CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂

ပြီးခဲ့ရက်ပိုင်းက ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ဗာရန်းဟာ ရက်သတ္တပတ်အနည်းငယ်အနားယူရမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြု ခဲ့ပါတယ်။

ဗာရန်းဟာ ချယ်လ်ဆီးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။ 

ယူနိုက်တက်အသင်းကတော့ ဗာရန်းဟာ ဧပြီလအတွင်း ကစားမယ့် ပွဲတွေမှာ ပါဝင်နိုင်ဖို့ မရှိပေမယ့် မေလမှာပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ အတည်ပြုထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ကစားဖို့ (၇)ပွဲသာ ကျန်ရှိတော့သလို FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကိုဗင်ထရီအသင်းနဲ့ ကစားရဖို့ ရှိနေတာပါ။

 ဗာရန်းနဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ် ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ချက်စတာကလပ်ကတော့ သူ့ကို လက်ရှိပေးချေနေရတဲ့ လုပ်ခလစာ ထက်လျော့နည်းပြီး စာချုပ်သစ်ကမ်းလှမ်းဖို့ ရှိနေတာဖြစ်ပါတယ်။

သတင်းတွေမှာတော့ ဗာရန်းဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်မှာမဟုတ်ဘဲ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖော်ပြထားတာပါ။ ဗာရန်းအပြင် ဒဏ်ရာရရှိနေတဲ့ နောက်ခံလူ ဂျွန်နီအီဗန်စ်လည်း ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။

 ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ‌သူတို့ နှစ်ဦးအပြင် နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်စ်၊လင်ဒီလော့ဖ်၊မာလာစီယာနဲ့ လုပ်ခ်ရှောတို့ကို ဒဏ်ရာတွေကြောင့် အနားပေးထားရတာပါ။

ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်လိုပဲ မက်ဂွဲယားနဲ့ လူငယ်နောက်ခံလူ ကမ်ဘွာလာတို့ကို တွဲဖက်အသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။

Source:Metro