CNI News

တိုကျို၊ ဇူလိုင် ၂၄

တိုကျို အိုလံပစ်ပွဲတော်ရဲ့ အမျိုးသားအိုလံပစ် ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၂ ရက်က စတင်ကျင်းပခဲ့တာမှာ ဘောလုံးအားကစားရဲ့ထုံးစံအတိုင်း ပရိသတ်စိတ်ဝင်စား အခံရဆုံး အလားအလာရှိတဲ့ ကမ္ဘာ့အဆင့် ယှဉ်ပြိုင် နိုင်ခြေ ရှိလာနိုင်တဲ့ အသင်းတွေအကြောင်း ဒေးလီးမေးလ်ဝက်ဘ်ဆိုက်က သတင်းတင်ဆက် ထားပါတယ်။

ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အသင်းတွေထဲမှာ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နဲ့နောက်ပိုင်း မွေးဖွားခဲ့သူ ဘောလုံးသမား ၃ ဦးသာ တင်းကျပ်တဲ့ အသက်အကန့်အသတ်နဲ့ အိုလံပစ်ဘောလုံးပြိုင်ပွဲ ဝင်နိုင်ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း လူငယ်ခြေစွမ်းကိုလည်း ဒီပွဲမှာ ဖော်ထုတ်ပြသကြဖို့ အားသန်နေကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဥရောပဘောလုံးပြိုင်ပွဲကြီးတုန်းက အငြင်းပွားမှုတချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် အခု အိုလံပစ် ပြိုင်ပွဲမှာပါခဲ့ကြတဲ့ ဘောလုံးအားကစားသမားတွေရဲ့ အသင်းတွေနဲ့ တစ်ဦးချင်း နာမည်တွေကို အတိအကျ သိရှိ ခွင့် မရခဲ့ပါဘူးလို့ ဒေးလီးမေးလ်အွန်လိုင်းသတင်းက ရေးသားဖော်ပြထားပါတယ်။ အခု အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ အသင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စု ၄ စု ခွဲခြားပေးထားပါတယ်။

အုပ်စုနှစ်စုဆီက ထိပ်တန်းအောင်ပွဲခံ အသင်းနှစ်သင်းကနေ ကွာတားဖိုင်နယ် တက်ရောက်ကြမှာဖြစ်ပါတယ်။ ရွှေတံဆိပ် ဆွတ်ခူးရရှိမယ့် ဖိုင်နယ် ဗိုလ်လုပွဲကို ဂျပန်နိုင်ငံ၊ ယိုကိုဟားမား အားကစားကွင်းထဲတွင် လာမယ့် ဩဂုတ်လ ၇ ရက်ကျရင် ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၆ တုန်းက အိမ်ကွင်းမှာ အောင်ပွဲခံခဲ့တဲ့ ဘရာဇီးလ် အားကစား သမားတွေဟာ ဒီနှစ် အိုလံပစ်မှာလည်း တဖန် ရေပန်းစားလို့ နေပါတယ်။

တခြား ကမ္ဘာ့အကျော်အမော် အသင်းကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီတို့ အသင်းတွေ လည်း ခြေစွမ်းပြ ကစားသွားကြမယ်လို့ မျှော်လင့်ရပါတယ်။ အိမ်ကွင်းအဖြစ် ကစားကြမယ့် ဂျပန်ဘောလုံးသမား တွေကတော့ ပရိသတ်အားပေးမှု အနီးကပ်ရှိနေမှာ ဖြစ်တာကြောင့် တခြားအသင်းတွေထက် စိတ်အား တက်ကြွ နေကြတာလည်း အမှန်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အိုင်ဗရီကို့စ်၊ မက္ကစီကို အသင်းတွေကလည်း အိုလံပစ် ဆုတံဆိပ် တွေ အသီးသီး မျှော်မှန်းထားကြပါတယ်။

Source: Daily Mail

https://www.dailymail.co.uk/sport/olympics/article-9600563/Man-United-wonderkid-Europes-young-talent-10-young-stars-watch-Olympics.html?fbclid=IwAR2rDXZCqyDC4ZfklZIllsLRpAUg3d07FlW9Lz-vZhM_eT9bnFx0V5PfJ18