပြင်းထန်သည်နှင့် လုပ်ဆောင်မှုများ၏ ထိရောက်မှုကို မြှင့်တင်ရန် လိုအပ်သည်ကို နားလည်ရန် လိုအပ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

Source: တာ့စ်