CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းရဲ့ အသင်းကြီး ကစားသမားတွေနဲ့ လေ့ကျင့်မှု မပြုလုပ်ဘဲ ရောင်းချမယ့် ကစား သမား တွေနဲ့အတူ လေ့ကျင့်မှု ပြုလုပ်နေတာကြောင့် ပြင်သစ်လီဂူးဝမ်း အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘတ်ပီကို အရောင်းစာရင်း တင်ထားပြီး ကလပ်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် လူစာရင်းကနေ ချန်လှပ်ခဲ့တာပါ။

ဒါ့အပြင် ပြင်သစ်ကလပ်ဟာ ဘတ်ပီကို ပထမအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ပိတ်ပင်ထားတာကြောင့် ဘတ်ပီ ဟာ အသင်းကြီး ကစားသမားတွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ RMC Sport က ဖော်ပြခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းရဲ့ လီဂူးဝမ်း အဖွင့်ပွဲစဉ်ဖြစ်တဲ့ လောရီးယန့်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ပြင်သစ်သတင်းတွေက ဖော်ပြထားတာပါ။

ဘတ်ပီ လေ့ကျင့်ခန်းဆင်းနေစဉ်

လက်ရှိအချိန်မှာ ဘတ်ပီနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ စာချုပ်ကိစ္စအတွက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး ကစားသမားဟာ လာမယ့်ပွဲတွေမှာလည်း အသင်းအတွက် ပါဝင်ပေးနိုင်ဖို့ မသေချာပါဘူး။

ပြင်သစ်အသင်း ခေါင်းဆောင်ဟာ စာချုပ်ကုန်ဆုံးတဲ့ အချိန်အထိ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိကာ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် အခုအပြောင်းအရွှေ့မှာ ဒီအခြေအနေကို ဖြေရှင်းဖို့ စိတ်အားထက်သန်နေတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် ကစားသမားဘက်က ဆော်ဒီကလပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါ တယ်။

ဒါ့အပြင် ပြင်သစ်ကလပ်ဟာ ဘတ်ပီကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေထံ အငှားချပြီး အငှားကြေးရယူဖို့ စဉ်းစားမှုတွေ ရှိလည်း ရှိနေတာပါ။

ပီအက်စ်ဂျီအသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင်ဖြစ်တဲ့ ဘတ်ပီဟာ စာချုပ်ကုန်ဆုံးချိန်မှာ စပိန်ကလပ် ရီးရယ်လ် အသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောထားတာ ဖြစ်ပါတယ်။

Source: Goal