CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၇

ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်နဲ့ပတ်သက်ပြီး လာလီဂါရဲ့ တိုက်ခိုက်မှုတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ လီဂူးဝမ်း ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။

ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ အကျိုးအမြတ် အများအပြားရမယ့် ၃ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာပါ။လာလီဂါ ဥက္ကဋ္ဌ တီဘတ်စ်က အဆိုပါ သဘော တူညီမှုဟာ ဘောလုံးလောကကို စော်ကားတာပဲလို့ ပြောခဲ့ပြီး လာလီဂါက ယူအီးအက်ဖ်အေနဲ့ အီးယူ တာဝန်ရှိ သူတွေကို တိုင်ကြားဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ လီဂူးဝမ်း ဥက္ကဋ္ဌ ဖြစ်သူက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ လာလီဂါဟာ လီဂူးဝမ်းအသင်းတွေထက် ကစားသမားတွေအတွက် ၃၂ ရာခိုင်နှုန်းပိုပြီး သုံးစွဲခဲ့တယ်လို့ ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့တာပါ။

လာလီဂါ ဥက္ကဋ္ဌ ထံ ပေးပို့ခဲ့တဲ့ စာမှာ ဗင်းဆန့် လာဘရူနီက “ခင်ဗျားရဲ့ ကလပ်နှစ်သင်းဖြစ်တဲ့ ရီးရယ်လ်နဲ့ ဘာစီလိုနာတို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စံချိန်ပေါင်းများစွာကို ချိုးဖျက်ခဲ့ပါတယ်။ပြောင်းရွှေ့ကြေးတွေအရရော ဒီကလပ် နှစ်သင်းဟာ ကမ္ဘာ့စံချိန်ကို ၆ ကြိမ်ချိုးပြီးပါပြီ။ကစားသမားလစာ အနေအထားမှာဆိုရင်လည်း ရီးရယ်လ်အသင်း ရဲ့ လက်ရှိလုပ်ခအများဆုံးကစားသမား ၂ ယောက်က အရန်ခုံပေါ်မှာ ထိုင်နေပါတယ်။အကြွေးတွေနဲ့ ပတ်သက်ရင် လည်း ဘာစီလိုနာမှာ ကြွေးမြီ ယူရို ၁.၅ ဘီလီယံရှိတယ်လို့ သိရကြောင်း ”ရေးသားခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆက်ဖာရင်ကလည်း ဘတ်ပီရဲ့ စာချုပ်သစ်နဲ့ပတ်သက်ပြီး “ ကျနော်တို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့သူ ဘယ်သူမဆို ပြိုင်ပွဲတွေမှာ ကစားဖို့ ကြိုဆိုသွားမှာပါ။ စည်းမျဉ်းမလိုက်နာ ရင်တော့ ပါဝင်လို့ရမှာမဟုတ်ပါဘူး။ရီးရယ်လ် ဒါမှမဟုတ် အခြားဘယ်သူ့ကိုမှ ယူအီးအက်ဖ်အေက ဘာလုပ်ရမလဲ ဆိုတာကို ပြောမှာမဟုတ်ပါဘူး။သူတို့တွေဟာ ရှုထောင့်တစ်ခုတည်းကို ကြည့်ပြီး ဒေါသထွက်နေကြတာပါ။ ကျနော်သိရသလောက်တော့ ရီးရယ်လ်ရဲ့ ကမ်းလှမ်းမှုကလည်း ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုနဲ့ ဆင်တူပါတယ်”လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ဘတ်ပီကတော့ စာချုပ်သစ်ကြောင့် ပီအက်စ်ဂျီအသင်းမှာ ၂၀၂၅ အထိ ဆက်ရှိတော့မှာပါ။ကစားသမား ကိုယ်တိုင်က ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ချင်တဲ့ အိမ်မက်တွေ မပြီးဆုံးသေးဘူးလို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောထားခဲ့တာဖြစ်ပါတယ်။

Source:BBC