CNI News

တိုကျို၊ ဇူလိုင် ၂၄

တရုတ်နိုင်ငံမှ ယန်ကွမ်အမည်ရှိ အားကစားမယ်ဟာ ဇူလိုင်လ ၂၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲတော်ရဲ့ အမျိုးသမီး ၁၀ မီတာ ရိုင်ဖယ် သေနတ်ပစ်ပြိုင်ပွဲမှာ ပထမဆုဆွတ်ခူးပြီး ရွှေတံဆိပ်ဆု ရရှိခဲ့တယ်လို့ CNA သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီပြိုင်ပွဲမှာ ငွေတံဆိပ် ဒုတိယဆုကို ရုရှားအားကစားမယ် ‘အနာစတာဆိုင်ရာ ဂလာရှီးနာ’ က ရရှိခဲ့ပြီး ကြေးတံဆိပ် တတိယဆုကိုတော့ ဆွစ်ဇာလန်အားကစားမယ် နီနာခရစ္စတင် က ဆွတ်ခူးသွားခဲ့ပါတယ်။

ပြိုင်ပွဲမှာ ရုရှားအားကစားမယ် အနာစတာဆိုင်ရာက ရွှေတံဆိပ်ဆုရဖို့ အစပိုင်းမှာ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပြိုင်ပွဲပြီးခါနီးကျတော့ ဖိအားတချို့ကြောင့် လွဲချော်သွားခဲ့ရပါတယ်။ အဲဒါကြောင့် စုစုပေါင်း ၂၅၁ ဒသမ ၁ အတွက် အနိမ့်ရမှတ် ၈ ဒသမ ၉ သာ ရရှိပြီး ငွေတံဆိပ်ပဲ ချိတ်နိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်အားကစားမယ် ‘ယန်ကွမ်’ ကတော့ အိုလံပစ်စံချိန် ၂၅၁ ဒသမ ၈ ကို ရယူဖို့ အမြင့်ဆုံးရမှတ် ၉ ဒသမ ၈ ပစ်ခတ်နိုင်ခဲ့တဲ့အတွက် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နော်ဝေ အားကစားမယ် ဂျင်းနက်ဟက်ဒက်စတက်က အိုလံပစ်စံချိန် ၆၃၂ ဒသမ ၉ အထိ စံချိန်တင်နိုင်ခဲ့ပေမယ့် ဆုတံဆိပ်တွေနဲ့ ဝေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို ကိုဗစ်-၁၉ မပြီးဆုံးသေးတဲ့ကာလမှာ ကျင်းပရတာမို့ အားကစားရုံတစ်ခုလုံး အားပေးကြည့်ရှုသူ ခပ်နည်းနည်းနဲ့ပဲ ကျင်းပခဲ့ရပါတယ်။ ဆုပေးပွဲမှာ တရုတ်အားကစားမယ် ‘ယန်ကွမ်’ ကို နိုင်ငံတကာ အိုလံပစ် ကော်မတီဥက္ကဋ္ဌ သောမတ်ဘာ့ချ်က ပထမဆုံးဆု ရွှေတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ယခုကျင်းပနေဆဲ အိုလံပစ်ပွဲတော်မှာ အားကစားပြိုင်ပွဲအသီးသီး ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ကျင်းပ ပေးခဲ့ပြီး ပထမဆုရှင် ‘ယန်ကွမ်’ ကို ဂုဏ်ပြုတာမှာ တရုတ်နိုင်ငံသား အနည်းငယ်သာ ပါရှိတာကို တွေ့ရကြောင်း CNA သတင်းဌာနက ထုတ်လွှင့်သွားခဲ့ပါတယ်။

Source: CAN