CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉

လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အတ္တလန်တာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ပထမအကျော့က ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ အတ္တလန်တာအသင်းကို တစ်ပွဲလုံးဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာကတည်းက ဆာလက်က ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိတာပါ။ 

ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်မှာ အတ္တလန်တာအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အတ္တလန်တာအသင်း အနိုင်ရပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလော့ပ်ကို ဆုဖလား ၄ လုံး ရယူပေးပြီး နှုတ်ဆက်ဖို့ ရည်မှန်းထားပေမယ့် ကာရာဘောင်းဖလား တစ်လုံးသာ ရယူထားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ရယူဖို့လည်း သေချာမှုမရှိတာပါ။ 

ကလော့ပ်ဟာ လီဗာပူးလ်အသင်း နည်းပြဘဝမှာ ယူရိုပါလိဂ်ဖလားက လွဲပြီး ဆုဖလားအားလုံး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အတ္တလန်တာအသင်းအပြင် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို ရိုးမား၊ လေဗာကူဆင်နဲ့ မာဆေးလ်အသင်းတို့လည်း တက်နိုင်ခဲ့တာပါ။ 

အဲဒါကြောင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် မာဆေးလ်နဲ့ အတ္တလန်တာ၊ ရိုးမားနဲ့လေဗာကူဆင် အသင်းတို့ လာမယ့် မေလထဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC