CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇

ရော်နယ်ဒိုဟာ နော်ဝစ်ခ်ျ အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဟတ်ထရစ်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာတုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက် အလက်အရ အပိုဆု ကြေး ပေါင်(၈)သိန်းခွဲ ရရှိသွားတာပါ။ ရော်နယ်ဒိုဟာ နော်ဝစ်ခ်ျနဲ့ပွဲက ဟတ်ထရစ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တစ်ရာသီသွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့ပါတယ်။

စာချုပ်အရ ရော်နယ်ဒိုဟာ တစ်ရာသီအတွင်း သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်မယ်ဆိုရင် အပိုဆုကြေး ပေါင် ၇ သိန်းခွဲ ရရှိမှာပါ။ ဒီသွင်းဂိုး ပမာဏကို ကျော်လွန်းပြီး သွင်းတဲ့သွင်းဂိုးတိုင်းကို ပေါင် ၁ သိန်း ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ပေါင် ၈ သိန်းခွဲအထိ ရရှိခဲ့တာပါ။

ရော်နယ်ဒို ဂိုးသွင်းပြီး အောင်ပွဲခံနေစဉ်(Twitter)

ရော်နယ်ဒို အနေနဲ့ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့မယ်ဆိုရင် အပိုဆုကြေး ပေါင် ၁ သန်း ထပ်မံရရှိမှာဖြစ်ပြီး ရရှိဖို့လည်း သေချာနေတာ ဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ နောက်ထပ် ၉ ဂိုး သွင်း ယူပြီး တစ်ရာသီသွင်းဂိုး ၃၀ ပြည့်ခဲ့မယ်ဆိုရင် အပိုဆုကြေး စုစုပေါင်း ပေါင် ၂.၇၅ သန်းကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ဟတ်ထရစ်ဂိုး  ရယူနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝ အကြိမ်(၆၀)မြောက် ဟတ်ထရစ်လည်း ဖြစ်ပါတယ်။

Source: Metro