CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ နောက်ဆုံး အပြိုင်အဆိုင်ဖြစ်နေတဲ့ အစုအဖွဲ့(၃)ခုကို ပေါင်သန်း ၅၀၀ ထပ်မံပေးဖို့ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

အေဘရာမိုဗစ်ချ် ဆီကနေ ချယ်လ်ဆီးကို ဝယ်ယူဖို့အတွက် လီဗာပူးလ်ဥက္ကဋ္ဌဟောင်း ဆာမာတင်ဘရော်တန် ဦးဆောင်တဲ့ လုပ်ငန်းစု၊ တောဒ့်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့နဲ့ ဘော်စတန်ဆဲလ်တစ်ကို ပူးတွဲပိုင်ဆိုင်တဲ့ အစုအဖွဲ့တို့က ဦးဆောင်နေ တာပါ။

ချယ်လ်ဆီးအသင်း အရောင်းအဝယ်ဖြစ်ဖို့ လုပ်ဆောင်နေတဲ့ Raine အုပ်စုကတော့ ဒီတစ်ပတ်ထဲမှာပဲ ဦးစားပေး ရောင်းချမယ့် သူကို ကြေညာသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ်ကတော့ ချယ်လ်ဆီးကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ဒီအစုအဖွဲ့(၃)ခုကို ပေါင်သန်း ၅၀၀ ထပ်မံပေးဖို့ တောင်းဆို ထားတယ်လို့ Sky News က ဖော်ပြထားတာပါ။

ရုရှားဘီလျံနာဟာ ဒီငွေကြေးကို လှူဒါန်းချင်နေတယ်လို့ သိရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီး အသင်းကို ရောင်း ချပြီးတာနဲ့ ပရဟိတ လုပ်ငန်းတွေအတွက် ပေါင် ၁ ဘီလီယံ လှူဒါန်းဖို့ လျာထားကြောင်း သူနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

ချယ်လ်ဆီးအသင်း(Chelsea Football)

အဆိုပါ လုပ်ငန်းစု (၃)စုကတော့ အေဘရာမိုဗစ်ချ်ရဲ့ တောင်းဆိုချက်အသစ်ကို သဘောတူဖို့ ဆန္ဒရှိတယ်လို့ Sky News က ဖော်ပြထားပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ဗြိတိန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံရပြီးနောက် ချယ်လ်ဆီးအသင်းကို ရောင်းချလို့ရတဲ့ ငွေတွေကို လက်ခံရရှိမှာ မဟုတ်ပါဘူး။ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ကတော့ ပရဟိတလုပ်ငန်းတွေအတွက် စုစုပေါင်း ပေါင် ၂.၅ ဘီလီယံ လှူဒါန်းဖို့ ရည်မှန်းထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ချယ်လ်ဆီးနည်းပြ တူချယ်လ်က လာမယ့်ရာသီအတွက် အစီအစဉ်တွေ ပြုလုပ်နိုင်ဖို့ ကလပ်အသင်း ပိုင်ရှင်အသစ် အမြန်ဆုံး ရဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ပိတ်ဆို့မှုတွေကြောင့် နောက်ခံလူ ရူဒီဂါကို ရာသီအကုန် မှာ လက်လွှတ်ရတော့မှာ ဖြစ်သလို ခရစ္စတန်ဆန်နဲ့ အက်စ်ပီလီကွီတာ တို့ကိုလည်း ဆုံးရှုံးရဖွယ် ရှိနေတာပါ။

တူချယ်လ်က “ကျနော့်အတွက် အဓိက အချက်ကတော့ ဆယ်စုနှစ် တစ်ခုကျော်က သွင်းထားတဲ့ ပြိုင်ဆိုင်မှု စိတ်ဓါတ်ကို ကလပ်ထဲမှာ အနည်းဆုံး တည်ဆောက်ထားနိုင်ဖို့ပါပဲ။ အနည်းငယ်တော့ စိုးရိမ်စရာရှိပြီး ဒါကို ကျော်ဖြတ် နိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာ ဖြစ်ပါတယ်။

Source: Metro