CNI News

တိုကျိုဇူလိုင် ၂၅

Covid-19 ကြောင့် မနှစ်က မကျင်းပဖြစ်ဘဲ ရွေ့ဆိုင်းခဲ့ရတဲ့ တိုကျိုအိုလံပစ်ပွဲတော်ဟာ အခုဆိုရင် ကပ်ရောဂါ ဖိစီးမှု အကျပ်အတည်းကြားကပဲ အထမြောက်အောင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်တယ်လို့ စီအင်န်အင်န်ရုပ်သံသတင်းက ဒီကနေ့ ထုတ်လွှင့် ခဲ့ပါတယ်။

Covid-19 စည်းမျဉ်းစည်းကမ်းတွေနဲ့ တင်းကျပ်စွာ ကန့်သတ်ထားတဲ့ရတဲ့ အရင့်အရင်က တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပြိုင်ပွဲကျင်းပ ပုံ၊ ကျင်းပနည်းများကိုလည်း အခုပွဲတော်မှာ မြင်တွေ့ ကြရမှာပါ။

ဇူလိုင်လ ၂၃ ရက်၊ သောကြာနေ့ဖွင့်ပွဲအခမ်းအနားအပြီးမှာ အိုလံပစ်ပွဲတော်ထဲတွင် ထည့်သွင်းထားတဲ့ အားကစားနည်း အလိုက် ပြိုင်ပွဲများကို စတင်လိုက်ပြီဖြစ်ပါတယ်။ ပွဲတော် မစတင်မီကပဲ Covid-19 ကြားကနေ အိုလံပစ်ကို ဘယ်လို ပုံဖော် ကျင်းပကြမလဲဆိုတဲ့ မေးခွန်းတွေကို ထပ်တလဲလဲ ကျော်လွှားဖြေဆိုပြီး အခုလို စတင်ကျင်းပနိုင်ခဲ့တာပါ။

တစ်နှစ်နောက်ကျပြီး ကျင်းပခဲ့ရပေမယ့် တိုကျို ၂၀၂၀ လို့ပဲ နာမည်ပေးထားတဲ့ ဒီပွဲတော်မှာ နိုင်ငံပေါင်း ၂၀၀ ကျော်ကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမားပေါင်း တစ်သောင်းတစ်ထောင်ခန့်ကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအားကစားသမားတွေ တည်းခိုရေးအတွက် ကပ်ရောဂါဘေးကနေ ကင်းဝေး စေဖို့ အစီအမံတွေနဲ့ ပြင်ဆင်ထားတဲ့ အဆောက်အဦ ၂၁ ခုကို ဂျပန်အစိုးရက နေရာချထားပေးပါတယ်။

ပုံ- အိုလံပစ်ပွဲတော်မှာ ကိုဗစ်-၁၉ စည်းကမ်းများဖြင့် လေ့ကျင့်နေကြရ(CNN)

အဲဒီလို ပြင်ဆင်ထားတာတောင်မှ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နဲ့ ဒေသဆိုင်ရာ စည်းရုံးရေးကော်မတီအတွက် ကြီးလေးတဲ့ အထောက်အပံ့တွေနဲ့ သယ်ယူပို့ဆောင်ရေး စီစဉ်ပေးဖို့ တော်တော်လေး စိတ်ပင်ပန်းခဲ့ကြတယ်လို့ စီအင်န်အင်န် သတင်းက ရေးသားထားပါတယ်။

ဒါ့အပြင် အိမ်ရှင်ဖြစ်ကြတဲ့ ဂျပန်ပြည်သူတွေကြားမှာ အိုလံပစ်ပွဲတော်နဲ့အတူ Covid-19 ဂယက်ဒဏ် ခံနိုင်ရည်ရှိအောင် ဖန်တီး ပြင်ဆင်ရပါသေးတယ်။

“မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်စောင်မှာ ဂျပန်လူမျိုး ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းဟာ အခုလို လူစုလူဝေးနဲ့ ပွဲလုပ်ဖို့ ဆန့်ကျင်နေတယ်ဆိုတာ ပြသခဲ့ကြ တယ်” လို့ ဂျပန်နိုင်ငံ၊ ကန်ဆိုင်းတက္ကသိုလ်မှ အားကစားရေးရာ ပါမောက္ခ ဆာတိုကိုအီတနီက သုံးသပ်ပြောကြားပါတယ်။

“သူတို့ အဓိက စိုးရိမ်နေတာ Covid-19 ပါ။ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ပြည်တွင်းစည်းရုံရေးကော်မတီတို့ဟာ သူတို့ရဲ့ ဘဝနဲ့ အသက်အိုးအိမ်စည်းစိမ်ကို မထောက်ထား မညှာတာရာကျကြောင်း တုံ့ပြန်ကြပါတယ်” လို့ ၎င်းက ဆက်လက် ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ စီအင်န်အင်န် အားကစားသတင်း ကဏ္ဍကနေ နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်ဘာ့ချ်ကို မေးမြန်းခဲ့ရာမှာ ၎င်းက “ပွဲစီစဉ်သူတွေရဲ့ တင်းကျပ်တဲ့ Covid-19 အစီအမံ များကို ဂျပန်လူထုအနေနဲ့ ယုံကြည်မှု ရှိစေချင်ပါတယ်။ အားကစားပွဲတော် ကျင်းပပေးခြင်းဖြင့် လူသားအချင်းချင်း အတူ တကွ နေထိုင်တတ်ဖို့ အထူးအဓိပ္ပါယ်ရှိပါတယ်” လို့ ဖြေကြားခဲ့သည်။

Source: CNN

#တိုကျို #အိုလံပစ်ပွဲတော် #ကျန်းမာရေးနဲ့အညီကျင်းပ #အားကစားသမားများ #လေ့ကျင့်ခန်း #ရုန်းကန်နေရ #ဂျပန် #နိုင်ငံတကာ #အားကစား #ကိုဗစ်၁၉ #ကျန်းမာရေး #CNImyanmar #cninews